Books

  • Home/
  • Books

ဒီမိုကရေစီကျင့်စဉ်တရားများ

Author: ဆလိုင်းလျန်မှုန်း
Publish Date: 5 Jun, 2012
Category: Books

Book Review

‘ဒီမိုကရေစီ’ ဆိုသည့်စကားလုံးကို ‘လူထုအုပ်ချုပ်ခြင်းစနစ်’ ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုခြင်းမှ ‘လူထုထံတွင်အာဏာရှိခြင်း’ ဟူ၍ ရှင်းပြခြင်းအထိ အကျုံးဝင်ဆက်စပ်နေသော ‘ဒီမိုကရေစီဆိုတာဘာလဲ’ ဆိုသည့်အခန်းတွင် နိုင်ငံရေးအာဏာကျင့်သုံးပုံကျင့်သုံးနည်း၊ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုစနစ်တွင် အာဏာခွဲဝေသုံးစွဲခြင်း၊ ဒီမိုကရေစီစနစ်အတွင်းရှိ အစိုးရ၊ွှန့်ပေါင်းအစိုးရနျင့် အတိုက်အခံပါတီများအကြောင်း၊ အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမှု၊ မရှိမဖြစ်လိုအပ်သည့် လူမှုအခြေပြုအဖွဲ့အစည်းများ၊ ဒီမိုကရေစီစနစ်တွင်ထားရှိအပ်သော တပ်မတော်၏ အခန်းကဏ္ဍ … စသည့် အကြောင်းတွေကို ရေးသားထားသည်။

          အပိုင်း(၂)တွင် ဒီမိုကရေစီစနစ်နှင့် အခြေခံသော လွတ်လပ်ခွင့်များ အကြောင်းကို ရေးသားရာတွင် အခြေခံလူ့အခွင့်အရေးများ၊ လွတ်လပ်စွာပြောဆိုရေးသားခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်၊ လူတည်းစုများ၏ အခွင့်အရေးကို ကာကွယ်ခြင်း၊ အမျိုးသမီးများအခွင့်အရေး၊ ပညာရေးလွတ်လပ်ခွင့် … စသည့် ကဏ္ဍများပါဝင်သည်။

          စာအရေးသူ၏ အမှာစာတွင် “ဒီမိုကရေစီကျင့်စဉ်တရားကြောင့်လူ့ဘောင်အဖွဲ့အစည်းတွင် လွတ်လပ်မှု ပွင့်လန်းရှင်းသန်ပြီး၊ လွတ်လပ်မှုကြောင့် လူသားတဦးချင်းစီ၏ အသိဥာဏ်ဖွံ့ဖြိုးတိုးတက်မှုများလည်း ပိုမိုကျယ်ပြန့်နက်ရှိုင်းနေဆဲဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်စည် လူသားတို့၏ အသိဥာဏ်ပွင့်လန်းရှင်သန်မှုအတွက် အခြေခံအကျဆုံးသော ‘သော့ချက်’ ဖြစ်သည်။ လူ့သမိုင်းတိုးတက်မှုအတွက် အထက်မြက်ဆုံးစွမ်းအားတရပ်လည်းဖြစ်သည်” ဟူ၍ ရေးသားထားသည်။

Download PDF