Books
- Home/
- Books
စာရေးသူနိုင်ဟံသာက
သူ၏အမှာစကားတွင် ဤသို့ရေးထားသည်။
''သမိုင်းကို ပြုစုရေးသားခြင်းသည် အနာဂတ်လူသားများအတွက်
ကောင်းကျိုးပြုသော အရေးပါသည့်လုပ်ငန်းစဉ်တခုဖြစ်သည်ဟု ယုံကြည်သည်။''
ဤစာအုပ်တွင် အပိုင်း (က) မှ အပိုင်း (ဈ) အထိ အပိုင်း (၉) ပိုင်းခွဲ၍ရေးသားတင်ပြရာတွင် မွန်လူမျိုးတို့၏နောက်ခံသမိုင်းအကျဉ်းမှ စ၍ အမျိုးသားလွတ်မြောက်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်ခဲ့ရပုံ၊ လက်နက်ကိုင်တော်လှန်ရေးပေါ်ပေါက်လာပုံ၊ မွန်နှင့်ကရင် ဆက်ဆံရေး၊ မွန်အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုဖွဲ့ခြင်း၊ မွန်ပြည်သူ့တပ်ဦး၏နိဂုံးနှင့် မွန်ပြည်သစ်ပါတီပေါ်ပေါက်လာခြင်း၊ ရေရှည်တော်လှန်ရေး ခရီးလမ်းပေါ်မှာ လျှောက်ခဲ့ရသော မွန်ပြည်သစ်ပါတီအကြောင်း၊ မွန်နှင့်ကရင်တို့ကြားမှ လက်နက်ကိုင်တိုက်ပွဲများ၊ ရှစ်လေးလုံးကျောင်းသား များ ဘုရားသုံးဆူဒေသသို့ ရောက်ရှိလာခြင်း၊ ဘုရားသုံးဆူဒေသမှ ပြောင်းရွှေ့ရခြင်း၊ မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့ အပစ်ရပ်ခြင်း၊ အပစ်ရပ် ပြီးနောက်ပိုင်းအခြေအနေများ၊ မွန်အမျိုးသားထုအတွင်း ဆောင်ရွက်နေသော စည်းလုံးညီညွတ်ရေးလုပ်ငန်းများ ... အစရှိသည်တို့ကို ရေးသား ထားသည်။ ထို့ပြင် ကွယ်လွန်သွားကြပြီဖြစ်သော ခေါင်းဆောင်များနှင့်ပတ်သက်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တချို့ကိုလည်း ရေးသား ထားသည်။ စာရေးသူက သူ့အမှာစာတွင်
''အတိတ်အကြောင်းကို ကောင်းစွာ နားမလည်ဘဲ ပစ္စုပ္ပန်တွင် ကောင်းစွာ ဦးဆောင်နိုင်မည် မဟုတ်ပါ။ ထို့အတူ ပစ္စုပ္ပန်လုပ်ငန်းတွင် ကောင်းစွာ ဦးမဆောင်နိုင်ပါက အနာဂတ်သည်လည်း ကောင်းမွန်လှပနိုင်မည် မဟုတ်ပါ။'' ဟု ရေးသားထားခြင်းကိုပါ ဖတ်ရှုရပါမည်။