• +95 (0)9 425 705 270
  • info@cdes.org.mm

တစ္ႏုိင္ငံလံုးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားေသာ တုိင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႔အစည္းမ်ား ၏ ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႔ အစည္းအေ၀း (၀၂/၂၀၁၈) ျပဳလုပ္က်င္းပ

ေအာက္တိုဘာ ၁၀၊ ၂၀၁၈ ခုႏွစ္ - ခ်င္းမိုင္
တစ္ႏုိင္ငံလံုးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားေသာ တုိင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႔အစည္းမ်ား ၏ ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႔ အစည္းအေ၀း (၀၂/၂၀၁၈) ကို ေအာက္တုိဘာလ ၁၀ ရက္နွင့္ ၁၁ ရက္ေန႔တြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ျပီး အစည္းအေ၀းတြင္ ထိပ္သီးေခါင္းေဆာင္မ်ား၏ အလြတ္သေဘာေတြ႔ဆံုမႈျဖစ္ေျမာက္ေရးႏွင့္ျပင္ဆင္မႈမ်ားကို ေဆြးေႏြးျခင္း၊ဆံုးျဖတ္္ခ်က္ခ်မွတ္္ျခင္းႏွင့္ ေရွ႕ဆက္လုပ္ငန္းစဥ္မ်ားကိုေရးဆြဲခ်မွတ္သြားမည္ျဖစ္ပါသည္။
ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႔သဘာပတိဗိုလ္ခ်ဳပ္ၾကီးမူတူးေစးဖိုး ေျပာၾကားေသာအဖြင့္အမွာစကားတြင္ -
“နက္ရိႈင္းတဲ့ကြာဟခ်က္ေတြလို႔ေျပာတဲ့ေနရာမွာ က်ေနာ္တို႔အေနနဲ႔ NCA အေပၚမွာ ရပ္တည္ရမွာပဲျဖစ္တယ္။ NCA ေပၚမွာ ႏွစ္ဘက္က လိုက္နာျခင္းရွိ၊ မရွိဆိုတဲ့ အေျဖကိုလည္းရွာရမယ္။
ျပင္ဆင္ေရးအဖြဲ႔ကတင္ျပလာမဲ့အခ်က္ေတြက NCA နဲ႔ကုိက္ညီမႈရွိ၊ မရွိဆိုတာကို ျပန္သံုးသပ္
ဖို႔လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏွစ္ဘက္ ကြာဟမႈေပါင္းမ်ားစြာနဲ႔ အခက္အခဲေပါင္းမ်ားစြာ
ထဲကမွ ေက်ာ္လႊားခဲ့ၾကၿပီး NCA ဆို တာကို ရရွိလာတယ္။ ဒါေၾကာင့္ လက္မွတ္ထိုးထားတဲ့
က်ေနာ္တို႔အဖြဲ႔ေတြအတြက္ NCA ဟာ လမ္းညႊန္တစ္ခုပဲ ျဖစ္တယ္။ အဲဒီကေန ေသြဖည္လို႔
မရပါဘူး။”
“ၿငိမ္းခ်မ္းေရးတည္ေဆာက္တဲ့ေနရာမွာ အမုန္းတရားကို အေျခခံၿပီး တည္ေဆာက္လို႔မရပါဘူး။
အနာဂတ္အတြက္ က်ေနာ္တို႔ဟာ သီးခံျခင္း၊ ခြင့္လႊတ္ျခင္း၊ တစ္ေယာက္နဲ႔တစ္ေယာက္
ခ်စ္ခင္ျခင္းကို အေျခခံၿပီး ၿငိမ္းခ်မ္းေရးကို တည္ေဆာက္ရမွာျဖစ္ပါတယ္” ဟုထည့္သြင္းတိုက္တြန္းေျပာၾကားသြားပါသည္။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အစည်းအဝေး (၀၂/၂၀၁၈) ပြုလုပ်ကျင်းပ [Unicode]
------------------------------------------------------------------------
အောက်တိုဘာ ၁၀၊ ၂၀၁၈ ခုနှစ် - ချင်းမိုင်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အစည်းအဝေး (၀၂/၂၀၁၈) ကို အောက်တိုဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အစည်းအဝေးတွင် ထိပ်သီးခေါင်းဆောင်များ၏ အလွတ်သဘောတွေ့ဆုံမှုဖြစ်မြောက်ရေးနှင့်ပြင်ဆင်မှုများကို ဆွေးနွေးခြင်း၊ဆုံးဖြတ််ချက်ချမှတ််ခြင်းနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များကိုရေးဆွဲချမှတ်သွားမည်ဖြစ်ပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့သဘာပတိဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ပြောကြားသောအဖွင့်အမှာစကားတွင် -
“နက်ရှိုင်းတဲ့ကွာဟချက်တွေလို့ပြောတဲ့နေရာမှာ ကျနော်တို့အနေနဲ့ NCA အပေါ်မှာ ရပ်တည်ရမှာပဲဖြစ်တယ်။ NCA ပေါ်မှာ နှစ်ဘက်က လိုက်နာခြင်းရှိ၊ မရှိဆိုတဲ့ အဖြေကိုလည်းရှာရမယ်။
ပြင်ဆင်ရေးအဖွဲ့ကတင်ပြလာမဲ့အချက်တွေက NCA နဲ့ကိုက်ညီမှုရှိ၊ မရှိဆိုတာကို ပြန်သုံးသပ်
ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဘက် ကွာဟမှုပေါင်းများစွာနဲ့ အခက်အခဲပေါင်းများစွာ
ထဲကမှ ကျော်လွှားခဲ့ကြပြီး NCA ဆို တာကို ရရှိလာတယ်။ ဒါကြောင့် လက်မှတ်ထိုးထားတဲ့
ကျနော်တို့အဖွဲ့တွေအတွက် NCA ဟာ လမ်းညွှန်တစ်ခုပဲ ဖြစ်တယ်။ အဲဒီကနေ သွေဖည်လို့
မရပါဘူး။”
“ငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ အမုန်းတရားကို အခြေခံပြီး တည်ဆောက်လို့မရပါဘူး။
အနာဂတ်အတွက် ကျနော်တို့ဟာ သီးခံခြင်း၊ ခွင့်လွှတ်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက်
ချစ်ခင်ခြင်းကို အခြေခံပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရမှာဖြစ်ပါတယ်” ဟုထည့်သွင်းတိုက်တွန်းပြောကြားသွားပါသည်။

Share:

Tags: တစ္ႏုိင္ငံလံုးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရး,သေဘာတူစာခ်ဳပ္,လက္မွတ္ေရးထိုးထားေသာ,တုိင္းရင္းသား,လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႔အစည္းမ်ား,၏,ျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ဦးေဆာင္အဖြဲ႔,အစည္းအေ၀း,(၀၂/၂၀၁၈),ျပဳလုပ္က်င္းပ

Author : Administrator
Comments
Leave a Comment