Books

  • Home/
  • Books

မြိုင်ညိုနန်းမှ လွမ်းချင်းများ ကဗျာစု

Author: ခိုင်ဉာဏ်လင်း (စောမြရာဇာလင်း)
Publish Date: 21 Mar, 2016
Category: Books

Book Review

 ဤကဗျာများကို ရေးဖွဲ့သူက ရခိုင်အမျိုးသမီးတော်လှန်ရေးသမားတဦးဖြစ်သည်။ ကဗျာရေးစပ်သူ၏ ဆိုစကား (အမှာစကား) တွင် ဤကဗျာများနှင့်ပတ်သက်၍ ရေးထားသည်ကို ဖတ်ရသည်။

         ''ဤကဗျာများသည် မိမိ စောမြရာဇာလင်း တော်လှန်ရေးဘ၀တလျှောက်ရေးစပ်ခဲ့သော ကဗျာများထဲမှ တချို့ဖြစ်ပါသည်။ အများစုမှာ တော်လှန်ရေးနယ်ပယ်သို့ ရောက်ရှိလာပြီး မြိုင်ညိုတောတပ်စခန်း၌ နေထိုင်ခဲ့စဉ်က ရေးစပ်သော နှလုံးသားကဗျာ တချို့နှင့် ဒက္ကားမြို့၌ နေထိုင်စဉ် ရေးစပ်သော တိုင်းချစ်ပြည်ချစ်ကဗျာများ ဖြစ်ပါသည်။ ယင်းအပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလ နှင့် အရေးအခင်းကာလ ပြည်တော်ပြန်ခွင့် ရလာစဉ်တုန်းက ဆက်လက်ရေးစပ်သော ကဗျာတချို့လည်း ပါဝင်ပါသည်။''

         ဤစာအုပ်တွင် တချို့ကို ရခိုင်မူ ရခိုင်သံဖြင့် ရေးစပ်ထားပြီး တချို့ကို မြန်မာမူဖြင့် ရေးစပ်ထားသည်ဟု ကဗျာဆရာမက ဆိုထားသည်။ အမျိုးသမီးတော်လှန်ရေးသမား၏ ခံစားမှုကဗျာများကို ဤစာအုပ်တွင် ဖတ်ရှုခံစားရမည်ဖြစ်သည်။ စစ်တွေညိုသန့်နှင့် စစ်တွေပွင့်လွှာတို့က အမှာစာများ ရေးသားထားကြသည့်ကဗျာစာအုပ်။

 

Download PDF

Related Books