• +95 (0)9 425 705 270
  • info@cdes.org.mm

မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ
ကြေညာချက်အမှတ်၊ ၁/၂၀၁၈
၁၃၇၉ ခုနှစ်၊ တန်ခူးလဆန်း ၇ရက်
(၂၀၁၈ ခုနှစ်၊ မတ်လ ၂၃ရက်)

မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း

၁။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပါ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဝါဒများ၊ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လူမျိုးကို အခြေခံသည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ်တွင် ကျင်းပနိုင်ရေးအတွက် “မွန်ပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီ” ကိုအောက်ပါပုဂ္ဂိုလ် များဖြင့် ဖွဲ့စည်းလိုက်ပါသည်-

(က) ဒေါ်စံဝင့်ခိုင် (တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)
( ခ) ဗိုလ်မှူးကြီးတင်ထွဋ် (တပ်မတော်)
( ဂ) ဒေါက်တာခင်ဆောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(ဃ) နိုင်ဝင်းလှ (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း)
( င) နိုင်အောင်မငေး (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း)
( စ) ပဒိုစောလှထွန်း (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း)
(ဆ) ဒေါက်တာအောင်ထွန်းခိုင် (နိုင်ငံရေးပါတီ)
( ဇ) မင်းကျော်ဇေယျာဦး (နိုင်ငံရေးပါတီ)
(ဈ) ဦးချမ်းမြင့် (နိုင်ငံရေးပါတီ)

၂။ ယင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီသည် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ပါ ဤပူးတွဲကော်မတီကအတည်ပြုထားပြီးဖြစ်သောပြဋ္ဌာန်းချက်များ၊သက်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်စေရေး၊ စနစ်တကျရှိစေရေး၊လုပ်ငန်းလမ်းညွှန်များနှင့်ညီညွတ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန် ဖြစ်ပါသည်။

(ပုံ) အောင်ဆန်းစုကြည်
ဥက္ကဋ္ဌ
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ

Share:

Tags: မွန်ပြည်နယ်,အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း

Author : Administrator
Comments
Leave a Comment