• +95 (0)9 425 705 270
  • info@cdes.org.mm

Saturday School on Federalism (Batch-2)

တိုင်းရင်းသားလူမျိုးရေးရာဖွံ့ဖြိုးရေးနှင့် သုတေသနအသင်းမှ ကြီးမှူးဖွင့်လှစ်သော ဖက်ဒရယ်သင်တန်းဆင်းပွဲ ကျင်းပ

သတင်း - အောင်ထူးနိုင်


တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (Centre for Development and Ethnic Studies - CDES) မှ ကြီးမှူးဖွင့်လှစ်သော “Saturday School on Federalism” သင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ ရန်ကင်းစင်တာရှိ CDES ရုံးတွင် သြဂုတ် ၂၆ ရက်က ကျင်းပခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့က Studies Centre တစ်ခုဖြစ်တဲ့အတွက် ဒီ Research တွေကို ကျွန်တော်တို့ ပိုမိုလုပ်သွားဖို့ စဉ်းစားနေတယ်” ဟု သင်တန်းဆရာတစ်ဦးဖြစ်သူ ငွန်လျန်စန် (ခ) ဆလိုင်းအိုက်စန် က ပြောသည်။

အဆိုပါ “Saturday School on Federalism” သင်တန်းသည် CDES မှ ဖွင့်လှစ်သည့် အပတ်စဉ် (၂) ဖြစ်ပြီး သြဂုတ် ၅ ရက် မှ သြဂုတ် ၂၆ အထိ အပတ်စဉ် စနေနေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ သင်တန်းဆရာ /ဆရာမများဖြစ်ကြသော ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း(UPDJC အတွင်းရေးမှူးအဖွဲ့ဝင်)၊ မိုင် ဂရေ့(စ်)ငွန်ဇတီာလ်၊ ငွန်လျန်ဆန် (ခ) ဆလိုင်းအာဆန်၊ ဒေါက်တာမိုးစက်(စ်) နှင့် ထောင်ထာလျန်း တို့က ဖက်ဒရယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို သင်ကြားပေးခဲ့ကြသည်။ ယခုသင်တန်းသို့ အနယ်နယ်အရပ်ရပ်ရှိ အဖွဲ့အစည်းအသီးသီးမှ သင်တန်းသား/သူ ၂၆ ဦး တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

“အရင်တုန်းက ဖက်ဒရယ်အကြောင်းတို့၊ ပြည်တွင်းစစ်အကြောင်းတို့၊ တိုင်းရင်းသားတွေ ဘာကြောင့် လက်နက်ကိုင်တိုက်ပွဲဝင်နေကြတယ်ဆိုတာကို စာအုပ်တွေဖတ်တာ သိပ်နားမလည်ခဲ့ဘူး။ အခုဒီသင်တန်း တက်ခွင့်ရခဲ့တာကြောင့် ပိုပြီးရှင်းရှင်းလင်းလင်း သိခွင့်ရခဲ့ပါတယ်” ဟု ယင်းသင်တန်းမှ သင်တန်းသားတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

တိုင်းရင်းသားလူမျိုးများရေးရာဖွံ့ဖြိုးရေးနှင့်သုတေသနအသင်း (CDES) သည် ၂၀၁၂ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ သည်။ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မြှင့်တင်ရန်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အသိပညာနှင့် ကျင့်သုံးမှုများကို မြှင့်တင်ရန်၊ တရာဥပဒေစိုးမိုးရေး၊ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာများကို မြှင့်တင်ရန်၊ မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေးကို အထောက်အကူဖြစ်စေရန် ဖက်ဒရယ်မူဘောင်အတွင်းမှ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို မြှင့်တင်နိုင်ရေးအတွက် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၏ ချိတ်ဆက်မှုကွန်ရက်များကို စုစည်းဖြန့်ကျက်ရန်၊ အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များ၏ ချိတ်ဆက်မှုကွန်ရက်များကို စုစည်းပြီး ဖက်ဒရယ်မူဘောင်အတွင်းမှ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်များကို မြှင့်တင်ရင်း မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းစေရေးကို အထောက်အကူပြုရန် ရည်ရွယ်၍ ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်ဟု သိရသည်။


●—————————————●


The Saturday School on Federalism (Batch-2) of the last day was successfully conducted at Centre for Development and Ethnic Studies (CDES) Office on August 26, 2017. There are 26 total participants with 38% women inclusion from different organizations, societies, and universities. CDES gave the certificate of completion to all participants after finishing the full class of Saturday School on Federalism. 

The program “Saturday School on Federalism” aims to advance the peace and reconciliation process by intensifying the practices of democracy, federalism, gender equality and human rights, as well as to initiate and become an independent program or institution in the future that provides reliable and credible knowledge on federalism.

Objective:

  • To foster knowledge on characteristics of federalism to the new generation of Myanmar.
  • To distribute and generate characteristics of federalism in order to support the peace process. 
  • To encourage and promote the dissemination of professional information on democracy, federalism, human rights and the peace process in Myanmar through in-depth discussions, sharing knowledge and giving lectures. 
  • To create and strengthen the network and communications among the youth with common goals and visions. 


Saturday School on Federalism (Batch-3) will be continued soon.

Share:

Tags: Saturday,School,on,Federalism,(Batch-2)

Author : Administrator
Comments
Leave a Comment