• +95 (0)9 425 705 270
  • info@cdes.org.mm

NCA ရေးထိုးပြီး သုံးနှစ်ကျော်အထိ မဖွဲ့နိုင်သေးသော ကြားကာလစီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းရေး အပစ်ရပ်အဖွဲ့များ ဆွေးနွေး

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုး မှု သုံးနှစ်ကျော်သည်အထိ အ ကောင်အထည်မဖော်နိုင်သေး သော ကြားကာလစီမံခန့်ခွဲမှု ကော်မတီ ဖွဲ့စည်းနိုင်ရေး NCA လက် မှတ်ထိုးကိုယ်စားလှယ်များသည် အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ သည်။

အဆိုပါ အစည်းအဝေးတွင် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များမှ ကိုယ်စား လှယ်များ ပါဝင်သော ကြားကာ လစီမံခန့်ခွဲမှု ပူးတွဲကော်မတီ၏ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ငန်းအ စီအမံများကို ဆွေးနွေးခဲ့ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်းက ဆို သည်။

‘‘ြဲကားကာလသည် လက် မှတ်ထိုးတဲ့နေ့မှသည် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လုပ် ငန်းများ အကောင်အထည်ဖော် ပြီးစီးသည်အထိ အဲဒီကာလက ကြားကာလဖြစ်တယ်။ အဲဒီကာ လတွေမှာ NCA လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့အ စည်းတွေအနေနဲ့ ပြည်သူလူထု တွေရဲ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်ဖို့ ရည်ရွယ်တဲ့ အစီအစဉ်တစ် ခုဖြစ်ပါတယ်။ အခုကတော့ NCA လက်မှတ်ထိုးတာ သုံးနှစ်ဖြစ်သွား ပြီ။ ဒါပေမဲ့ ဘာမှလည်း မလုပ်နိုင် သေးဘူး’’ဟု ၎င်းက ပြောသည်။

အစည်းအဝေးကို အောက် တိုဘာ ၂၁ ရက်အထိ ကျင်းပကာ ရရှိသည့် ရလဒ်များကို NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ထိပ်သီး ခေါင်းဆောင်များထံ တင်ပြပြီး ထိုမှတစ်ဆင့် အစိုးရ၊ တပ်မတော် နှင့် NCA လက်မှတ်ထိုးခေါင်း ဆောင်များ တက်ရောက်ရသည့် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် ပူးတွဲကော်မတီ ဖွဲ့စည်းရေး ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။

ကြားကာလအတွင်း ဆောင် ရွက်ရမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး NCA စာချုပ်တွင် အဓိကအချက်ခြောက်ချက်ကို နှစ်ဖက် ညှိနှိုင်းဆောင်ရွက်ရန် သဘောတူ ညီထားသည်။

ယင်းအချက်များသည် ပြည် သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စ များ၊ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး ဆိုင်ရာလုပ်ငန်းများ ပါဝင်သည်။

ထို့အပြင် ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် စွမ်း ရည်မြှင့်တင်ရေးလုပ်ငန်းများအ တွက် ပြည်တွင်း၊ ပြည်ပ အလှူ ရှင်အဖွဲ့အစည်းများ၏ အကူ အညီရယူခြင်းဆိုင်ရာ ကိစ္စများ၊မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများသည် ကြားကာလ အတွင်း ညှိနှိုင်းဆောင်ရွက်ရမည့် အချက်များဖြစ်သည်။
-
Credit - 7 Day News

Share:

Tags: NCA,ရေးထိုးပြီး,သုံးနှစ်ကျော်အထိ,မဖွဲ့နိုင်သေးသော,ကြားကာလစီမံခန့်ခွဲမှုကော်မတီ,ဖွဲ့စည်းရေး,အပစ်ရပ်အဖွဲ့များ,ဆွေးနွေး

Author : Administrator
Comments
Leave a Comment