Books

  • Home/
  • Books

ပင်လုံစိတ်ဓာတ်မှသည် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆီသို့

Author: ခွန်းမတ်ရ်ကိုဘန်
Publish Date: 6 Jan, 2014
Category: Books

Book Review

''ပင်လုံစာချုပ်သည် အနိုင်အရှုံးစာချုပ်မဟုတ်ပါ။''

''ပင်လုံစာချုပ်၏ အနှစ်သာရသည် သီးခြားစီတည်ရှိသည့်တိုင် တိုင်းရင်းသားနယ်မြေများ တပြိုင်တည်းလွတ်လပ်ရေး ရယူရန်နှင့် အမျိုးသားတန်းတူရည်တူ

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ဟူသော အချက် နှစ်ချက်ဖြစ်သည်။''

စာရေးသူ၏ မှတ်ချက်စကားတွေဖြစ်သည်။ ဤစာအုပ်တွင် ပဒေသရာဇ်ခေတ်နှင့် အင်္ဂလိပ်ကိုလိုနီခေတ်တုန်းက တိုင်းရင်းသားနယ်မြေ များ၏ အနေအထား၊ လွတ်လပ်ရေးကြိုးပမ်းခြင်း၊ ပင်လုံညီလာခံအကြိုကာလနှင့် ပင်လုံစာချုပ်၊ ပင်လုံစာချုပ်နှင့် ဆက်စပ်သော ပင်လုံစိတ်ဓာတ် ပဋိဉာဉ်များ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးနှင့် ပြည်တွင်းစစ်၊ မဆလတပါတီဖက်ဆစ်အာဏာရှင်ခေတ်ကာလ၊ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ ဥပဒေများ ကို ပြန်လည်သုံးသပ်ခြင်း ... စသည်ဖြင့် အခန်း (၁၃) ခန်းခွဲ၍ လေ့လာတင်ပြထားသည်။

         စာရေးသူက သူ့အမှာစာတွင်

         ''ပင်လုံစိတ်ဓာတ်သည်သာလျှင် မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒကို ဖယ်ရှားနိုင်ပြီး တိုင်းရင်းသားလူမျိုးများ အချင်းချင်းကြားတွင် ရှိနေသော လူမျိုးကြီး၊ လူမျိုးငယ် ဖိနှိပ်ချုပ်ချယ်မှုပုံစံအားလုံးကိုလည်း ဖယ်ရှားနိုင်မည်ဖြစ်ပေသည်။''

         ဟူသော မှတ်ချက်ပေးထားသည်။ ၁၉၄၇၊ ဖေဖော်ဝါရီလ (၁၀) ရက်တုန်းက ပင်လုံတွင် ကျင်းပသော တောင်တန်းဒေသညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းထဲမှ ဤစကားကိုလည်း စာအုပ်ထဲ၌ ကိုးကားထားသည်။

         ''ဗမာလူမျိုးသည် ဗြိတိသျှကျွန် မဖြစ်လိုကြောင်း၊ ထိုနည်းတူ တောင်တန်းလူမျိုးများသည်လည်း ဗမာကျွန်အဖြစ် မဖြစ်စေရကြောင်း။''

Download PDF

Related Books