• +95 (0)9 425 705 270
  • info@cdes.org.mm

KIO/KIA ကိုယ်စားလှယ် ဗိုလ်ချုပ်ဂွန်မော်နှင့်တွေ့ဆုံခြင်း။

၂၁ ရာစု ပင်လုံသို့ တက်ရောက် လာသည့် မြောက်ပိုင်းလက်နက် ကိုင်ခုနစ်ဖွဲ့၏ ပြည်ထောင်စုနိုင်ငံ ရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် ကချင်လက် နက်ကိုင်အဖွဲ့ (KIO/KIA) ကိုယ် စားလှယ် ဗိုလ်ချုပ်ဂွန်မော်အား 7Day News အပါအဝင် သတင်း မီဒီယာများက မေးမြန်းထားသည် များကို စုစည်းဖော်ပြလိုက်ပါ သည်။ ယခင် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်သည် လက်ရှိတွင် ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ KIO အဖွဲ့တွင် KIO၊ KIC နှင့် KIA ဟူ၍ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် တပ်ပိုင်းဆိုင်ရာ စုဖွဲ့မှုများရှိသည်။

ဒီပင်လုံနဲ့ပတ်သက်ပြီး မျှော်လင့် ချက်က ဘယ်လိုရှိပါသလဲ။

ဒီတတိယအကြိမ်မှာ ကျွန် တော်တို့က ဘယ်လိုပြန်ပြီး ချိတ် ဆက်လုပ်နိုင်မလဲဆိုတဲ့ နည်းလမ်းရှာဖွေဖို့ဆိုတဲ့ မျှော်လင့်ချက်ကိုပဲ အဓိကထားပါတယ်။

ဒီတစ်ခေါက်ခရီးစဉ်မှာ ဘာများ မျှော်လင့်ထားလဲ။ မကြာမီ တပ်မတော်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ ရှိတယ်ဆိုတော့လေ။

အဓိက ကျွန်တော်တို့ မျှော် မှန်းတာက ဒီတစ်ကြိမ်လာတာက ကျွန်တော်တို့ FPNCC အဖွဲ့ဝင် များက ဒီလုပ်ငန်းစဉ်နဲ့ အချိတ်အ ဆက်က မရှိဘူး။ အဲဒီတော့ ဘယ် လိုအချိတ်အဆက်ရှာဖွေနိုင်မလဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရောက် လာတာဖြစ်ပါတယ်။

မြောက်ပိုင်းမှာလည်း အပစ်အ ခတ်တွေရှိနေတယ်။ ဒီကြားထဲမှာ ငြိမ်းချမ်းရေး ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေတယ်။ အခု ပြန်လည်ပြီး စားပွဲဝိုင်းပေါ် ပြန်ရောက်တဲ့ အနေအထားရှိတဲ့ အတွက် အနာဂတ်အတွက် ဘယ်လိုများ ကောင်းမွန်တဲ့ အလားအ လာရှိမယ်ထင်ပါသလဲ။

အခုအချိန်မှာတော့ ကျွန် တော်တို့ ပုံမှန်ဘယ်လိုပြန်တွေ့ နိုင်မလဲဆိုတဲ့ အချိတ်အဆက်ကို ရှာဖွေနေတဲ့ အနေအထားဖြစ်ပါ တယ်။ အဲဒီအနေအထားရောက် သွားပြီဆိုရင်တော့ ရှေ့ကိုသွားလို့ ရမှာပါ။ မဟုတ်ရင်တော့ ဒီလိုပဲ တစ်ကြိမ်မှာ တရုတ်အစိုးရက ကျွန်တော်တို့ကို တာဝန်ခံပြီး ခေါ် လာလိုက်၊ ပြန်သွားလိုက်ဆိုရင် တော့ ရှေ့တိုးဖို့အတွက် မရှိသေး ပါဘူး။ အဲဒါကြောင့် ပုံမှန် ဘယ် လိုလုပ်နိုင်မလဲဆိုတဲ့ အနေအ ထားတစ်ခုရရှိဖို့ အရေးကြီးပါ တယ်။

ဒီတစ်ခေါက် ပင်လုံညီလာခံက ကျင်းပတာလည်း တစ်နှစ်နောက်ကျတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အခက်အခဲရှိကြောင်း တွေ့ရတာပေါ့။

ဒီ ၂၁ ရာစု ပင်လုံကျင်းပတဲ့ အပိုင်းကတော့ အစိုးရနဲ့ လက် မှတ်ထိုးထားပြီးသား အဖွဲ့တွေ (NCA လက်မှတ်ထိုး တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များ)၊ PC (ငြိမ်းချမ်းရေးကော်မရှင်)ရဲ့ တာဝန်ဖြစ်တဲ့အခါကျတော့ ဘာ ဖြစ်လို့ နောက်ကျသလဲဆိုတဲ့အ ပိုင်း ကျွန်တော်မသိပါဘူး။ အဓိ ကကတော့ ကျန်တဲ့လူတွေ လက် မှတ်မထိုးလို့ဆိုတာ မဟုတ်ပါ ဘူး။ ဒါ သူ့အစီအစဉ်နဲ့သူ သွား နေတာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သွားနေ တဲ့အခါ အဓိကအခက်အခဲက ဘယ်အပိုင်းတွေမှာ ရှိနေပါသ လဲ။

အဓိကအခက်အခဲက နား လည်မှု၊ ဒုတိယအခက်အခဲက တစ်ဖက်နဲ့တစ်ဖက် အဓိပ္ပာယ်ဖွင့် ဆိုချက်ပဲ ဖြစ်ပါတယ်။ တတိယ အချက်ကတော့ NCA ကို ဘယ် လိုလက်မှတ်ထိုးမလဲဆိုတဲ့အပိုင်း ဖြစ်ပါတယ်။ ဒီသုံးပိုင်းကို ကျွန် တော်တို့ ဖြေရှင်းနိုင်မှပဲ အရှေ့ ကို သွားနိုင်မယ်လို့ မြင်ပါတယ်။

တပ်ချုပ်က လက်မှတ်မထိုးသေး တဲ့အဖွဲ့တွေ အမြန်ဆုံးလက်မှတ် ထိုးဖို့ ပြောတာရှိပါတယ်။ ဘယ် လိုသဘောရှိပါသလဲ။

လက်မှတ်မထိုးသေးတဲ့ အ ဖွဲ့တွေကို အမြန်ထိုးပါလို့ ပြော တာက တပ်မတော်ခေါင်းဆောင် ကနေပြီးတော့မှ ထိုးစေချင်တဲ့ သဘောလို့ နားလည်ပါတယ်။ အ မြန်ထိုးပါလို့ပြောတဲ့အခါမှာ ဘယ်လိုထိုးကြမလဲဆိုတဲ့အပိုင်း ညှိနှိုင်း ဖို့လိုပါတယ်။ ကျွန်တော်တို့ဘက် ကလည်း စဉ်းစားမှာပါ။

ကြာနေမယ်ဆိုရင် ဘေးပယောဂ တွေ ဝင်လာနိုင်တယ်ဆိုတဲ့ မှတ် ချက်အပေါ်မှာကော။

ဘေးပယောဂဆိုတာက အ ချိန်မရွေးဝင်နိုင်ပါတယ်။ ထိုးပြီး ရင်လည်း ဝင်နိုင်ပါတယ်။ အမြဲ တမ်းသတိထားရမယ့် အချက်ပါ။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ တွေ NCA ထိုးဖို့ ဘယ်လောက် လိုသေးလဲ။

ကျွန်တော်တို့ NCA ထိုး မလား၊ မထိုးဘူးလားဆိုတာက FPNCC ထဲမှာ ညှိနှိုင်းတာမရှိသေး ပါဘူး။ FPNCC ကနေပြီး တင် သွင်းထားတဲ့ မူဝါဒပဲရှိပါတယ်။ အဲဒီတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ FPNCC က ဒီ သဘောထားတွေကို အရင်ဆွေး နွေးဖို့လိုပါတယ်။ အဲဒါပြီးမှပဲ ထိုး မလား၊ မထိုးဘူးလားဆိုတဲ့အဖြေ က ထွက်လာမှာ ဖြစ်ပါတယ်။

ဒီနေ့ တပ်ချုပ်မိန့်ခွန်းအပေါ် မှတ် ချက်ပြုပေးပါဦး။

တပ်ချုပ်ပြောတဲ့ မိန့်ခွန်းအ ပေါ်မှာ ကျွန်တော်တို့ နားလည် တာက ငြိမ်းချမ်းရေးကို အချိန် မဆွဲဘဲနဲ့လုပ်ဖို့လို့ နားလည်ပါ တယ်။ ဒါကတော့ အားလုံးမှာ တာဝန်ရှိပါတယ်။ အချိန်မဆွဲဖို့ဆို တဲ့အပေါ်မှာလည်း အားလုံးအ ပေါ်မှာ တာဝန်ရှိပါတယ်။ တစ်ဦး တစ်ယောက်၊ တစ်စုံတစ်ယောက် ကို ရည်ညွှန်းတာမဟုတ်ဘူးလို့ပဲ နားလည်ပါတယ်။

လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ ကို အဓိကညွန်းပြီး ပြောသွားတာ မျိုးလည်း ရှိပါတယ်။ အဲဒီအပေါ် မှာ ဘယ်လိုပြောကြားလိုလဲ။

လက်မှတ်မထိုးတဲ့အဖွဲ့တွေ အပြင် လက်မှတ်ထိုးထားတဲ့အဖွဲ့ တွေကိုလည်း ရည်ညွှန်းပါတယ်။ ကျွန်တော်တို့ နားလည်တာက အားလုံးကို အမြန်လုပ်ရအောင်လို့ ဆော်ဩတဲ့သဘောလို့ပဲ နား လည်ပါတယ်။ သို့သော်လည်းပဲ ဒါကတော့ အစိုးရမှာရော၊ တပ် မတော်မှာရော တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။


Source - 7 Day Daily


Share:

Tags: KIO/KIA,ကိုယ်စားလှယ်,ဗိုလ်ချုပ်ဂွန်မော်နှင့်တွေ့ဆုံခြင်း။

Author : Administrator
Comments
Leave a Comment