• +95 (0)9 425 705 270
  • info@cdes.org.mm

ငြိမ်းချမ်းရေးဆွေးနွေးမှု ယာယီရပ်ဆိုင်းထားခြင်းကိစ္စ ညှိနှိုင်းရန် KNU အရေးပေါ် အစည်းအဝေး စတင်

KNU တပ်မဟာခုနစ်ခုမှ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်များပါ ဖိတ်ကြားထား

ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ပါဝင်မှု ယာယီရပ်ဆိုင်းထားခြင်းကိစ္စနှင့် ပတ်သက်ပြီး ညှိနှိုင်းရန် ကရင်အမျိုးသားအစည်းအရုံး (KNU)အရေးပေါ်အစည်း အဝေးကို နိုဝင်ဘာ ၆ ရက်တွင် စတင်ကျင်းပမည်ဟု KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။

အရေးပေါ်အစည်းအဝေးကို လော်ခီးလာဒေသ၌ နိုဝင်ဘာ ၈ ရက်အထိ သုံး ရက်ကြာကျင်းပရန်သတ်မှတ်ထားပြီး NCA အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အဖွဲ့တွင်း အမြင်မ တူမှုများကို ညှိနှိုင်းမည်ဟု ၎င်းက ဆိုသည်။

‘‘သဘောထားကွဲတယ်ဆို တာထက်စာရင် ချဉ်းကပ်မှုမတူ တာတော့ ကြာပြီဗျ။ အခု ဒီပွဲက တော့ ပေါက်ကွဲနိုင်တဲ့ သဘော များရှိနေလား။ ဒါပေမဲ့ ကျွန်တော် တော့ မထင်ဘူး။ တချို့ကတော့ ဒီပွဲကတော့ ပေါက်ကွဲနိုင်တဲ့ သ ဘောလို့ ထင်ကြတယ်။ တကယ်  ဆို တအုံနွေးနွေးဖြစ်နေတယ်’’ဟု အဆိုပါ အမည်မဖော်လိုသည့် KNU တာဝန်ရှိသူက ပြောသည်။

အရေးပေါ် အစည်းအဝေး သို့ KNU/KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီနှင့် ဒုတိ ယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ် ကြီး ဘောကျော်ဟဲတို့ အပါအဝင် တပ်မဟာခုနစ်ခုမှ တပ်ပိုင်းဆိုင် ရာ ခေါင်းဆောင်များကိုပါ ဖိတ် ကြားထားသည်ဟု ၎င်းက ဆို သည်။

‘‘၆၊ ၇၊ ၈ အဲဒါကျော်သွားရင် တော့ ပိုမိုရှင်းရှင်းလင်းလင်း သိရ မယ်’’ဟု အဆိုပါတာဝန်ရှိသူက KNU အဖွဲ့တွင်း အခြေအနေနှင့် ပတ်သက်၍ ပြောသည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက လတ်တလော ကျင်းပမည့် ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးများတွင် ပါဝင် တက်ရောက်မှုကို ယာယီဆိုင်းငံ့ ထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ထံ အောက်တိုဘာ ၂၇ ရက် စွဲဖြင့် စာပေးပို့ခဲ့သည်။

ထို့နောက် အောက်တိုဘာ ၂၉ ရက်တွင် KNU က အဆိုပါ စာနှင့်ပတ်သက်ပြီး ရှင်းလင်းချက် ထုတ်ပြန်ရာ KNU အနေဖြင့် NCAကို အခြေခံသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြင့် ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် တစိုက်မတ်မတ် ဆောင်ရွက်မည် ဟု သန္နိဋ္ဌာန်ချထားကြောင်း ဖော်ပြ ခဲ့သည်။

လက်ရှိ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် လမ်းကြောင်းသည် အ ကောင်းဆုံးဖြစ်သော်လည်း မည် သည့်အဖွဲ့အစည်းတွင်မဆို အ မြင်မတူညီမှုများ ရှိနိုင်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင်ပဒို မန်းငြိမ်းမောင်က ပြောကြားထား သည်။

KNU သည် NCA လက်မှတ် ထိုးအဖွဲ့ခေါင်းဆောင်များဖြင့် ဖွဲ့ စည်းထားသော ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးကိုလည်း ခွင့်ပန်ခဲ့ သည်။ မူလက PPST အစည်းအ ဝေးကို နိုဝင်ဘာ ၅ ရက်မှ ၇ ရက် အထိ ကျင်းပရန် စီစဉ်ထားရာ PPST အဖွဲ့ခေါင်းဆောင် KNU ဥက္ကဋ္ဌ တက်ရောက်ခြင်းမရှိ၍ အ စည်းအဝေးကို ရက်ရွှေ့ဆိုင်းခဲ့ သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် ကောင်းမွန်သည့်ရလဒ် KNU အဖွဲ့တွင်း၌ ဆုံးဖြတ်နိုင်မည် ဟု ယုံကြည်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိ NCA အရ ဆောင် ရွက်နေသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်သည် များစွာ ခရီးရောက် နေပြီဖြစ်၍ အခြားလမ်းကြောင်း ဖြင့် ဆောင်ရွက်ရန် စဉ်းစားခြင်း မရှိဟုလည်း ၎င်းက ဆိုသည်။ KNU အနေဖြင့် အခက်အခဲများ ကြုံပါက အစိုးရ၊ တပ်မတော် ခေါင်းဆောင်များအား ပွင့်လင်းစွာပြောဆိုပြီး အခက်အခဲကို ဝိုင်း ဝန်းဖြေရှင်းဆောင်ရွက်၍ ရသည်ဟု ဦးဇော်ဌေးက ပြောသည်။

-

Credit - 7 Day News


Share:

Tags: ငြိမ်းချမ်းရေးဆွေးနွေးမှု,ယာယီရပ်ဆိုင်းထားခြင်းကိစ္စ,ညှိနှိုင်းရန်,KNU,အရေးပေါ်,အစည်းအဝေး,စတင်

Author : Administrator
Comments
Leave a Comment