Books

  • Home/
  • Books

ကျနော် သူပုန်ဖြစ်လာပုံ

Author: ခွန်းဆေ
Publish Date: 10 Nov, 2014
Category: Books

Book Review

ဤစာအုပ်ကို ရေးသားသူ ခွန်းဆေသည် ဗမာပြည်မတွင် ကြီးပြင်းပြီး ဗမာတောထဲ နေခဲ့သူဖြစ်သည်။ ဗမာသံဖြင့် ဗမာသီချင်းတွေကို ရေးသားခဲ့ဖူးသူလည်း ဖြစ်သည်။ သူ့ကို လက်နက်ကိုင်တော်လှန်ရေးထဲသို့ တွန်းပို့လိုက်သော တရားခံသည် 'အမြင်ကျဉ်း၊ အမိန့်ပေးစနစ်' ဟု ဆိုထားသည်။

သူ့စာအုပ်ထဲတွင် ကောင်းသောဗမာနှင့် ဆိုးသောဗမာကို ခွဲပြထားသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဗမာကောင်းတွေကတော့ ဗမာဆိုးတွေ၏ ကျွန်ပြုနှိပ်စက်ခြင်းဒဏ်ကို ခံနေကြရသည်ဆိုသော သဘောကို ဖော်ပြထားသည်။

         ၁၉၆၀ လွန်ကာလတွေတုန်းက ရှမ်းအမျိုးသားနိုင်ငံရေးသမားများနှင့် တော်လှန်ရေးအဖွဲ့အစည်းများအကြားတွင် ကွန်မြူနစ်ဝါဒ သြဇာ လွှမ်းမိုး ခဲ့ဖူးကြောင်းကိုလည်း ရေးသားထားသည်။ ခေတ်အဆက်ဆက်မှာ အာဏာရအစိုးရတွေက မူးယစ်ဆေးဝါးကို မက်လုံးအဖြစ်ရော၊ လက်နက်အဖြစ်ပါ အသုံးပြုခဲ့ကြကြောင်းကို ထောက်ပြထားသည်။ ပြည်တွင်းစစ်ရှိနေသမျှကာလပတ်လုံးတွင် မူးယစ်ဆေးဝါးပြဿနာက တ၀ဲလည်လည်ဖြင့် ဆက်ရှိနေဦးမည့် အကြောင်းကိုလည်း ဝေဖန်သုံးသပ်ပြထားသေးသည်။ စာရေးသူက နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဆွေးနွေးဖို့အကြောင်းကို ပြောရင်း ဤသို့ဆုတောင်းစကားကိုပါ ရေးသားထားသည်။

         ''ကျနော်တို့ရှေ့က နိုင်ငံ့ခေါင်းဆောင်တွေတွေ လုပ်ခဲ့သလို ပြည်ထောင်စုကြီးအတွင်းက တိုင်းရင်းသားလူမျိုးတွေကို သူပုန်ဖြစ်အောင် ဖန်တီးတဲ့အတွေးအမြင်၊ အပြောအဆို၊ လုပ်ရပ်တွေကို ရှောင်ရှားပြီး သွေးသောက်မိတ်ဆွေတွေ၊ သားချင်းတွေလို ထာဝရဖြစ်သွားအောင် ဖန်တီးတဲ့ အတွေးအမြင်၊ အပြောအဆိုနဲ့ လုပ်ရပ်တွေကို ကျင့်သုံးလုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။''

 ဤဆုတောင်းစကားကပင်လျှင် စာအုပ်ရေးရခြင်း၏ အဓိကအကြောင်းတွေထဲ တခုဖြစ်မည်ထင်ပါသည်။

Download PDF

Related Books