• +95 (0)9 425 705 270
  • info@cdes.org.mm

UNFC ၏ ဗဟိုအလုပ်အမှုဆောင် (တိုးချဲ့) အစည်းအဝေးကျင်းပပြီးစီး

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ၏ ပထမအကြိမ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (တိုးချဲ့) အစည်းအဝေးတစ်ရပ်အား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၁ - ၁၂) ရက်များတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအပြင် အဖွဲ့ ဝင်အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များလည်း ပါဝင်တက်ရောက်ခဲ့ကြပြီး UNFC ၏ လက်ရှိအစိုးရနှင့် တွေ့ဆုံဆွေးနွေးနေဆဲ ဖြစ်သော အဆိုပြုချက် (၉)ချက်အား Legal Binding အဖြစ် NCA နှင့်အတူတကွ မည်သို့ သဘောတူလက်မှတ် ရေးထိုးကြမည်ဆိုသည့်ကိစ္စ၊ UNFC ၏ ရှေ့  ဆက်လုပ်ငန်းစဉ်များနှင့် လတ်တလော ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


- UNFC သတင်းထုတ်ပြန်ရေးအဖွဲ့
(13 Sept 2017)

Share:

Tags: UNFC,၏,ဗဟိုအလုပ်အမှုဆောင်,(တိုးချဲ့),အစည်းအဝေးကျင်းပပြီးစီး

Author : Administrator
Comments
Leave a Comment