• +95 (0)9 425 705 270
  • info@cdes.org.mm
[Unicode]
(
၀၂/၂၀၁၈) ကြိမ်မြောက် PPST အစည်းဝေးမှ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ အဖွင့်အမှာစကား
************************************
နက်ရှိုင်းတဲ့ကွာဟချက်တွေလို့ပြောတဲ့နေရာမှာ ကျနော်တို့အနေနဲ့ NCA အပေါ်မှာ ရပ်တည်ရမှာ ပဲဖြစ်တယ်။ NCA ပေါ်မှာ နှစ်ဘက်က လိုက်နာခြင်းရှိ၊ မရှိဆိုတဲ့ အဖြေကိုလည်းရှာရမယ်။ ပြင်ဆင်ရေးအဖွဲ့ကတင်ပြလာမဲ့အချက်တွေက NCA နဲ့ကိုက်ညီမှုရှိ၊ မရှိဆိုတာကို ပြန်သုံးသပ် ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဘက် ကွာဟမှုပေါင်းများစွာနဲ့ အခက်အခဲပေါင်းများစွာ ထဲကမှ ကျော်လွှားခဲ့ကြပြီး NCA ဆို တာကို ရရှိလာတယ်။ ဒါကြောင့် လက်မှတ်ထိုးထားတဲ့ ကျနော်တို့အဖွဲ့တွေအတွက် NCA ဟာ လမ်းညွှန်တစ်ခုပဲ ဖြစ်တယ်။ အဲဒီကနေ သွေဖည်လို့ မရပါဘူး။
နောက်တစ်ခုကတော့ KNU အနေနဲ့ တိုင်းရင်းသားအကြား ပူးပေါင်းဆောင်ရွက်ရာမှာ တူတာ တွေပေါင်းလုပ်ပြီး၊ မတူတာတွေကို ခွဲလုပ်မယ်ဆိုတဲ့ မူ ရှိပါတယ်။ ဒါကြောင့်မို့ အခုအချိန်မှာ ကျနော်တို့ ၁၀ ဖွဲ့ကြားမှာ ဘုံသဘောထားရပ်တည်ချက်တွေ ချမှတ်ဖို့ မဖြစ်မနေ လိုအပ်နေပြီး ဖြစ်ပါတယ်။ 
ဒါ့အပြင် ကျနော်တု့ိဟာ အနာဂတ်ပြည်ထောင်စုကြီးကို အတူတကွနဲ့ အကောင်းဆုံးဖြစ်အောင် တည်ဆောက်ကြမှာဖြစ်တဲ့အတွက် NCA လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သူတို့ပါဝင်လာနိုင်တဲ့ အခင်းအကျင်း အတွက် လမ်းရှာပေးရမှာပဲ ဖြစ်ပါတယ်။ ဒါမှသာ ကျနော်တို့အားလုံး မျှော်မှန်းထားတဲ့အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို အားလုံးပါဝင်မှုနဲ့ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
[English]
When tackling these deep divisions, we have to stand by the Nationwide Ceasefire Agreement. We also need to look at whether NCA is being observed by both sides. The points that the preparation team is going to report also need to be checked if they align with the NCA. NCA was achieved only after overcoming the wide differences and challenges between the two sides. Therefore, it is a guideline for the signatory organizations of the NCA and we cannot deviate from it.
Another thing I’d like to mention is that the KNU has a principle when cooperation with other ethnic organizations which is to work together on common issues and to work separately on issues with different perspectives. Therefore, it is essential to have common positions and perspectives among our 10 organizations.
In addition, we need to find ways to allow the non-signatory organizations to be involved in the peace process for the sake of building the future union together in the best possible way. Only then can we achieve the all inclusive future federal democratic union that everyone aspires to.
Share:
Tags: MFLP,2018,–,Day,၂,&,3,test,(၀၂/၂၀၁၈),ကြိမ်မြောက်,PPST,အစည်းဝေးမှ,အဖွဲ့ခေါင်းဆောင်,ဗိုလ်ချုပ်ကြီး,စောမူတူးစေးဖိုး၏,အဖွင့်အမှာစကား
Author : Administrator
Comments
Leave a Comment