• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

၁။   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း () ဖွဲ့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် “Nationwide Ceasefire Agreement” (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ပါသည်။

 

၂။   တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး “Joint Implementation Coordination Meeting” (JICM) ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ်ပါ အခန်း () အပိုဒ် (၂၁) အပိုဒ်ခွဲ (က) () အရ ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့၊ နေ့လယ်ပိုင်းတွင် စတင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းညှိနှိုင်း အစည်းအဝေးကို ဒုတိယသမ္မတ၊ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်၍ အောက်တိုဘာလ (၁၆၊ ၁၇) ရက်နေ့များတွင် နေပြည်တော်၌ ဆက်လက် ကျင်းပခဲ့ပါသည်။

 

၃။   ဤ ညှိနှိုင်း အစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ “Joint Monitoring Committee” (JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ “Union Peace Dialogue Joint Committee” (UPDJC) များကို ဖွဲ့စည်းနိုင်ခဲ့ကြပါသည်။

၎။   တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးရာတွင် မပါဝင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဂုဏ်သိက္ခာရှိစွာ ပူးပေါင်း ပါဝင်လာနိုင်ရေးအတွက် နှစ်ဘက် ကြိုးပမ်း ဆောင်ရွက်သွားရန် သဘောတူကြပါသည်။

 

၅။   ဒုတိယအကြိမ် JICM အစည်းအဝေးကို နိုဝင်ဘာလ လလယ်ပိုင်းတွင် ထပ်မံ ကျင်းပရန် သဘောတူခဲ့ကြပြီး (NCA) စာချုပ်ပါ သဘောတူညီချက်များနှင့်အညီ နိုင်ငံရေး ဆွေးနွေးပွဲ များ ကျင်းပနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါ သည်။

 

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး

Download PDF