• +95 (0)9 425 705 270
  • info@cdes.org.mm

အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ ကူမင်းဆွေးနွေးပွဲ ရလဒ်ကောင်းဟု TNLA ပြော။

အစိုးရနှင့်တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA)မြောက် ပိုင်းလက်နက်ကိုင်သုံးဖွဲ့မှ ကိုယ် စားလှယ်များ စက်တင်ဘာ ၅ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးရာ ပိတ်ဆို့နေ သော တွေ့ဆုံဆွေးနွေးရေးလမ်း ပွင့်စေနိုင်သည့် ရလဒ်ကောင်းများ ရရှိခဲ့သည်ဟုTNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ်တာ ဘုန်းကျော်က ပြောသည်။

နှစ်နာရီခန့်ကြာမြင့်သည့် အ ဆိုပါဆွေးနွေးပွဲသို့ အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင်ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကော်မရှင်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင် ဇော်ဦး(ငြိမ်း)တို့ တက်ရောက်ပြီး TNLA မှ ဗိုလ်မှူးချုပ်တာဘုန်း ကျော်၊ ဗိုလ်မှူးမိုင်းအိုက်ကျော်၊ AA မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက် တာညိုထွန်းအောင်နှင့် MNDAA မှ ဒုတိယစစ်ဦးစီးချုပ်တို့ တက် ရောက်သည်။

‘‘ရလဒ်အနေနဲ့ကတော့ အ ပြုသဘောဆောင်တဲ့ရလဒ်တွေ ထွက်တယ်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့တိကျတဲ့ရလဒ်တစ်နှစ်သုံး ဆိုတာမျိုးမရှိပါဘူး။ အပြုသ ဘောဆောင်တဲ့ရလဒ်ဆိုတာက ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ လိုတယ်။ လာမယ့်အောက်တို ဘာကျရင် တစ်ခေါက်ထပ်တွေ့ ဆုံမယ်’’ ဟု ဗိုလ်မှူးချုပ်တာဘုန်း ကျော်က ပြောသည်။

ဆွေးနွေးပွဲတွင် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ဆိုင်ရာ ကိစ္စ၊ ရှမ်းပြည်မြောက်ပိုင်းဒေသ ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်လျှော့ချနိုင်ရေးကိစ္စများ ဆွေးနွေးခဲ့သော်လည်း အသေး စိတ်ကို လတ်တလောသတင်း ထုတ်ပြန်မည်မဟုတ်သေးဟု ၎င်း ကဆိုသည်။

ဆွေးနွေးပွဲ ရလဒ်များကို သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင် များထံ တင်ပြမည်ဟုလည်း ဗိုလ်မှူးချုပ်တာဘုန်းကျော်က ပြောသည်။

‘‘တစ်ဆို့ပိတ်ဆို့နေတဲ့ တွေ့ ဆုံဆွေးနွေးရေးလမ်းပွင့်သွားဖို့အ တွက်တော့ ဒီနေ့တွေ့ဆုံဆွေးနွေး ပွဲက ကောင်းတဲ့၊ အပြုသဘော ဆောင်တဲ့တွေ့ဆုံဆွေးနွေးပွဲဖြစ် တယ်လို့ ပြောလို့ရပါတယ်’’ ဟု ၎င်းကဆိုသည်။

နှစ်ဖက်အဖွဲ့အစည်းများအ ကြား ဆွေးနွေးပွဲများဆက်တိုက် ပြုလုပ်နိုင်ပြီး မှန်ကန်သည့်သ ဘောထားဖြင့် ဆွေးနွေးပါက ငြိမ်းချမ်းရေးအတွက် တိုးတက်မှု များရှိနိုင်သည်ဟု တာဘုန်းကျော် က ပြောသည်။

ယခုငြိမ်းချမ်းရေးကော်မရှင် နှင့် မြောက်ပိုင်းလက်နက်ကိုင်သုံး ဖွဲ့တွေ့ဆုံပွဲသို့ ‘၀’လက်နက်ကိုင် အဖွဲ့ (UWSA)နှင့်ကချင်လက် နက်ကိုင်အဖွဲ့ (KIA)တို့မှ ကိုယ် စားလှယ်များ အသိသက်သေအ ဖြစ် တက်ရောက်ခဲ့သည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ သည် ၂၀၁၆ က မိုင်းလားဒေသ၌ တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း တိုင်းရင်းသားအရေးလေ့လာသူဦးမောင်မောင်စိုးက ပြောသည်။ တွေ့ဆုံဆွေးနွေးမှုများအချိန် မခြားဘဲ အကြိမ်ကြိမ်ပြုလုပ်ရန်လိုအပ်သည်ဟု ၎င်းက ဆိုသည်။

‘‘အကြိမ်ကြိမ်ထပ်တွေ့ပြီး ညှိနှိုင်းမယ်ဆိုရင်တော့ အဖြေ တစ်ခုကို ရှာလို့ရမယ်လို့ထင်ပါ တယ်။ သိပ်အချိန်မကြာစေဘဲ ဆက်တိုက်လုပ်ဖို့တော့ လိုအပ် ပါတယ်။ ဒါမှ ရလဒ်ကောင်းထွက် နိုင်မှာပါ’’ ဟု ၎င်းကပြောသည်။

TNLA, MNDAA နှင့် AA တို့ သည် ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)ဦးဆောင်သည့် ပြည် ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်း ရေးကော်မတီ (FPNCC)အဖွဲ့ဝင် များဖြစ်သည်။ FPNCC ကို ‘၀’အ ဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIO)၊ ရှမ်းအဖွဲ့ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ တအာင်းအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့(AA)တို့ဖြင့် ဖွဲ့စည်း ထားသည်။

ယင်းမြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့သည် ပြီးခဲ့သည့် ဇူ လိုင်က နေပြည်တော်၌ကျင်းပ သည့်ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ တရုတ်နိုင်ငံ၏ကြား ၀င်ညှိနှိုင်းမှုဖြင့် တက်ရောက်ခဲ့ သည်။မြောက်ပိုင်းအဖွဲ့များ၏ နေ ပြည်တော်ခရီးစဉ်တွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၊ ဒုတိယတပ် မတော် ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ သည်။ ယင်းတွေ့ဆုံမှုများနောက် ပိုင်း ၂၁ ရာစုပင်လုံအပြီးတွင် တပ်မတော် ကိုယ်စားလှယ်နှင့် KIA ခေါင်းဆောင်များအကြားအ လွတ်သဘောဆွေးနွေးမှုနှစ်ကြိမ် ပြုလုပ်ထားသည်။

ထို့နောက် ငြိမ်းချမ်းရေး ကော်မရှင်နှင့်မြောက်ပိုင်းသုံးဖွဲ့ တို့ ဩဂုတ်ဒုတိယပတ်တွင် တွေ့ ဆုံရန် ချိန်းဆိုသော်လည်း ကော် မရှင်က မအားလပ်၍ ယခုစက် တင်ဘာမှ တွေ့ဆုံခြင်းဖြစ် သည်။ အစိုးရအနေဖြင့် မြောက် ပိုင်းလက်နက်ကိုင်အဖွဲ့များအပါ အ၀င် NCA မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များ ပါဝင် လက်မှတ်ထိုးနိုင်ရေး ဆောင်ရွက် နေသည်။

Credit - 7 Days News


Share:

Tags: အစိုးရနှင့်,မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့,ကူမင်းဆွေးနွေးပွဲ,ရလဒ်ကောင်းဟု,TNLA,ပြော။

Author : Administrator
Comments
Leave a Comment