• +95 (0)9 425 705 270
  • info@cdes.org.mm

အစိုးရနှင့် KIO၊ RCSS/SSA ခေါင်းဆောင်များ ထိုင်းနိုင်ငံ၌ သီးခြားစီတွေ့ဆုံဆွေးနွေး။

KIO အဖွဲ့ NCA တွင်ပါဝင်လာရေးနှင့် ပဋိပက္ခလျှော့ချရေး အဓိက ဆွေးနွေးဟုဆို
အစိုးရငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လက်နက်ကိုင်အဖွဲ့(KIO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လဦးဆောင် သည့်အဖွဲ့၊ ရှမ်းလက်နက်ကိုင်အဖွဲ့(RCSS/SSA)ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက်ဆစ်ဦးဆောင်သည့်အဖွဲ့တို့ ဇူလိုင် ၂၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်၌ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။

အစိုးရကိုယ်စားလှယ်အဖွဲ့ တွင် ငြိမ်းချမ်းရေးကော်မရှင်အ တွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ကော်မရှင်အ ကြံပေးဦးလှမောင်ရွှေ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူး ချုပ်ဦးဇော်ဌေးနှင့် တပ်မတော် ကိုယ်စားလှယ်တစ်ဦးတို့ပါဝင် ကြောင်း ချင်းမိုင်အခြေစိုက်သ တင်းဌာနအချို့တွင် ဖော်ပြထား သည်။

အစိုးရကိုယ်စားလှယ်အဖွဲ့ နှင့် KIO ဥက္ကဋ္ဌတွေ့ဆုံစဉ်က KIO/KIA အဖွဲ့ NCA လမ်း ကြောင်းတွင် ပါဝင်လာရေးအဓိကထားဆွေးနွေးဖွယ်ရှိကြောင်း တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ် သည်။

‘‘KIA နဲ့မနက်ပိုင်းသီးသန့် တွေ့တယ်။ RCSS နဲ့လည်း သီး သန့်တွေ့တယ်။ KIA နဲ့ကတော့ ဒီ NCA ထိုးရေးတို့၊ မြောက်ပိုင်း ခုနစ်ဖွဲ့ပါလာရေးတို့ဆွေးနွေး မယ်လို့ ယူဆရပါတယ်။ RCSS နဲ့ပတ်သက်လို့ကတော့ လော လောဆယ် တိုက်ပွဲဖြစ်ပွားနေတာ တွေကို လျှော့ချဖို့လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် JMC (ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ) က ပါသွားတယ်လို့ ကြားပါ တယ်’’ ဟု ဦးမောင်မောင်စိုးက ပြောသည်။

ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး နှစ်ဖက်တာဝန်ရှိသူများထံဆက် သွယ်ခဲ့ရာ အလွတ်သဘောဆွေး နွေးမှုဖြစ်၍ အသေးစိတ်ဖြေဆိုနိုင် ခြင်းမရှိသေးဟု ပြောသည်။

KIO/KIA ကိုယ်စားလှယ် ဗိုလ်ချုပ်ဂွန်မော်သည် အခြား မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ များနှင့်အတူ ဇူလိုင်ဒုတိယပတ်က နေပြည်တော်၌ ကျင်းပသည့် ၂၁ ရာစုပင်လုံတတိယအစည်းအ ဝေးသို့ တက်ရောက်ခဲ့သည်။ ထို စဉ်က ဗိုလ်ချုပ်ဂွန်မော်သည် နိုင် ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်တို့နှင့် သီး ခြားစီတွေ့ဆုံခဲ့ပြီး ဆွေးနွေးညှိ နှိုင်းမှုများ ဆက်လက်ပြုလုပ်ရန် သဘောတူခဲ့သည်။ညီလာခံအပြီး လေးရက်အကြာတွင် ယခုကဲ့သို့ အစိုးရနှင့် KIO ဥက္ကဋ္ဌဦးဆောင် သည့်အဖွဲ့ တွေ့ဆုံခဲ့ခြင်းဖြစ် သည်။

ထို့အပြင် ငြိမ်းချမ်းရေးကော် မရှင်တာဝန်ရှိသူများသည် RCSS ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံစဉ် တပ်မတော်နှင့်RCSS အကြား ပဋိပက္ခလျှော့ချနိုင်ရေး ယခင်သဘောတူညီချက်များအ ပေါ် ပြန်လည်ညှိနှိုင်းရန်ကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နှစ် ဖက်စလုံးနှင့်နီးစပ်သည့် ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

Share:

Tags: အစိုးရနှင့်,KIO၊,RCSS/SSA,ခေါင်းဆောင်များ,ထိုင်းနိုင်ငံ၌,သီးခြားစီတွေ့ဆုံဆွေးနွေး။

Author : Administrator
Comments
Leave a Comment