• +95 (0)9 425 705 270
  • info@cdes.org.mm

Saturday School on Federalism (Batch - 2)

Saturday School on Federalism ဒုတိယအတန်းကို ယနေ့ သြဂုတ်လ (၅) ရက်နေ့မှ CDES ရုံးခန်းတွင် ပြန်လည်စတင်ကျင်းပပြုလုပ်လျက်ရှိပါသည်။ ဖက်ဒရယ်စနစ်အကြောင်းကို အမှန်တကယ်စိတ်ပါဝင်စားပြီး ပြန်လည်သင်တန်းပေးလိုသူ လူငယ်များအတွက် အထူးအစီအစဉ်တစ်ရပ်အဖြစ် စနေနေ့ (၄) ရက် သင်တန်းဖြစ်ပါသည်။ ရန်ကုန်မြို့အတွင်း နေထိုင်ကြတဲ့ လူငယ်များအနေနဲ့ စနေနေ့ အားလပ်ရက်များကို ဖက်ဒရယ်အကြောင်းလေ့လာပြီး အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ဖို့ ရည်ရွယ်တဲ့ အစီအစဉ်ဖြစ်ပါသည်။ သင်တန်းအပြီးမှာတော့ ဖက်ဒရယ်စနစ်ဆိုင်ရာ ဝိသေသလက္ခဏာများကို သိရှိနားလည်နိုင်မယ့်အပြင် မိမိကိုယ်တိုင် သင်တန်းများပြန်လည်ပို့ချနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် သင်တန်းပြီးမြောက်ခြင်း Certificate များကိုလည်း CDES မှ ပေးအပ်သွားမှာပါ။ သင်တန်းနေ့များ - သြဂုတ်လ (၅) ရက် (စနေနေ့) သြဂုတ်လ (၁၂) ရက် (စနေနေ့) သြဂုတ်လ (၁၉) ရက် (စနေနေ့) သြဂုတ်လ (၂၆) ရက် (စနေနေ့)။ သင်တန်းအချိန် - မနက် (၁၀း၀၀) နာရီမှ မွန်းလွဲ (၄း၀၀) နာရီအထိ။ သင်တန်းနေရာ - CDES ရုံး (No. 3C5., ရန်ကင်းစင်တာ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး)။
Share:

Tags: Saturday,School,on,Federalism,(Batch,-,2)

Author : Administrator
Comments
  • Dar Nu says:
    26/08/2017

    Hello

Leave a Comment