Books

  • Home/
  • Books

ချိုးကူသံလေးကို မလွမ်းဘူးလားအမေ

Author: နောင်ကျော်
Publish Date: 7 Dec, 2015
Category: Books

Book Review

       စာရေးသူက ဤစာအုပ်ကို စီစဉ်ဖြစ်ရသည့်အကြောင်းကို ရေးသောအခါ ဆလိုင်းလျန်မှုန်း၏အကြံပေးမှုကြောင့်ဟု ဆိုသည်။ စာအုပ်ထဲ တွင် ပါဝင်သောဆောင်းပါးများစာရင်းကိုကြည့်သောအခါ အမုန်းရပ်စဲအပြုံးလက်ချင်းတွဲရအောင်၊ ငြိမ်းချမ်းရေးချိုးငှက်က အစိုးရတွေလက်ထဲ မှာ၊ ဖောင်စီးရင်း ရေငတ်နေသော တန်းတူရပိုင်ခွင့်၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ဟုတ်ပါ့မလား မောင်ကာဠု၊ ငြိမ်းချမ်းရေးလို့ ပြောပြောပြီး သတ် ကြတာတွေ ရပ်ပါတော့၊ ဟန်ပြအပစ်ရပ်စာချုပ်နှင့် ငြိမ်းချမ်းရေးအတုမဖြစ်ရအောင်၊ မသေခင်မှာ ငြိမ်းချမ်းရေးကို မြင်ရပါ့ဦးမလား ကျွန်တော် တို့မျိုးဆက်များ... အစရှိသည့်ဆောင်းပါး (၂၈) ပုဒ်ပါသည်။

       စာရေးသူ၏ 'နိဒါန်းစကား' တွင် ''ဤစာအုပ်အတွက် စာမူများကို စုစည်းသည့်အခါတွင် အစောပိုင်းတုန်းက မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားခဲ့သောစာများနှင့် သိပ်မကြာခင်က ရေးခဲ့သောစာများကိုထည့်သွင်းဖို့ စဉ်းစားပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု အစောပိုင်းကာလ သဘောထား အမြင်များ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာဒဂုန်တာရာတို့၏ အမြင်သဘောထားများ အပါအ၀င် စစ်ဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးတည်ရေးခဲ့သော စာမူများကို စုစည်းထားပါသည်။ ပြည်တွင်းစစ်သည် နိုင်ငံရေးပြဿနာအပေါ် အခြေခံပြီး ဖြစ်ခဲ့ရသည့်အတွက် နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးရေးနည်းဖြင့် ဖြေရှင်းဖို့ ဝေဖန်တိုက်တွန်း ရေးသားခဲ့သည့်ဆောင်းပါးများ လည်းပါသည်။ ဒီမိုကရေစီအရေး၊ တန်းတူခွင့်ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကိစ္စတွေအထိ အကျုံးဝင်သည်။ ပြီးတော့ အဲဒါတွေနှင့်ဆက်စပ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ'' ဟူ၍ ရေးသားထားသည်ကို ဖတ်ရှုရမည့်စာအုပ်ဖြစ်သည်။

 

Download PDF

Related Books