Books

  • Home/
  • Books

အမျိုးသားရေးလှုပ်ရှားမှုနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ အခန်းကဏ္ဍတစေ့တစောင်း

Author: ခူဦးရယ်
Publish Date: 9 Dec, 2013
Category: Books

Book Review

''သမိုင်းကို ပြန်ကြည့်လျှင် ကရင်နီပြည်သည် ထိုင်း (ဇင်းမယ်) ဘုရင်နှင့် မြန်မာဘုရင်တို့၏ အုပ်ချုပ်မှုပိုင်နက်နယ်မြေ မဟုတ်ခဲ့ပါ။ ဇင်းမယ်ဘုရင်နှင့် မြန်မာဘုရင်တို့၏ ကျူးကျော်တိုက်ခိုက်မှုများကို ခုခံခဲ့သည့်သမိုင်းကို ဤစာအုပ်တွင် တွေ့ကြရမည်။ ထို့အပြင် ကရင်နီပြည်သည် အင်္ဂလိပ်ကိုလိုနီဒေသမဟုတ်ခဲ့သလို ဗမာ (မြန်မာ) ဘုရင်၏လက်အောက်ခံနယ်မြေလည်း မဖြစ်ခဲ့ကြောင်းကိုပါ တွေ့ကြရမည်ဖြစ်သည်။''

         ထုတ်ဝေသူ၏အမှာစာမှာ ရေးသားထားတာဖြစ်သည်။ ကရင်နီလူမျိုး၏နောက်ခံသမိုင်းအကျဉ်း၊ ကရင်နီမှ ကယားသတို့ အမည်နာမ ပြောင်းလဲခြင်း၊ ကရင်နီအမျိုးသားတော်လှန်ရေး စတင်ပေါ်ပေါက်လာခြင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ စတင်ဖွဲ့စည်းခြင်း၊ ပထမအကြိမ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ အုပ်စုနှစ်ခြမ်းကွဲပြီးနောက် ပါတီအတွင်းခေါင်းဆောင်သစ်များ ပြန်လည်ရွေးချယ်တင်မြှောက်ခြင်း၊ ဗမာ့တပ် မတော်ထိုးစစ်နှင့် နယ်စပ်အခြေခံစခန်းများအခြေအနေ၊ န၀တ၊ နအဖစစ်အစိုးရတို့နှင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးခြင်း၊ သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့နှင့် တကျော့ပြန်အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးခြင်း ... စသော အကြောင်းအရာများ အပါအ၀င် အခန်း (၄) ခန်း ခွဲ၍ တင်ပြထားသောစာအုပ်ဖြစ်သည်။

စာရေးသူ၏အမှာစာတွင် ဤသို့ရေးသားထားသည်။

         ''ကရင်နီအမျိုးသားတိုးတက်ရေးပါတီသည် ကာလစဉ်ဆက် တသီးတခြားတည်ရှိလာခဲ့သည့် ကရင်နီပြည်မှ ၁၉၄၈ ခုနှစ် ဗမာပြည် လွတ်လပ်ရေးရရှိပြီးနောက် ဗမာပြည်၏ ဖိနှိပ်အနိုင်ကျင့်သောအစိုးရအဆက်ဆက်ကို ခုခံတော်လှန်တိုက်ပွဲဝင်ရာတွင် နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်ရန်အတွက် အစောဆုံး ဖွဲ့စည်းခဲ့သည့် ဦးဆောင်နိုင်ငံရေးပါတီတရပ်ဖြစ်သည်။''

Download PDF

Related Books