Books
- Home/
- Books
(တိုက်ပွဲဝင်စာတမ်းများနှင့် မိန့်ခွန်းများ၊ ၁၉၈၈- ၂၀၀၈)
စာရေးသူ ဤစာအုပ်တွင် အပိုင်း (၃) ပိုင်းခွဲ၍ တင်ပြထားသည်။ အပိုင်း (တစ်) တွင် ၁၉၉၀ ကာလအတွင်း ပြည်တွင်းနိုင်ငံရေးသမား လောကတွင် ရှိနေခိုက်က ရေးသားဟောပြောချက်များတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် လူမျိုးစုပြဿနာ၊ ဒီမိုကရေစီရေးနှင့် တန်းတူရေးပြဿနာ၊ ခွဲထွက်ရေးနှင့် တန်းတူရေးပြဿနာ၊ ခွဲထွက်ရေးနှင့် တန်းတူရေးပြဿနာ၊ ရွေးကောက်ပွဲအပြီး လက်ငင်းရင်ဆိုင်နေရသော နိုင်ငံရေးပြဿနာများ သုံးသပ်ချက်စာတမ်း... အစရှိသည်တို့ ပါဝင်သည်။ အပိုင်း (နှစ်) တွင် ၁၉၉၁ မှ ၂၀၀၀ ပြည့်နှစ်ကာလအတွင်း ပြည်ပြေးဘ၀ဖြင့် ရေးသား ထုတ်ဝေခဲ့သော စာတမ်းများ ပါဝင်သည်။ အမျိုးသားညီလာခံကျင်းပရေးနှင့် န၀တ၏နောက်ဆုံးခံတပ်၊ ဗမာလော မြန်မာလော၊ န၀တစစ်အစိုးရ၏ ပြည်ထောင်စု အမည်ပြောင်းလဲမှုအပေါ် တုံ့ပြန်ချက်... အစရှိသော စာတမ်းများဖြစ်သည်။ အပိုင်း (သုံး) တွင် ၂၀၀၁ မှ ၂၀၀၈ ကာလ ဒီမိုကရေစီ အရေးတော်ပုံကြီး၏ တော်လှန်ရေးစခန်းသို့ ပြန်လာပြီးနောက်ပိုင်း ရေးသားဟောပြောချက်များကို ဖော်ပြထားသည်။ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်ချက်များ၊ ပြည်နယ်များဖွဲ့စည်းပုံအခြေ ခံဥပဒေ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းစဉ်၊ ရွှေဝါရောင်တော်လှန်ရေးအပြီး လက်ရှိနိုင်ငံရေးအခြေအနေများကို ရှုထောင့် (၃) ရပ်ဖြင့် သုံးသပ်သည့်စာတမ်း၊ မဟာလူမျိုးကြီးဝါဒကို အခြေခံ၍ စစ်အာဏာရှင်စနစ် တည်ဆောက်ရေးသို့ ဦးတည်နေသော နအဖစစ်အစိုးရ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ဝေဖန်သုံးသပ်ခြင်း ... စသည့်စာတမ်းများ၊ တင်ပြချက်များ ပါဝင်သည်။
တတိယအကြိမ် ပုံနှိပ်ခြင်းအမှာစာတွင် စာရေးသူက ဤသို့ရေးထားသည်။''မိမိတို့ ဆင်နွှဲနေသော ဒီမိုကရေစီအရေးတော်ပုံကြီး၏အဓိကပန်းတိုင်ဖြစ်သည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် တည် ဆောက်ရေးအတွက် မိမိခံယူချက်နှင့် တင်ပြချက်များ နည်းနည်းမျှ အပြောင်းအလဲမရှိပေ။ သို့ရာတွင် နိုင်ငံရေးတိုက်ပွဲတရပ် ဆင်နွှဲ ရာ၌ ကျင့်သုံးရမည့် မဟာဗျူဟာနှင့် နည်းဗျူဟာများမှာ အခြေအနေနှင့် အချိန်အခါအရ ပြောင်းလဲပြင်ဆင်သင့်က ပြောင်းလဲပြင်ဆင်ရမည်သာ ဖြစ်ကြောင်း တင်ပြအပ်ပါ သည်။''