• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ၂၀၁၅ ခုနှစ် အောက်တို ဘာ (၁၅-၁၇) နေ့ရက်များတွင် ကျင်းပသော ပထမအကြိမ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) က ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

      ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးအတွက် ရည်ရွယ်သည်။

 

၁။   ဖွဲ့စည်းမှု

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို နိုင်ငံတော် အစိုးရဖက်မှ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်၊ NCA လက်မှတ် ရေးထိုးကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရားဝင်နိုင်ငံရေးပါတီတို့မှ ကိုယ်စားလှယ်များ အချိုးတူ ပါဝင်စေကာ ဖွဲ့စည်းသွားမည်။

      ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ ဖွဲ့စည်းမှုမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

            ဥက္ကဋ္ဌ

            ဒု-ဥက္ကဋ္ဌ

            ဒု-ဥက္ကဋ္ဌ

            ဒု-ဥက္ကဋ္ဌ

            အတွင်းရေးမှူး

            အတွင်းရေးမှူး

            အတွင်းရေးမှူး 

            အဖွဲ့ဝင်များ

 

၂။   တာဝန်နှင့် လုပ်ပိုင်ခွင့်များ

က။  ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို ကြီးကြပ်လမ်းညွှန် တာဝန်ခံရမည်။

ခ။   ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်အား NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း (၆၀) အတွင်း ရေးဆွဲရန် တာဝန်ရှိသည်။

ဂ။   ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် နိုင်ငံရေး ဆွေးနွေးပွဲများကို NCA လက်မှတ်ရေးထိုးပြီး ရက်ပေါင်း (၉၀) အတွင်း စတင် ကျင်းပရန် တာဝန်ရှိသည်။

ဃ။  ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် နို်င်ငံရေး ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်း၍ အတည်ပြုချက် ရယူနိုင်ရေး အတွက် ဆောင်ရွက်ရမည်။

င။   ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အနေနှင့် မဆောင်ရွက်နိုင်သည့် ကိစ္စရပ်များ၊ အခက်အခဲများ ရှိလာပါက တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) သို့ တင်ပြ၍ ဆုံးဖြတ်ချက် ရယူရမည်။

စ။   ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်ပါက ကော်မတီဝင် ကိုယ်စားလှယ် များ ဖြည့်စွက် ခန့်အပ်ခြင်းနှင့် ပြင်ဆင် ဖွဲ့စည်းခြင်းတို့ကို တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) သို့ တင်ပြ၍ အတည်ပြုချက်ရယူကာ ဆောင်ရွက်နိုင် သည်။

ဆ။  ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) သည် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် လိုအပ်သည့် ဆပ်ကော်မတီများ၊ နည်းပညာ အထောက် အကူပြုအဖွဲ့များနှင့် လုပ်ငန်းအထောက်အကူပြုအဖွဲ့များကို ဖွဲ့စည်း၍ လုပ်ငန်း တာဝန်နှင့် ဝတ္တရားများကို ချမှတ်ပေးရမည်။

ဇ။   ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အတွင်းရေး မှူးများသည် အစည်းအဝေး တစ်ခုနှင့်တစ်ခု ကြားကာလတွင် ဆက်သွယ် ဆောင်ရွက်ရန်နှင့် ကော်မတီ၊ ဆပ်ကော်မတီများ၏ လုပ်ငန်းရပ်များကို ညှိနှိုင်း အကောင်ထည်ဖော် ဆောင်ရွက်ရန် တာဝန်ရှိသည်။

 

၃။   အစည်းအဝေး ကျင်းပခြင်း

က။  ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) စုံညီ အစည်း အဝေးကို () လတစ်ကြိမ် ကျင်းပသွားရမည်။

ခ။   လိုအပ်ပါက ကြားကာလတွင်လည်း အစည်းအဝေး ကျင်းပရန် ညှိနှိုင်း ဆောင်ရွက် နိုင်သည်။

 

၎။   အစည်းအဝေး အထမြောက်ခြင်း

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးသည် ကိုယ်စားပြု တက်ရောက်ခွင့်ရှိသည့် အစုအဖွဲ့တစ်ခုချင်းစီမှ (၇၅ %) တက်ရောက်ပါက အစည်းအဝေး အထမြောက်သည်။

 

၅။   အစည်းအဝေးဆုံးဖြတ်ချက် ချမှတ်ခြင်း

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် လုပ်ငန်း အကောင် အထည်ဖော်ရန်အတွက် ဆုံးဖြတ်ချက်ချရာတွင် အစည်းအဝေး တက်ရောက်လာသော နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီတို့မှ အစုအဖွဲ့တစ်ခုချင်းစီမှ အနည်းဆုံး (၅၀ %) အထက် ထောက်ခံမဲရ၍ တက်ရောက်လာသူ စုစုပေါင်း၏ ထောက်ခံမဲ သုံးပုံနှစ်ပုံဖြင့် ဆုံးဖြတ်နိုင်သည်။

 

၆။   အထွေထွေ

က။  ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် NCA ပါ သဘောတူညီချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် နိုင်ငံရေး ဆွေးနွေးပွဲများ အဆင့်ဆင့် ကျင်းပခြင်းနှင့် စပ်လျဉ်း၍ လိုအပ်သော စည်းမျဉ်း စည်းကမ်းများ၊ ကြော်ငြာစာများ၊ လုပ်ထုံးလုပ်နည်းများအား ကော်မတီဝင် ကိုယ်စားလှယ်များနှင့် အခြား ကော်မတီဝင်များ သိရှိနိုင်ရန်အတွက် ထုတ်ပြန်နိုင် သည်။

ခ။   ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် ရုံးလုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ကြော်ငြာစာများ၊ လမ်းညွှန်ချက်များနှင့် အသိပေးစာများ ထုတ်ပြန်နိုင်သည်။

၇။         ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို JICM ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ အပိုဒ်ခွဲ () အရ JICM အစည်းဝေးများတွင် ပြင်ဆင် ဖြည့်စွက်နှိုင်သည်။

Download PDF