• +95 (0)9 425 705 270
  • info@cdes.org.mm

Documents

  • Home/
  • Documents

၁။   ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည့် အချိန်မှစ၍ မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ် (Bilateral Agreement) များကို နှစ်ဖက် လက်မှတ် ရေးထိုးနိုင်ခဲ့ကြပါသည်။

၂။   ယင်းကဲ့သို့ တစ်ဖွဲ့ချင်း သဘောတူညီချက် ရယူခြင်းမှ တစ်ဆင့်တက်၍ အစုအဖွဲ့ဖြင့် ဆွေးနွေး ညှိနှိုင်းရေးကို အစိုးရဘက်မှ လက်ခံလာခဲ့သည့် အတွက် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ () ရက်နေ့မှစ၍ အဖွဲ့ (၁၆) ဖွဲ့၏ ကိုယ်စားလှယ်များ ပါဝင်သည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့သည်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်” (မူကြမ်း) ကို စတင် ရေးဆွဲပြုစုခဲ့ကြ ပါသည်။

၃။   အချိန်ကာလ () နှစ်နီးပါး ကြာမြင့်ပြီးနောက် ညှိနှိုင်း ဆွေးနွေးဘက် နှစ်ဖက်သည် ပါဝင်လက်မှတ်ရေးထိုးမည့် အဖွဲ့အစည်းများကိစ္စမှအပတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ () ရက်နေ့တွင် သဘောတူညီမှု ရရှိခဲ့ပါသည်။

၎။   ထိုသို့ အားလုံးသဘောတူညီထားသည့် NCA စာချုပ်ကို မိမိတို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း () ဖွဲ့မှ ပါဝင် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့ပါသည်။ ထို့အတူ လတ်တလော ပါဝင် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေး သည့် အဖွဲ့အစည်းများ အနေဖြင့်လည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဂုဏ်သိက္ခာရှိရှိ အတူတကွ ဆက်လက် ပါဝင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၅။   ဤသို့ဖြင့် NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်သည့် မိမိတို့ () ဖွဲ့မှ ကိုယ်စားလှယ် များသည် NCA လက်မှတ်ရေးထိုးပွဲ ကျင်းပနိုင်ရေးအတွက် အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် ဆက်လက် ညှိနှိုင်းကြရာ NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျင်းပရန် သဘောတူခဲ့ကြပြီး NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ရည်မှန်းထားသည့်အတိုင်း အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ 

၆။   ထိုသို့ လက်မှတ် ရေးထိုးပြီးနောက် မိမိတို့အဖွဲ့အစည်း () ဖွဲ့သည် တစ်ဖွဲ့ချင်းစီ၏ အခက်အခဲများကို သော်လည်းကောင်း၊ အဖွဲ့အစည်း () ဖွဲ့လုံးနှင့်သက်ဆိုင်သည့် အခက်အခဲများကို သော်လည်းကောင်း စုပေါင်းညီညွတ်မှုဖြင့် ကြိုးပမ်း ဖြေရှင်း ဆောင်ရွက်သွားကြရန် သဘောထားချမှတ်ခဲ့သည်။

၇။   တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို နိုင်ငံတော် သမ္မတ ဦးဆောင်သည့် အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော် ခေါင်းဆောင်ကြီး များနှင့်အတူ နိုင်ငံတကာ အသိသက်သေ၊ ပြည်တွင်း အသိသက်သေများ ရှေ့မှောက် တွင် စုံစုံညီညီ ပါဝင်လက်မှတ်ရေးထိုးကြခြင်းဖြင့် ကတိကဝတ်ကို အခိုင်အမာ ရရှိပြီး ဖြစ်သည်ဟု မိမိတို့ ယုံကြည်သည်။ ထို့ကြောင့် NCA ပါ ပြဌာန်းချက်များကို ချက်ချင်း အကောင်အထည်ဖော်သည့် အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကို ဦးတည်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅-၁၇) ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီ “Joint Monitoring Committee” (JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ “Union Peace Dialogue Joint Committee” (UPDJC) များကို ဖွဲ့စည်းနိုင်ခဲ့ကြပါသည်။

၇။   တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နှစ်ဖက်လုံးက ဆက်လက် ကြိုးပမ်းကြရမည် ဖြစ်ပါသည်။ ထိုသို့ အောင်မြင်နိုင်ရေးအတွက် မိမိတို့ () ဖွဲ့၏ စုပေါင်း တောင်းဆိုချက် များမှာ-

(က) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သည် အသက်ဝင်လာပြီး ဖြစ်၍ ပြည်ထောင်စု တစ်ဝှမ်းလုံးသို့ သက်ရောက်မှု ရှိစေရန် ပစ်ခတ်တိုက်ခိုက်မှုများ၊ ရန်လိုမှုများ လျှော့ချ ရပ်ဆိုင်းရန် -

(တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် ဝန်ခံကတိပြုကြခြင်းဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အစိုးရနှင့် တပ်မတော်က လက်ခံခြင်း၊ ဖက်ဒရယ်စနစ်ဖြင့် ပြည်ထောင်စုကို တည်ဆောက်ရန် သဘောတူခြင်းတို့ကို ရရှိခဲ့ပါသည်။ NCA ကို ခိုင်မာစေ၍  ပါဝင်လက်မှတ်ရေးထိုးသူ နှစ်ဦးနှစ်ဖက်သည် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင် ချောမောစွာ ကျင်းပနိုင်ရေးကို အတူတကွ အကောင်အထည်ဖော်ဆောင်ကြရန်-

(ပြည်တွင်းနှင့် နယ်စပ်ဒေသရှိ စစ်ပြေး/စစ်ရှောင် IDPs များ၊ ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားသော အကူအညီများ အမြန်ဆုံးရောက်ရှိစေရန်-

() ထို့အပြင် မိမိတို့အနေဖြင့် နိုင်ငံရေး အကျဉ်းသားများ၊ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရန် ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံကြရသော ကျောင်းသား/ကျောင်းသူ များနှင့် ဝန်းရံသူများကို အမြန်ဆုံးလွှတ်ပေးရန် အလေးအနက်ထား တောင်းဆို ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။

 

 

 

ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး  (KNU)    

ကေအဲန်ယူ/ကေအဲန်အယ်လ်အေ (ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)

ချင်း အမျိုးသားတပ်ဦး  (CNF)

 ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်  (DKBA)  

ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်  (PNLO) 

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ  (RCSS)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး  (ABSDF)           

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ  (ALP)

Download PDF