• +95 (0)9 425 705 270
  • info@cdes.org.mm

ရှေ့လုပ်ငန်းစဉ်များအတွက် အဆင်ပြေသည်ဟု RCSS ကိုယ်စားလှယ် ဒု-ဗိုလ်မှူးကြီး စိုင်းငင်းဆို

အစိုးရ၊တပ်မတော်နှင့်RCSS တို့ အကြား
အငြင်းပွားမှု့ များကိုပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့သည်ဟု ဦးဇော်ဌေး ပြောကြား
--------- -------- --------- ------- --------
ရှေ့လုပ်ငန်းစဉ်များအတွက် အဆင်ပြေသည်ဟု 
RCSS ကိုယ်စားလှယ် ဒု-ဗိုလ်မှူးကြီး စိုင်းငင်း ဆို 
--------- -------- --------- ------- --------

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့်ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS) တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရ၊ တပ်မတော်နှင့် RCSS ကြားတွင် ဖြစ်ပေါ်နေသည့် အငြင်းပွားမှုများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ရုံး ဝန်ကြီးဌာန ညွှန်ကြားမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

နိုဝင်ဘာလ ၁၆ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံချင်းမိုင် မြို့တွင်ပြုလုပ်သော အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် RCSS တို့၏ အလွတ်သဘောတွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ''ဆွေးနွေးပွဲကတော့အလွတ်သဘောပေါ့နော်။အလွတ် သဘောဆိုတော့၊ကျွန်တော်တို့ကနှစ်ဖက်အာဂျင်ဒါတွေ ဘာတွေ ကြို မထားဘူး။ လက်ရှိအစိုးရနဲ့ တပ်မတော်နဲ့ကြား၊ RCSS နဲ့ကြားထဲမှာ ဖြစ်နေတဲ့ အငြင်းပွားမှုတွေကိုတော့ ကျွန်တော်တို့ပွင့်ပွင့်လင်းလင်းဆွေးနွေးတယ်။ နောက်တစ်ခါ၊ ဒီမှာပဲ ဥက္ကဋ္ဌကြီး (RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ယွက်ဆစ်)နဲ့ တွေ့ခဲ့တဲ့ဟာတွေမှာ အကောင်အထည်မဖေါ်နိုင်ခဲ့တာတွေရှိတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ အကျေအလည်ဆွေးနွေးတယ်'' ဟု ဦးဇော်ဌေးက ပြောကြားသည်။

ဆက်လက်ပြီး ဦးဇော်ဌေးက '' ဆွေးနွေးပြီးနောက်မှာ အငြင်းပွားမှုတွေ ပြေလည်ပြီးတော့ NCA လမ်းကြောင်းအတိုင်း ခိုင်ခိုင်မာမာဆက်ပြီး နှစ်ဦးနှစ်ဘက်နားလည်မှုရှိရှိသွားနိုင်ဖို့ ဘယ်လိုဆက်သွားမလည်းဆိုတဲ့ နည်းလမ်းတွေ နှစ်ဘက် ပွင့်ပွင့်လင်းလင်းဆွေးနွေးတယ်'' ဟု ဆိုသည်။


ကောင်းမွန်သည့် ရလဒ် 
-------------

RCSS ဘက်မှလည်း ဆွေးနွေးပွဲ၌ နိုဝင်ဘာလ ၁၂ က ထုတ်ပြန်ထားသော ထုတ်ပြန်ချက်ပေါ်တွင် RCSS၏ ဆန္ဒကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သလို အလွတ်သဘောဆွေးနွေးပွဲဆိုသော်ငြားလည်း ကောင်းမွန်သည့် ရလဒ်များရသည်ဟု ဆိုနိုင်ကြောင်း RCSS ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။

''တစ်ဆို့နေတဲ့အပိုင်းတွေကို ဘယ်လိုကျော်ဖြတ်နိုင်မလဲ၊အားလုံးအဆင်ပြေမယ့်နည်းလမ်းတွေကို ကျွန်တော်တို့ဆွေးနွေးခဲ့ကြပါတယ်။ ခြုံ ပြီးပြောရရင်တော့ ဒီနေ့ အလွတ်သဘောဆိုပေမယ့်လည်း ကောင်းမွန်တဲ့ရလဒ်ရတယ်လို့ပဲဆိုရမှာပေါ့'' ဟု RCSS ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးစိုင်းငင်းက ဆိုသည်။


အဖြေကို ရှာရန် ငြင်းကြ 
---------

ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ဦးဇော်ဌေး၏သုံးသပ်မှု့ အရ ယနေ့ဆွေးနွေးပွဲသည် အဖြေကို မည်ကဲ့သို့ရှာမည်ဆိုသည်ကို ငြင်းကြခြင်းဖြစ်ပြီးတစ်ဘက်နှင့်တစ်ဘက် သူမှန်သည်၊ ကိုယ်မှန်သည်ကို ငြင်းကြခြင်းမဟုတ်ဟု ဆိုသည်။ အဆိုပါ အလွတ်သဘောဆွေးနွေးပွဲတွင် အစိုးရကိုယ်စားလှယ်များဖြစ်သည့် ငြိမ်းချမ်းရေးကော်မရှင် (PC)မှ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး (ငြိမ်း)ဦးခင်ဇော်ဦး၊PC အဖွဲ့ဝင်များဖြစ်သည့် ဦးအောင်စိုး၊ဦးလှမောင်ရွှေ၊နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့်PC အကြံပေး ဦးကျော်လင်းဦးတို့ပါဝင်ပြီး RCSS ဘက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်ဦးဆောင်၍ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးကြီးစိုင်းငင်း၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ပေါင်ခေး၊ဒုတိယဗိုလ်မှူးကြီးစိုင်းမိဏ်းတို့ပါဝင်ခဲ့ကြသည်။


အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲများ
--------- ------- -----

အောက်တိုဘာ ၁၅ ၁၆ ရက်များက နေပြည်တော်တွင် ပြုလုပ်ခဲ့သော ထိပ်သီးဆွေးနွေးပွဲတွင် ခွဲမထွက်ရေးနှင့် တစ်ခုတည်းသော တစ်ခုတည်းသောတပ်မတော်ကိစ္စများကိုဆွေးနွေးရာ၌ အစိုးရ၊တပ်မတော်နှင့် NCA လက်မှတ်ထိုးအပစ်ရပ်အဖွဲ့များကြား သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့ကာ တရားဝင်ဆွေးနွေးပွဲများလည်း ရပ်ဆိုင်းခဲ့ပြီး အဆိုပါအကြပ်အတည်းကို အဖြေရှာနိုင်ရန်အတွက် ယခုကဲ့သို့  အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲများကို ပြုလုပ်နေခြင်းလည်းဖြစ်သည်။

Photo Creditး RCSS


အောင်ရဲနောင် 
The Ladies News

Share:

Tags: ရှေ့လုပ်ငန်းစဉ်များအတွက်,အဆင်ပြေသည်ဟု,RCSS,ကိုယ်စားလှယ်,ဒု-ဗိုလ်မှူးကြီး,စိုင်းငင်းဆို

Author : Administrator
Comments
Leave a Comment