• +95 (0)9 425 705 270
  • info@cdes.org.mm

KIA လိုင်ဇာမှာ ကချင်အမျိုးသားရေးမူဝါဒဆိုင်ရာ ဆွေးနွေးပွဲ ၃ ရက်ကြာ ကျင်းပ

KIA ထိန်းချုပ်ရာ လိုင်ဇာမြို့မှာ ၃ ရက်ကြာကျင်းပခဲ့တဲ့ ကချင်အမျိုးသားရေးမူဝါဒဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေးပွဲမှာ ကချင်လူထုအနေနဲ့ နိုင်ငံရေး ဆွေးနွေးမှု လုပ်ငန်းစဉ်မှာ တခြားတိုင်ရင်းသားတွေနဲ့အတူ ဆက်လက်ပူးပေါင်း ပါဝင်သွားဖို့ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအကြိမ် ကချင်အမျိုးသားရေး မူဝါဒဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၈ ကနေ ၁၃ ရက်နေ့ထိ လိုင်ဇာမှာ ကျင်းပခဲ့တာဖြစ်ပြီး ဆွေးနွေးပွဲအပြီးမှာ ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ ခက်ခဲနေတဲ့ အကြောင်းအရာတွေနဲ့ စစ်ပြေးဒုက္ခစခန်း IDP ကိစ္စရပ်တွေအပေါ် လူထုအမြင် သဘောထားတွေ စုစည်းရယူခဲ့ပြီး ကချင်မြေယာနဲ့  သဘာဝသယံဇာတဆိုင်ရာ မူဝါဒတွေကို ဆုံးဖြတ်အတည်ပြုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီဆွေးနွေးပွဲကို ပြည်တွင်းပြည်ပ အနယ်နယ်အရပ်ရပ်က ကချင်လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက် ပေးပို့လိုက်တာပါ။


Credit - RFA

Share:

Tags: KIA,လိုင်ဇာမှာ,ကချင်အမျိုးသားရေးမူဝါဒဆိုင်ရာ,ဆွေးနွေးပွဲ,3,ရက်ကြာ,ကျင်းပ

Author : Administrator
Comments
Leave a Comment