Books

  • Home/
  • Books

ပင်လုံကတိကဝတ်များ

Author: ဆလိုင်းလျန်မှုန်း
Publish Date: 18 Aug, 2020
Category: Books

Book Review

၁၉၄၇- ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသားလူမျိုးများ၏ ပြည်ထောင်စုအပေါ် ဝေဖန်သုံးသပ်သည့်စာတမ်းများ ဖြစ်သည်။ ဤစာအုပ်ထဲတွင် မြန်မာအစိုးရကိုယ်စား လက်မှတ်ရေးထိုးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မူ (၇) ချက် (သို့မဟုတ်) ပင်လုံစာချုပ်၏ အဓိပ္ပာယ်ဖွင့် ဆိုခြင်း၊ တောင်ကြီးဦးထွန်းမြင့် (ရှမ်း) ၏ ပြည်ထောင်စုအတွင်းမှ တန်းတူသော ရှမ်းပြည်၊ ဇန်ထားရှင် (ကချင်) ၏ ဒီမိုကရေစီပြောင်းပြန်၊ ပူးလျန်အုပ် (ချင်း) ၏ ချင်းလူငယ်များ အကြံပေးချက် စသည့်စာတမ်းများအပြင် စာရေးဆရာဒဂုန်တာရာ၏ ပြည်ထောင်စု မူ (သို့မဟုတ်) အောက်ချင်းငှက်တေးသံဆောင်းပါးတို့ ပါဝင်သည်။

စာမူများကို စုဆောင်းတင်ပြသည့် ဆလိုင်းလျန်မှုန်း၏ အမှာစာတွင်

''ပင်လုံကတိကဝတ်များ ချဉ်းကပ်ရာတွင် ပင်လုံစာချုပ်တစ်ခုတည်းကို ကြည့်၍မရပေ။ ပင်လုံစာချုပ်နှင့်အတူ တောင်တန်းဒေသ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာနှင့် ၁၉၄၇ တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေများကိုပါ သုံးပွင့်ဆိုင်စုပေါင်း လေ့လာကြည့်ရှုမှသာ အဓိပ္ပာယ်ပြည့်စုံနိုင်မည်ဖြစ်ပါသည်။'' ဟူ၍ ရေးသားထားသည်ကိုပါ ဖတ်ရှုရမည်ဖြစ်သည်။

(ဆလိုင်းလျန်မှုန်း မှ စုဆောင်းတင်ပြသည်။)

Download PDF