• +95 (0)9 425 705 270
  • info@cdes.org.mm

အစိုးရနှင့် အပစ်ရပ်ခေါင်းဆောင်များ၏ JICM အစည်းအဝေးကို ပိုမိုအားကောင်းအောင်ဆောင်ရွက်မည်

အစိုးရနှင့် NCA လက် မှတ်ထိုးခေါင်းဆောင်များ တက် ရောက်သည့် တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော် မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပိုမိုအားကောင်းအောင် ဆောင် ရွက်မည်ဟု ချင်းအမျိုးသားတပ် ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲ ၌ ယင်း JICM အစည်းအဝေးကို သုံးလတစ်ကြိမ် ပုံမှန်တွေ့ဆုံနိုင် ရေးနှင့် ပိုမိုအားကောင်းသည့် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင်ရေး သဘောတူညီခြင်းက ငြိမ်းချမ်း ရေးအတွက် အလားအလာ ကောင်းကြောင်း ၎င်းကဆိုသည်။

‘‘အဓိကကတော့ အရင်က JICM က အခက်အခဲတွေ့မှ တွေ့ ဆုံမယ်၊ ပြဿနာတွေ ဖြေရှင်း မယ်ဆိုတာပဲ ဖြစ်တယ်။ အခုကတော့ ပေါ်လစီ လမ်းညွှန်ချက် ပေးရမယ်။ ပေါ်လစီလမ်းညွှန် ချက်ပေးမယ်ဆိုကတည်းက ကိစ္စ အားလုံးကို JICM က စပြီးကိုင် တွယ်လို့ရပြီဆိုတဲ့သဘောပေါ့’’ ဟု ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြောသည်။

JICM သည် NCA စာချုပ် အရ အမြင့်ဆုံးခေါင်းဆောင်များ တက်ရောက်သည့် အစည်းအဝေး ဖြစ်ပြီး ယခင်အစည်းအဝေးများ တွင် အစိုးရဘက်က နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် ဒုတိယတပ် မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ ဦးဆောင်တက်ရောက်ခဲ့သည်။

သို့ရာတွင် JICM အစည်း အဝေးဆုံးဖြတ်ချက်များကို အ ကောင်အထည်ဖော်ရာ၌ အခက် အခဲများရှိ၍ နေပြည်တော်တွင် ထိပ်သီးအစည်းအဝေးကျင်းပပြီး ယခုကဲ့သို့ JICM အစည်းအဝေး ပိုမိုအားကောင်းရေး ဆောင်ရွက် ခြင်းဖြစ်သည်။

အကယ်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ လိုအပ်ချက် အရ အရေးကြီးသည့် အခြေအနေ တွင် ထိပ်သီးဆွေးနွေးပွဲကဲ့သို့ အထူးအစည်းအဝေးများ ကျင်းပနိုင် ရေး ကြိုးပမ်းရန်ရှိကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ဆိုသည်။ ယင်း အထူးအစည်း အဝေးတွင် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် NCAမထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များလည်း ဖိတ်ကြား နိုင်ရေးအပစ်ရပ်အဖွဲ့များက ကြိုးပမ်းသွားမည်ဟုပြောသည်။
-
Credit - 7 Day News

Share:

Tags: အစိုးရနှင့်,အပစ်ရပ်ခေါင်းဆောင်များ၏,JICM,အစည်းအဝေးကို,ပိုမိုအားကောင်းအောင်ဆောင်ရွက်မည်

Author : Administrator
Comments
Leave a Comment