• +95 (0)9 425 705 270
  • info@cdes.org.mm

Interview with PPWT leader Padoh Saw Tah Doh Moo, general secretary of KNU

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အနေအထား၊ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်ယူနီယံ တို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးမည့်အပေါ် ကြိုဆိုမှုပြုသွားမည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလုပ်အဖွဲ့ (PPWT) ခေါင်းဆောင်၊ ကေအင်န်ယူ (ကရင်အမျိုးသားအစည်းအရုံး) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနှင့် အင်တာဗျူး
====================================

(က) လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အနေအထားကို ပဒိုဘယ်လိုသုံးသပ်ချင်ပါသလဲ။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ လူတိုင်းလိုချင်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို ရအောင် အားစိုက်ထုတ်တဲ့နေရာမှတော့ မတူကြဘူးဆိုတဲ့ အခြေခံတစ်ခုတော့ရှိတယ်။ အဲဒါတစ်ချက်ပေါ့။ နောက်တစ်ချက်က ငြိမ်းချမ်းရေးကိုအဓိပ္ပါယ်ဖွင့်ဆိုတဲ့နေရာမှာ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်မှာပါဝင်တဲ့ သက်ဆိုင်ရာအစုအဖွဲ့ (Stakeholders) တွေကြားထဲမှာလည်း မတူညီဘူးလို့ ပြောလို့ရတယ်။ အဲဒီတော့ အဓိပ္ပါယ်ဖွင့်ဆိုမှု မတူတဲ့အခါကျတော့ နောက်ဆက်တွဲ အကောင်အထည်ဖော်မှု (implementation) တွေကလည်း မတူကွဲသွားတာပေါ့နော်။ အဲဒီလိုကွဲတဲ့ အခြေခံပေါ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်က သွားလိုက် ရပ်လိုက် အဲဒီလိုပြောလို့ရတယ်။

(ခ) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးတွေနဲ့ပတ်သက်တဲ့ အကြပ်အတည်းတွေကိုရော ပဒိုတို့ NCA-S EAO အနေနဲ့ အစိုးရနဲ့ ဘယ်လို တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ရှိပါသလဲ။ JICM ထပ်ခေါ်ပြီး ဖြေရှင်းမလားပေါ့။

ခုနက ကျွန်တော်ပဏာမမှာ ပြောသွားသလိုပေါ့။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို အဓိပါယ်ဖွင့်ဆိုတဲ့နေရာမှာ ကွဲလွဲမှုအပေါ်အခြေခံပြီးတော့ အခုနောက်ဆက်တွဲကတော့ implementation မှာ ကျွန်တော်တို့ အခက်အခဲလေးတွေ ကြုံရတယ်ဆိုတာ အဲဒီအခြေခံပါပဲ။ အဲတော့ ညှိရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါက NCA ထဲမှာပါတာက ကျွန်တော်တို့က အကြေအလည် ညှိနှိုင်းဆွေးနွေးရမယ်။နိုင်ငံရေးယဉ်ကျေးမှုအသစ်ဆိုတာက အင်အားသုံးပြီး ဖြေရှင်းတာမဟုတ်ပဲ ညှိနှိုင်းပြီး အဖြေရှာရမယ်ဆိုတဲ့ အခြေခံရှိတဲ့အတွက်ကြောင့် အဲဒီအခြေခံကိုပဲ အဓိကထားပြီး ကျွန်တော်တို့ PPST က ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ 
JICM က NCA စာချုပ်အကောင်အထည်ဖော်မှုမှာ အမြင့်ဆုံးအစည်းအဝေး တစ်ခုဖြစ်တာပေါ့။ JICM ကနေပြီးတော့ ပြန်ပြီး ပြင်တာတို့၊ ပြုတာတို့ လုပ်လို့ရတယ်။ ဒါပေမဲ့ JICM မသွားခင် ကျွန်တော်တို့ကြားထဲမှာရှိနေတဲ့ ကွာဟမှုကို ဘယ်လိုပုံစံနဲ့ညှိမလဲ။ အလွတ်သဘော (informal) ပုံစံမျိုးနဲ့ လမ်းအရင်ရှာသင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အလွတ်သဘော အဘက်ဘက်ကပေါ့နော် မိမိတို့ရဲ့စိုးရိမ်မှုတွေကို ဖော်ထုတ်ပြီးတော့ ကျွန်တော်တို့ ဖြေရှင်းမယ်ဆိုရင်တော့ အဓိက ကတော့ အားလုံးရဲ့ရည်မှန်းချက်ကလည်း အတူတူပါပဲ။ ဒီငြိမ်းချမ်းချင်တာက လူတိုင်းပါပဲ။ ၅၁ သန်းသော လူတိုင်းက ဒီလိုပဲငြိမ်းချမ်းချင်တယ်။ ကျွန်တော်တို့လည်း ဒီထဲကပဲဆိုတော့ ငြိမ်းချမ်းချင်တယ်။ ငြိမ်းချမ်းချင်တယ်ဆိုပဲမဲ့ တကယ်နည်းမှန်လမ်းမှန်နဲ့ သွားနိုင်ဖို့ကတော့ ခုနက ပြောတဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ ယဉ်ကျေးမှုကနေ သွားကြရမှာပါပဲ။ အဲလိုသွားမယ်ဆိုရင်လည်း ခုနက ကျွန်တော်ပြောတဲ့ တခါတလေကျရင် formal meeting တွေက သူ့ position ကိုယ့် position ကိုင်ပြီးသွားနေရတဲ့ ပုံစံမျိုးရှိတာကြောင့် ပိုပြီးအလွတ်သဘောဆန်ပြီးတော့ အဖြေရှာတဲ့ပွဲမျိုးတွေဖြစ်တဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ (informal meeting) တွေကို ကျွန်တော်တို့ လုပ်ဖို့ဆိုတဲ့ ပုံစံမျိုးနဲ့ PPST ကတော့ လမ်းညွှန်ထားပါတယ်။

(ဂ) အခု မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်ယူနီယံ အဖွဲ့ ၂ ဖွဲ့ကလည်း အစိုးရနဲ့ NCA လက်မှတ်ထိုးတော့မယ်ဆိုတော့ အဲဒီအပေါ်မှာ ပဒိုတို့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ ဘယ်လို ကြိုဆိုသွားဖို့ရှိပြီးတော့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ရှိလိမ့်မလဲဗျ။

ဝင်လာတဲ့အဖွဲ့တိုင်းကို ကြိုဆိုပါတယ်။ အပြင်မှာ ကျန်ရစ်နေတဲ့ NCA မထိုးရသေးတဲ့ အဖွဲ့တွေကိုလည်း ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ကျွန်တော်တို့ ယုံကြည်တာက NCA လမ်းကြောင်းက ဒီကာလမှာ အသင့်တော်ဆုံးပဲ။ အဲဒီတော့ NCA လမ်းကြောင်းပေါ်အခြေခံပြီးသွားတဲ့ နေရာမှာတော့ ဒီလိုမျိုး သူတို့ထပ်ပြီး ပါဝင်လာခြင်းအားဖြင့် ကျွန်တော်တို့အတွက်လည်း ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာမယ်လို့တော့ မျှော်လင့်ပါတယ်။

(ဃ) ပဒိုအနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲခင်ဗျ။

ငြိမ်းချမ်းရေးကတော့ ပြည်သူတွေအားလုံးလိုချင်သလို အထူးသဖြင့် ကျွန်တော်တို့ ပြည်တွင်းစစ်မှာပါဝင်တဲ့ သက်ဆိုင်ရာ Stakeholders တွေက ပိုပြီးတော့ လိုချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးက တစ်ယောက်နဲ့တစ်ယောက် တန်းတူအသိအမှတ်ပြုပြီးတော့ တန်းတူရည်တူ ဆက်ဆံတဲ့ အခြေခံနဲ့သွားတဲ့ ငြိမ်းချမ်းရေးတော့ ဖြစ်ဖို့လိုတယ်။ နိုင်ငံရေးအရ အဓိပ္ပါယ်ပြည့်ဝပြီးတော့ တန်းတူရည်တူရှိတဲ့ ငြိမ်းချမ်းရေးသာလျှင် မြန်မာပြည်ရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အဖြေဖြစ်လိမ့်မယ်လို့တော့ ကျွန်တော်ထင်တယ်။ 
အခုလိုဖြေကြားပေးတဲ့ ပဒိုကို ကျေးဇူးတင်ပါတယ်ခင်ဗျ။


(A) What is your comment on the ongoing peace process?
The current peace process is in a position closely analogous to eligibel bachelor. The basic fact, however, varies in putitng efforts to achieving peace. In addition, different versions of definition of peace by stakeholders involving in peace process have constitued another basic fact. These variances in ways of interpreting peace have resulted in different implementations of the process. Based on all these different basics the peace process can be perceived to be fluctuating.

(B) Do you-NCA-S EAO- have any plan for further meeting and discussion on the hardships of holding national level political dialogue with the government? Do you think JICM will be called for solution?
As mentioned earlier, we are facing difficulties in the implementation which arose as consequence of different versions of defining peace in Myanmar. Negotitation is required to overcome these difficulties as agreed in NCA that the means of negotiation will be applied to digest in dealing with the issue. We, the PPST, will continue to take effort based on the basic fact that negeotiated settlement is a new political culture for political solution of political issue rather than through the use of force. 
JICM is the supreme or summit meeting for implementing NCA. The power to amend or revise is granted to it. However, a question emerged here how we should negotiate to concilitate the gap among us before resorting to JIMC. Should we take informal negotiation way first? As all parties have common purpose the parties should express their concerns and find out ways to resolve those concerns for meeting common purpose. Peace is desired. 51 million of all public would like to have peace. We are one of those longing for peace as well. In order for us to realize our wish for peace, the proper way is through political negotiated settlement which is a new political culture. As the formal meetings are very formal in that holding one’s position firmly in the meeting, informal meetings are encouraged and directed by PPST to resort to finding solutions.

(C)What are NCA-signatory organizations’ plans for welcoming and collaboration with New Mon State Party and Lahu Democratic Union to sign NCA with government?
Every entering organization is welcome. The same is true for the oraganzations still to sign NCA. Because now is the most appropriate time for peace process to go through via NCA track. Stronger collaboration is expected to enhance by their inclusions in the process based on NCA track.


(D) What would you like to add on your comment finally?
All citizens want peace, especially relevant stakeholders directly involving in civil war want peace more than others do. But the peace we aim for needs to be built on the basic of mutual recognition and equal treatment. I think the only solution to genuine peace in Myanmar is the peace which is politically meaniful and equl in status.

Share:

Tags: Interview,with,PPWT,leader,Padoh,Saw,Tah,Doh,Moo,general,secretary,of,KNU

Author : Administrator
Comments
Leave a Comment