• +95 (0)9 425 705 270
  • info@cdes.org.mm

မြိတ်တွင်ဖက်​ဒရယ်​​ရေးရာ အလုပ်​ရုံးဆွေး​နွေးပွဲကျင်းပ။

ဖက်​ဒရယ်​​ရေးရာအလုပ်ရုံ​ဆွေး​နွေးပွဲကိုတနင်္သာရီတိုင်း​ဒေသကြီး မြိတ်​မြို့ Grand Jade Hotel တွင် မတ်​ ၈ ရက်​​မှ ၁၀ ရက်​​ထိ သုံးရက်​ကြာ ကျင်းပလျက်ရှိသည်။ ပြည်​သူလူထုကြားတွင်ဖက်​ဒရယ်​စနစ်​အ​ကြောင်းကို ကျယ်​ကျယ်​ပြန့်​ပြန့်​ သိရှိလာ​စေရန်ယင်းကဲ့သို့ကျင်းပရခြင်းဖြစ်​​ကြောင်း ​ဆွေး​နွေးပွဲကျင်းပသူ​များက ​ပြောသည်။

အဆိုပါဆွေး​နွေးပွဲကို တနင်္သာရီတိုင်း​ဒေသကြီး လွှတ်​​တော်​ ဥက္ကဋ္ဌ ဦးခင်​​မောင်​​အေးနှင့်​ လွှတ်​​တော်​ကိုယ်​စားလှယ်​​များ၊ နိုင်​ငံ​ရေးပါတီ​မှ ကိုယ်​စားလှယ်​​များ၊ အရပ်​ဘက်​အဖွဲ့ အစည်းက ကိုယ်​စားလှယ်​​များ အပါအဝင်​ ဖက်​ဒရယ်​အ​ရေး စိတ်​ပါဝင်​စားသူ ၄၀ ဦးဝန်းကျင်​ တက်​​ရောက်​ ဆွေး​နွေး​ကြသည်။

ဖက်​ဒရယ်​​ရေး​ရာ​ဆွေး​နွေးပွဲကို ဂျာမန်​​ဖောင်​​ဒေးရှင်းတစ်​ခုဖြစ်​သည့် ဟန်းဆိုင်ဒယ်​​ ​ဖောင်​​ဒေးရှင်းနှင့်​တိုင်းရင်းသားလူမျိုး​ရေးရာဖွံ့ဖြိုး​ရေးနှင့်​ သု​တေသနအသင်းတို့က ပူး​ပေါင်းကျင်းပ ခြင်းဖြစ်​သည်။

source - http://sdtimedaily.com/2018/03/09/yk06-18/

Share:

Tags: မြိတ်တွင်ဖက်​ဒရယ်​​ရေးရာ,အလုပ်​ရုံးဆွေး​နွေးပွဲကျင်းပ။

Author : Administrator
Comments
Leave a Comment