• +95 (0)9 425 705 270
  • info@cdes.org.mm

၂၁ ရာစုပင်လုံ ကျင်းပနိုင်ရေး အစိုးရနှင့် NCA လက်မှတ်ထိုးအဖွဲ့များ အလွတ်သဘော ဆွေးနွေးမည်။

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဆက်လက် ကျင်းပနိုင်ရေး အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးတိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ ဧပြီ ၂၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ၍ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာများ ကို အလွတ်သဘော ဆွေးနွေးမည်ဟု ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

အပစ်ရပ်အဖွဲ့များ၏ နိုင်ငံ ရေးနှင့် လုံခြုံရေးဆိုင်ရာ ဆွေး နွေးရေးကိုယ်စားလှယ်များပါဝင် သည့် အဖွဲ့ကို ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌပဒို စောကွယ်ထူးဝင်းက ဦးဆောင် မည်ဖြစ်သည်။ KNU ဒုဥက္ကဋ္ဌဦးဆောင်သည့်အဖွဲ့ကို ဧပြီလဆန်းက ထိုင်းနိုင်ငံ ချင်းမိုင်၌ကျင်းပ သည့် အပစ်ရပ်ထိပ်သီးခေါင်း ဆောင်များ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးက ဖွဲ့စည်းခဲ့သည်။

အစိုးရနှင့် မတွေ့ဆုံမီ အ ပစ်ရပ်ကိုယ်စားလှယ်များ အချင်း ချင်းအကြား ညှိနှိုင်းမှုကို(ယနေ့)ဧပြီ ၁၉ ရက်တွင် နေပြည်တော် ၌ ပြုလုပ်မည်ဟု ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။

‘‘တတိယပင်လုံညီလာခံက မလုပ်ဖြစ်သေးတဲ့ဟာကို ပြေ လည်ရာ ပြေလည်ကြောင်း နည်းလမ်းရှာဖွေမယ့်ဟာ ပိုများ တယ်။ မနှစ်က မေလမှာခေါ်ပြီး ဒီနှစ်မေလမှာ ပြန်မခေါ်နိုင်ဘူးဆို ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က သူ့သတ်မှတ်ချက်အတိုင်း အလျဉ် မမီဘူး ဖြစ်နေတာပေါ့’’ ဟု ၎င်း ကဆိုသည်။

၂၁ ရာစုပင်လုံအစည်းအ ဝေးကို ခြောက်လတစ်ကြိမ် ကျင်းပရန် သတ်မှတ်ထားသော်လည်း NCA လက်မှတ်ထိုးအဖွဲ့အချို့၏ လူထုတွေ့ဆုံပွဲများနှင့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်ခြင်းအပါအ၀င် မပြေလည်မှုများရှိနေ၍ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရပြီး တစ်နှစ်ခန့်ကြာ သည်အထိ မကျင်းပနိုင်ဘဲ ဖြစ်နေသည်။ ၂၁ ရာစုပင် လုံဒုတိယအစည်းအဝေးကို ၂၀၁၇ မေလ တွင် ကျင်းပခဲ့သည်။

 ‘‘ဒီအလွတ်သဘောဆွေး နွေးပွဲက အစိုးရသစ်လက်ထက် မှာ နည်းနည်းအားနည်းတယ်။ အားနည်းတော့ တရားဝင်ပွဲကြီး ပွဲလုပ်တဲ့အခါ ညှိလို့မရတဲ့အခါ အခက်အခဲဖြစ်တယ်။ အခက်အ ခဲဖြစ်တော့ အလွတ်သဘောမှာ များများတွေ့ထားရင် တရားဝင်ပွဲ မှာ ပိုလွယ်ကူတာပေါ့’’ဟု အစိုးရနှင့် တွေ့ဆုံမည့် ဆွေးနွေးပွဲနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ယခုအလွတ်သဘောဆွေး နွေးပွဲတွင် ပြီးခဲ့သည့် ၂၁ ရာစုပင် လုံအစည်းအဝေး၌ သဘောတူညီ မှုမရသည့် ပြည်ထောင်စုမှ လုံးဝခွဲမထွက်ရဆိုသည့်အချက်၊ တစ်ခုတည်းသော တပ်မတော်တည်ဆောက်ရေး၊ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းစသည့်ကိစ္စရပ်တို့ပါဝင်ကြောင်း ရခိုင်အဖွဲ့ (ALP) ဒုဥက္ကဋ္ဌခိုင်စိုးနိုင် အောင်က ပြောကြားသည်။

 အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များ အလွတ် သဘော တွေ့ဆုံဆွေးနွေးမည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက မှတ်ချက်ပြု ရန် မရှိသေးဟု ဧပြီ ၁၈ ရက်တွင် ပြောသည်။


source - 7Days

Share:

Tags: ၂၁,ရာစုပင်လုံ,ကျင်းပနိုင်ရေး,အစိုးရနှင့်,NCA,လက်မှတ်ထိုးအဖွဲ့များ,အလွတ်သဘော,ဆွေးနွေးမည်။

Author : Administrator
Comments
Leave a Comment