Books

  • Home/
  • Books

ချင်းအမျိုးသားတပ်ဦးနှင့် ကျွန်ုပ်၏တော်လှန်ရေးအတွေ့အကြုံများ

Author: သောမတ်စ်ထန်နိုး
Publish Date: 11 Nov, 2013
Category: Books

Book Review

ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့ကြသော ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်မှ ချင်းတက္ကသိုလ်ကျောင်းသားများက ချင်းအမျိုးသားတပ်ဦး (CNF) ကို ထူထောင်ရာတွင် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။သောမတ်စ်ထန်နိုးသည် ပါတီတွင်း အကွဲအပြဲဖြစ်နေချိန်နှင့် CNF ဆက်လ က်ရှင်သန်နိုင်ရေးကို စိန်ခေါ်နေသည့်ကာလတွင် တပ်ဦး၏ ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်အဖြစ် ရွေးချယ်ခြင်းခံရပြီး တပ်ဦးကို ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့သည်။

         ဤစာအုပ်တွင် စာရေးသူကကေအိုင်အေဌာနချုပ်မှ စစ်သင်တန်းအတွေ့အကြုံ၊ ငယ်စဉ်ကာလဘ၀အတွေ့အကြုံ၊ စာဖတ်ဝါသနာကြောင့် အမှန်တရား ကိုမြင်လာခဲ့ပုံ၊ တော်လှန်ရေးကာလ၏စိန်ခေါ်ချက်များကို ကျော်လွှားခဲ့ရပုံ၊ ချင်းအမျိုးသားတပ်ဦး၏ လှုပ်ရှားဆောင်ရွက်ချက်များ အပါအ၀င် သောမတ်စ်ထန် နိုးနှင့် တွေ့ဆုံမေးမြန်းခြင်းတို့ကိုပါ ဖော်ပြထားသည်။

အင်တာဗျူးထဲတွင် ဤသို့ပြောပြထားသည်။

                 ''ကျနော်တို့ ချင်းအမျိုးသားများဟာ ခြောက်တိုင်း မကြောက်၊ ချော့တိုင်း မပျော့ဖို့ လိုတယ်။ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိ အတိုင်း မြင်တတ်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့မျိုးဆက်မှာ ဘိုးဘွားတို့ လိုချင်ခဲ့ကြတဲ့ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကို မရခဲ့တဲ့ တိုင် တော်လှန်ရေးတာဝန်ကို နောင်မျိုးဆက်သစ်များ အဆက်ဆက်က ဒီရည်မှန်းချက်တွေကို မအောင်မြင်မချင်း တပင်လဲ တပင်ထူဆိုသလို တာဝန် ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။'' (စာ- ၃၅၈)

Download PDF

Related Books