• +95 (0)9 425 705 270
  • info@cdes.org.mm

ပုပ္ပားထိပ်သီးဆွေးနွေးပွဲ ရက်သတ်မှတ်မှု PPST ဆုံးဖြတ်ချက်အတိုင်း လိုက်နာမည်ဟု KNU ပြော။

ပုပ္ပားထိပ်သီးဆွေးနွေး ပွဲကျင်းပမည့် ရက်ကို ပြန်လည်ညှိ နှိုင်းရန် လိုအပ်ကြောင်း ကရင် အမျိုးသားအစည်းအရုံး (KNU) က သဘောထားကြေညာချက် ထုတ်ပြန်ထားသော်လည်း NCA လက်မှတ်ထိုးတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်း ဆောင်များ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဆုံးဖြတ်ချက်ကို လိုက်နာမည်ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။

‘‘အခု ညှိနှိုင်းဖို့လိုတယ်ဆို တာ KNU တစ်ဖွဲ့တည်းရဲ့ သဘောထားလေ။ KNU တစ်ဖွဲ့တည်းရဲ့ သဘောထားဆိုတော့ ကျန်တဲ့ ကိုးဖွဲ့က လုပ်သင့်တယ်လို့ ဆုံး ဖြတ်ရင် KNU က လိုက်နာရမှာ ပေါ့။ စုပေါင်းခေါင်းဆောင်မှုနဲ့၊ ဒီမိုကရေစီစနစ်နဲ့သွားတာဆိုတော့ လေ’’ဟု ပဒိုမန်းငြိမ်းမောင်က ပြောသည်။ PPST ၏ ဆုံးဖြတ်ချက်ကို မလိုက်နာပါက KNU အနေဖြင့် နိုင်ငံရေးကျွံသွားမည်ဟု ၎င်းက ဆိုသည်။

‘‘နောက်ပြီးတော့ PPST မှာ KNU က အဖွဲ့ခေါင်းဆောင်လေ။ PPST မှာ ဥက္ကဋ္ဌက KNU က ယူ ထားတယ်။ အများကြီးတာဝန်ခံရ မှာပေါ့’’ဟု ပဒိုမန်းငြိမ်းမောင်က ပြောသည်။

ပုပ္ပား ထိပ်သီးဆွေးနွေးပွဲ ရက် အတည်ပြုရန် အပါအ၀င် ဆွေးနွေးပွဲအတွက် ကြိုတင်ပြင် ဆင်မည့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့ခေါင်းဆောင်များ၏ PPST အပေါင်း ၂ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ (အောက်တိုဘာ ၁၀ ရက်) ကျင်းပမည်ဖြစ်သည်။

ထိပ်သီးခေါင်းဆောင်များ၏ သီးသန့်ဆွေးနွေးပွဲကို အောက်တို ဘာ ၁၅ ရက်တွင် ကျင်းပရန် အစိုးရ၏ အဆိုပြုချက်အပေါ် NCA လက်မှတ်ထိုးအဖွဲ့ ကိုးဖွဲ့က သဘောတူညီပြီးဖြစ်ကြောင်း PPST အဖွဲ့ဝင် ပအိုဝ်းအဖွဲ့(PNLO)ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။

Credit - 7 Day News
Photo - Network Media Group


Share:

Tags: ပုပ္ပားထိပ်သီးဆွေးနွေးပွဲ,ရက်သတ်မှတ်မှု,PPST,ဆုံးဖြတ်ချက်အတိုင်း,လိုက်နာမည်ဟု,KNU,ပြော။

Author : Administrator
Comments
Leave a Comment