• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု  ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်ပါအချက်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်သည်။ 

NCA လက်မှတ်ရေးထိုးပြီး ပထမအကြိမ် JICM အစည်းအဝေး ခေါ်သည့်နေ့မှစ၍ NCA စာချုပ်ပါ အချက်အလက်များ အားလုံး အကောင်အထည်ဖော် ပြီးဆုံးသည်အထိ JICM ကို လိုအပ်သလို ညှိနှိုင်း ကျင်းပသွားရမည် ဖြစ်သည်။

 

၁။ JICM အစည်းအဝေး တက်ရောက်မည့် ပုဂ္ဂိုလ်များ

JICM ကို နိုင်ငံတော် အစိုးရဖက်မှ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်မှ ကိုယ်စားလှယ် များနှင့် NCA လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှ တစ်ဖွဲ့လျှင် ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်မည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တစ်ဖွဲ့လျှင် အကြံပေး () ဦးစီ ပါဝင်တက်ရောက်နိုင်သည်။ NCA လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်း အရေအတွက် တိုးလာသည်နှင့်အမျှ JICM အစည်း အဝေး တက်ရောက်မည့် အရေအတွက်ကို ပြင်ဆင်တိုးချဲ့နိုင်သည်။

၂။ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

(က)       တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ပါ အချက်များ ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ( အခန်း - ၃ ၊ အပိုဒ်- ) ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)
(
အခန်း - ၄ ၊ အပိုဒ်- ၁၁) ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) နှင့် အခြားလိုအပ်သော ကော်မတီများ ဖွဲ့စည်းခြင်း (အခန်း - ၅ ၊ အပိုဒ်- ၂၁)

()        အထက်ပါ ကော်မတီများ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် မဖြေရှင်းနိုင်သည့်ကိစ္စရပ်များကို ညှိနှိုင်း ဖြေရှင်းပေးခြင်း (အခန်း - ၇၊ အပိုဒ် ၃၁ ())

()        စာချုပ်ပါ အချက်များ အကောင်အထည်ဖော်ရာတွင် ဝိဝါဒ ကွဲပြားမှုများ ဖြစ်ပေါ်လာပါက ညှိနှိုင်း ဖြေရှင်းပေးခြင်း (အခန်း - ၇၊ အပိုဒ် ၃၁ ())

()      NCA စာချုပ်ပါ အချက်များ အကောင်အထည်ဖော်မှုအပေါ် လိုအပ်သလို ဆန်းစစ်ခြင်း (အခန်း - ၇၊ အပိုဒ် ၃၂)

()        ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဝိဝါဒကွဲပြားမှုများ ဖြစ်ပေါ်လာပါက ညှိနှိုင်းဖြေရှင်း ပေးခြင်း

()        JMC ၏ လုပ်ငန်းလမ်းညွှန်များ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အတည်ပြု ပေးခြင်း

()      JMC မှ ရေးဆွဲထားသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ နှစ်ဖက် လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အတည်ပြုပေးခြင်း

()        UPDJC နှင့် အခြား ကော်မတီများ၏ လုပ်ငန်းလမ်းညွှန်များ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အတည်ပြုပေးခြင်း

 

၃။ အစည်းအဝေး ကျင်းပခြင်း

JICM ပုံမှန် အစည်းအဝေးကို () လလျှင် တစ်ကြိမ် ကျင်းပရမည်။ အရေးပေါ် အစည်းအဝေး ကို လိုအပ်သလို ကျင်းပရမည်။

၎။ အစည်းအဝေး အထမြောက်ခြင်း

JICM အစည်းအဝေးသို့  အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်မှ ကိုယ်စားလှယ်များ အပါအဝင် တစ်ဖက်စီမှ ဆုံးဖြတ်ချက်ချနိုင်သူ (၇၅) % စီ တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။

 

၅။ အစည်းအဝေး ဆုံးဖြတ်ချက်ချမှတ်ခြင်း

JICM သည် လုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် ဆုံးဖြတ်ချက်ချရာတွင် လုံလောက် သော စုပေါင်းသဘောထားပုံစံ (Sufficient Consensus) ဖြင့် ဆုံးဖြတ်စေရမည်။ လုံလောက် သော စုပေါင်းသဘောထားပုံစံ ဆိုသည်မှာ အနည်းဆုံးအနေဖြင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ဖက်မှ တစ်ဖက်ချင်းစီတွင် ထောက်ခံမဲ သုံးပုံနှစ်ပုံ ရ ရမည်ကို ဆိုလိုခြင်း ဖြစ်သည်။

 

၆။ ပြင်ဆင် ဖြည့်စွက်ခြင်း

JICM ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို JICM အစည်းအဝေးတွင် အထက်ပါအပိုဒ် () နှင့် အညီ အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်၍ ပြင်ဆင်ဖြည့်စွက်နိုင်သည်။ 

 

* * * * *

Download PDF