• +95 (0)9 425 705 270
  • info@cdes.org.mm

UPDJC ကိုယ်စားလှယ်အချို့ကို အပြောင်းအလဲပြုလုပ်

နိုင်ငံရေးဆွေးနွေးပွဲများအတွက်အရေးပါသည့် ပြည်ထောင်စု ငြိမ်း ချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ ကိုယ်စားလှယ်အချို့ကို အပြောင်း အလဲပြုလုပ်ခဲ့သည်။UPDJC တိုင်းရင်းသားလက် နက်ကိုင်အစုအဖွဲ့ ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းနေရာတွင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာ ခေါင်းက အစားထိုး တာဝန်ယူ မည်ဖြစ်ကြောင်း UPDJC ကိုယ်စားလှယ်များက ပြောသည်။

UPDJC အစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက်က နေပြည်တော် ၌ ကျင်းပရာအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ ၁၃ ကြိမ်မြောက်UPDJC အစည်းအဝေးသို့ ပဒိုစောကွယ်ထူးဝင်းတက်ရောက်ပြီး နှုတ်ဆက်စကားဆိုကြောင်း အ စိုးရကိုယ်စားလှယ်ဦးဇော်ဌေးက ပြောသည်။

‘‘နောက် UPDJC အစည်း အဝေးတွေကျရင် EAO (တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့) တွေဘက်က NCF (ချင်းအမျိုး သားတပ်ဦး) က ဒေါက်တာလျန် မှုန်းဆာခေါင်းက သူကဒုဥက္ကဋ္ဌ အနေနဲ့ ဆောင်ရွက်မယ်’’ဟု ဦးဇော်ဌေးက ပြောသည်။

အစိုးရအစုအဖွဲ့တွင်လည်း UPDJC ကိုယ်စားလှယ်အပြောင်း အလဲ ပြုလုပ်ခဲ့ရာ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်နွယ်အစား ဗိုလ်ချုပ်စန်းမြင့်က UPDJC ကိုယ်စားလှယ်ဖြစ်လာသည်။

နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကြီးကြပ်ရန် တာဝန်ရှိသည့် UPDJC ကို အစိုးရ၊ နိုင်ငံရေး ပါတီနှင့်တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များမှ ကိုယ်စားလှယ် ၄၈ ဦးဖြင့် ဖွဲ့စည်းထားသည်။

UPDJC ဥက္ကဋ္ဌတာဝန်ကို အစိုးရအစုအဖွဲ့ခေါင်းဆောင်က တာဝန်ယူထားပြီး ဒုဥက္ကဋ္ဌနှစ်ဦး ကို နိုင်ငံရေးပါတီအစုအဖွဲ့ခေါင်း ဆောင်မှလည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ ခေါင်းဆောင်မှ လည်းကောင်း တာဝန်ယူထားသည်။ UPDJC အစိုးရအဖွဲ့ခေါင်းဆောင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး နိုင်ငံရေးပါတီအဖွဲ့ခေါင်းဆောင် မှာ ဦးသုဝေဖြစ်သည်။

ယခုနှစ်ဆန်းတွင် ကျင်း ပခဲ့သော ကရင်အမျိုးသားအစည်း အရုံး (KNU) ခေါင်းဆောင်မှု အ ပြောင်းအလဲက UPDJC အစုအ ဖွဲ့ခေါင်းဆောင် အပြောင်းအလဲ ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်ဟု တိုင်းရင်းသားလက်နက်ကိုင်အစု အဖွဲ့ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောသည်။

ယခုနှစ် ဧပြီက ခေါင်းဆောင် ပိုင်းပြန်လည်ရွေးချယ်သည့် (၁၆)ကြိမ်မြောက် KNU ညီလာခံတွင် ယခင်အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းသည် ဒုဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံရပြီး ယခင်ဗဟိုအလုပ် အမှုဆောင် ပဒိုစော တာဒိုမှူးက အထွေထွေအတွင်း ရေးမှူးဖြစ်လာသည်။ ထို့ကြောင့် KNU က UPDJC တွင် တာဝန်ပေးအပ်ထားသည့် ပဒိုစောကွယ်ထူးဝင်းနေရာ၌ ပဒိုစောတာဒိုမှူး ကို ပြောင်းလဲတာဝန်ပေးအပ်ခဲ့ သည်။ NCA လက်မှတ်ထိုးရှစ်ဖွဲ့ အတွင်း UPDJC အဖွဲ့ခေါင်း ဆောင်နေရာ ပြန်လည်ရွေးချယ် ရာ အဖွဲ့ခေါင်းဆောင်အဖြစ် CNF ဒုဥက္ကဋ္ဌဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း ရွေးချယ်ခံခဲ့ရ သည်။ ယခုကျင်းပသည့် UPDJC အစည်းအဝေးတွင် နိုင်ငံရေးဆွေး နွေးပွဲများ အောင်မြင်စွာ ကျင်းပ နိုင်ရေး ပြင်ဆင်ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူ ဘောင်၊ လုပ်ငန်းလမ်းညွှန်နှင့် သဘောတူညီချက်များ လက် တွေ့လုပ်ဆောင်ရာတွင် စနစ် တကျဖြစ်စေရေး လိုအပ်သည့် Standard Operating Pro-cedure (SOP) တို့ကို အတည်ပြုခဲ့သည်။

UPDJC ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်သည် အခြားတာဝန် များ ဆောင်ရွက်နေ၍ ယခုအစည်း အဝေးသို့ တက်ရောက်နိုင်ခြင်း မရှိပေ။

လက်ရှိ အစိုးရလက်ထက် တွင် သုံးကြိမ်မြောက်ကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံတတိယအစည်းအဝေး)ကို ယခုနှစ် ဒီဇင်ဘာအတွင် ကျင်းပ ရန် သတ်မှတ်ထားသော်လည်း အစည်းအဝေးရက်သတ်မှတ်ရေး ကိစ္စကို နိုဝင်ဘာ ၂၇ ရက်တွင် ကျင်းပမည့် အစိုးရနှင့် တိုင်းရင်း သားအဖွဲ့ထိပ်သီးခေါင်းဆောင် များ၏ JICM အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ဖွယ်ရှိကြောင်း UPDJC ကိုယ်စားလှယ်များက ပြောကြားသည်။

=============

7Day News Journal

http://www.7daydaily.com/story/113956

Share:

Tags: UPDJC,ကိုယ်စားလှယ်အချို့ကို,အပြောင်းအလဲပြုလုပ်

Author : Administrator
Comments
Leave a Comment