• +95 (0)9 425 705 270
  • info@cdes.org.mm

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနတွင် ယနေ့ နံနက်မှ စတင်၍ ကျင်းပလျက် ရှိပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အမှာစကား ပြောကြားရာ၌ “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ကို ပဋိပက္ခ ဖြစ်စဉ်တွင် အဓိက ပါဝင်နေသည့် အဖွဲ့များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ခံစားနေရသည့် ပြည်သူအတွက် အရပ်သား ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း၊ အရပ်သား ကိုယ်စားလှယ်များကို တရားသူကြီး အနေဖြင့် ခန့်ထားခြင်း ဖြစ်ကြောင်း၊ ပဋိပက္ခများ ပေါ်ပေါက်လာလျှင် မည်သို့ ဆောင်ရွက်ရမည် ဆိုသည့် လုပ်ထုံးလုပ်နည်းများ JMC တွင် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ထို လုပ်ထုံးလုပ်နည်းများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အသက်သွေးကြော ဖြစ်ကြောင်း” ပြောကြားသည်။

ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး (KNU) က “နှစ်ဘက်အဖွဲ့များ အကြား သံသယများ ရှိနေသေးပြီး NCA ကို နားလည်မှု လွဲနေသဖြင့် JMC အကောင်အထည်ဖော်မှုသည် ချောမွေ့နေသည် မဟုတ်ကြောင်း၊ NCA ကို နှစ်ဖက်အဖွဲ့များက လေးစားမှု ရှိရမည် ဖြစ်ကြောင်း၊ သို့မှသာ ယုံကြည်မှု အဆင့်ဆင့် ရှိလာမည် ဖြစ်ကြောင်း၊ အရပ်သားများသည် စစ်၏ အနိဋ္ဌာရုံနှင့် ရင်ဆိုင်ခဲ့ရသည့် အတွက် JMC ကို ယုံကြည်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်ရန် JMC အပေါ်တွင် များစွာ မူတည်ပါကြောင်း၊ မည်သို့ အခက်အခဲများ ရှိသည်ဖြစ်စေ စိတ်ရှည် ဇွဲရှိစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း” ပြောကြားသည်။

အရပ်သား ကိုယ်စားလှယ် ဒုတိယ ဥက္ကဋ္ဌ (၂) သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေးက “ JMC-S များကို သတ်မှတ် ရည်မှန်းသည့် အတိုင်း (၅) နေရာတွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊ ဒေသအဆင့် JMC-L များကို (၂) နေရာတွင် ဖွဲ့စည်းနိုင်သည့် အတွက် JMC ၏ ရုပ်လုံးသည် ပီပြင်လာပြီ ဖြစ်ကြောင်း၊ အရပ်သားများ၏ အခန်းကဏ္ဍသည် ပို၍ အရေးကြီးလာကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံး တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ရန် အချိန်ယူရမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်ရှိရန် လက်တွဲ လျှောက်လှမ်းရင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း” ပြောကြားသည်။

အစည်းအဝေးကို သုံးရက်ကြာ ကျင်းပမည် ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲ ကျင်းပမည့် နေ့ရက်၊ အချိန်ကို မကြာမီ ထုတ်ပြန်သွားမည် ဖြစ်ပါသည်။


September 20, 2017 -- The 12th regular meeting of the Joint Ceasefire Monitoring Committee (Union) took place this morning at the National Reconciliation and Peace Center (NRPC) in Yangon. In the opening remark, Lieutenant General Yar Pyae, Chairperson of the JMC-U, said, “The Joint Monitoring Committee (JMC) comprises, not only parties involved in the conflict but also civilian representing conflict-affected communities. Civilian members of the JMC must play a key role in the implementation of ceasefire agreement. In fact, civilian component is designed to carry out the role of juries, and civilian members have to safeguard the mandates of the committee.”

Vice Chairperson (1), Major General Saw Isaac Po (KNU) said, “The implementation of joint ceasefire monitoring process is quite challenging, because of mistrust between the government and ethnic armed organizations, and different interpretations of the Nationwide Ceasefire Agreement (NCA) by different member organizations. The JMC member organizations must honor the NCA so that trust and confidence can be built. Despite the challenges on the ground, the JMC member organizations must move forward.”

Afterwards, Vice Chairperson (2), Rev. Saw Matthew Aye said, “So far, 5 state-level joint ceasefire monitoring committees have been established in the Bago and Tanintharyi regions, the Mon, Kayin and Shan states. Also, 2 local-level joint ceasefire monitoring committees have been established, and all committees are functioning. As you know, the role of civilian component in the JMC has become significant as the programme is expanded. The JMC member organizations must ensure that everyone is on the same page, and everyone is moving toward the lasting peace.”

The meeting will continue until September 22.

Share:

Tags: ပြည်ထောင်စုအဆင့်,ပစ်ခတ်တိုက်ခိုက်မှု,ရပ်စဲရေးဆိုင်ရာ,ပူးတွဲစောင့်ကြည့်ရေး,ကော်မတီ၏,(၁၂),ကြိမ်မြောက်,ပုံမှန်အစည်းအဝေး

Author : Administrator
Comments
Leave a Comment