• +95 (0)9 425 705 270
  • info@cdes.org.mm

KNU မတက်ရောက်နိုင်၍ အပစ်ရပ်ထိပ်သီးခေါင်းဆောင်များ၏ PPST အစည်းအဝေးရွှေ့ဆိုင်း

ကရင်အမျိုးသားအ စည်းအရုံး(KNU) မတက်ရောက် နိုင်၍ NCA လက်မှတ်ထိုး တိုင်း ရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ခေါင်းဆောင်များ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးကို ရွှေ့ ဆိုင်းခဲ့ကြောင်း PPST အဖွဲ့ဝင် များက ပြောသည်။

KNU သည် ၎င်းတို့အဖွဲ့အ တွင်း ဆွေးနွေးညှိနှိုင်းရမည့်အခြေ အနေများကြောင့် လတ်တလော ကျင်းပမည့် ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးများတွင် ပါဝင် တက်ရောက်မှုကို ယာယီဆိုင်းငံ့ ထားသည်။ ထို့ကြောင့် နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန်၌  ပြုလုပ်မည့် နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း မရှိသကဲ့သို့ ထိုင်းနိုင်ငံ ချင်းမိုင်၌ နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ ကျင်းပရန် စီစဉ်ထားသည့် PPSTအစည်းအဝေးကိုလည်း ခွင့်တိုင် ခဲ့သည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးသည် PPST ၏ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန် ယူထားပြီး ရှမ်းလက်နက်ကိုင်အ ဖွဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်သည် ဒုတိယအဖွဲ့ ခေါင်းဆောင်ဖြစ်သည်။

‘‘KNU က မအားသေးဘူး။ နောက်ပြီးတော့ ဒုအဖွဲ့ခေါင်း ဆောင်က ဦးဆောင်ပြီးတော့ ခေါ် ပါလို့ ပြောတော့လည်း သူတို့က လည်း KNU ကို စောင့်ချင်တယ်။ စသဖြင့် အဲဒါနဲ့ ရက်ရွှေ့ပေးဖို့ ပြောတယ်။ အဲဒီအပေါ်မှာ ဘယ် ရက်ကို ရွှေ့မှန်းတော့ မသိသေး ဘူး။ KNU အစည်းအဝေးပြီးမှ ပြန်ခေါ်မယ်ထင်တယ်’’ဟု ပအိုဝ်း အဖွဲ့(PNLO)ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော သည်။

KNU ဗဟိုကော်မတီအရေး ပေါ် အစည်းအဝေးကို နိုဝင်ဘာ ပထမပတ်(သို့မဟုတ်)ဒုတိယပတ်အတွင်း ကျင်းပရန် စီစဉ်ထား သည်။

KNU အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်ခြင်းကို ယာ ယီရပ်ဆိုင်းခြင်းသာဖြစ်၍ ၎င်းတို့ အဖွဲ့တွင်း အစည်းအဝေးပြီးပါက PPST အစည်းအဝေးပြန်လည် ကျင်းပနိုင်ဖွယ်ရှိသည်ဟု PPST အဖွဲ့ဝင် ရခိုင်ပြည်လွတ်မြောက် ရေးပါတီ(ALP)ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင် အောင်က ပြောသည်။

PPST အစည်းအဝေးခေါ်ယူ ရန် စီစဉ်ရခြင်းမှာ နေပြည်တော်၌ အောက်တိုဘာ ၁၅၊ ၁၆ ရက်များ က ကျင်းပခဲ့သည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၏ထိပ်သီးခေါင်းဆောင်များအ စည်းအဝေးရလဒ်ပေါ် ပြန်လည် သုံးသပ်ခြင်း၊ NCA လက်မှတ်ထိုး အဖွဲ့နှင့် မထိုးရသေးသည့်အဖွဲ့ များ၏မျက်နှာစုံညီအစည်းအဝေး  ကျင်းပရန် ကိစ္စတို့ ဆွေးနွေးရန် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
-

Credit - 7 Day News
Photos - KNU HQ

Share:

Tags: KNU,မတက်ရောက်နိုင်၍,အပစ်ရပ်ထိပ်သီးခေါင်းဆောင်များ၏,PPST,အစည်းအဝေးရွှေ့ဆိုင်း

Author : Administrator
Comments
Leave a Comment