Books

  • Home/
  • Books

ULND ၏ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး တိုက်ပွဲဝင်မှတ်တမ်းများ

Author: ဆလိုင်းလျန်မှုန်း
Publish Date: 10 Aug, 2015
Category: Books

Book Review

         ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ် (UNLD) သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ နိုင်ငံရေးတပ်ပေါင်းစုကြီး ဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့်အတူ ရှင်သန်ပေါက်ဖွားခဲ့သော တိုင်းရင်းသားနိုင်ငံရေးပါတီပေါင်းစုံတု့၏အဖွဲ့ချုပ်ကြီးလည်း ဖြစ် သည်။ ၁၉၈၈ နှောင်းပိုင်းတွင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၂ တွင် စစ်အစိုးရ၏ ဖျက်သိမ်းခြင်းကို ခံခဲ့ရသည်။

         ဤစာအုပ်တွင် အခန်း (၉) ခန်းပါဝင်သည်။ UNLD ဖွဲ့စည်းရန် ကြိုးပမ်းမှုကာလမှတ်တမ်းမှစ၍ စည်းရုံးရေးခရီးစဉ်များ၏မှတ်တမ်း၊ UNLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံဆွေးနွေးပွဲမှတ်တမ်း၊ ပထမအကြိမ်ညီလာခံမှတ်တမ်း၊ ၁၉၉၀ ရွေးကောက်ပွဲအောင်နိုင်ရေး ကြိုးပမ်းမှု များ အပါအ၀င် ရွေးကောက်ပွဲပြီးနောက် UNLD နှင့် NLD တို့၏ ပူးတွဲကြေညာချက် (ဗိုလ်အောင်ကျော်လက်ကမ်းကြေညာချက်) အထိ ပါဝင် သည်။

         UNLD ဖျက်သိမ်းခံရပြီးနောက်ပိုင်း NLD နှင့်ပူးပေါင်း၍ CRPP ဖွဲ့စည်းပြီး တိုက်ပွဲဝင်ခဲ့ပုံ၊ UNLD ဟောင်းများ၏ UNA ဖွဲ့စည်းလှုပ်ရှားမှု များ၊ နောက်ပိုင်းတွင်လည်း UNLD-LA (လွတ်မြောက်နယ်မြေ) ပြန်လည်ဖွဲ့စည်းလှုပ်ရှားခဲ့ပုံများကိုလည်း ထုတ်ဝေသူ ဆလိုင်းလျန်မှုန်း အမှာစာ တွင် ဖတ်ရှုရမည်ဖြစ်သည်။


- ဆလိုင်းလျန်မှုန်း စုဆောင်းတင်ပြသည်။

Download PDF