Books

  • Home/
  • Books

ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု (အတွဲ-၂)

Author: ဆလိုင်းလျန်မှုန်း
Publish Date: 9 May, 2016
Category: Books

Book Review

         ဤမြန်မာဘာသာပြန်ဆိုထားသောစာအုပ်မှ စာတမ်းများ၊ ဆောင်းပါးများသည် ၂၀၁၄ တုန်းက တိုင်းရင်းသားလူမျိုးရေးရာသုတေသန အသင်းမှထုတ်ဝေခဲ့သော Ending Ethnic Armed Conflict in Burma: A Complicated Peace Process စာအုပ်မှ ဆလိုင်းလျန်မှုန်းရေးသား ခဲ့သော စာများကို ရွေးချယ်ဘာသာပြန်ထားသောစာအုပ်ဖြစ်သည်။ ယခုစာအုပ်တွင် သုတေသီတယောက်၏ လွတ်လပ်သောအမြင်နှင့် သဘောထားများကို ပွင့်ပွင့်လင်းလင်း ရေးသားထားသည်ဟု စာရေးသူက ဆိုထားသည်။

         စာအုပ်ကို အပိုင်း (၂) ပိုင်းခွဲကာ စီစဉ်ထားသည်။ အပိုင်း (၁) တွင် နှစ်ပေါင်းခြောက်ဆယ် မြန်မာနိုင်ငံတိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ၏ အခြေခံအကြောင်းများ၊ လမ်းဆုံလမ်းခွမှ မြန်မာနိုင်ငံ၊ ၂၀၀၈ ဖွဲ့စည်းပုံနှင့် လူမျိုးရေးပြဿနာများ၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်န်ကကိုင်ပဋိပက္ခများ အဆုံးသတ်သွားပြီလား... စသည့် စာတမ်း (၄) စောင်ကို မူရင်း အင်္ဂလိပ်လိုလရော၊ မြန်မာဘာသာပြန်ကိုပါ ပူးတွဲ ဖော်ပြထားသည်။

         အပိုင်း (၂) တွင် လက်ရှိနိုင်ငံရေးဖြစ်စဉ်သုံးသပ်ချက်များကို ဖော်ပြထားသည်။ ကချင်အကျပ်အတည်း၊ မချောမွေ့သော ငြိမ်းချမ်းရေး၊ နယ်ခြားစောင့်တပ်၊ ကြားဖြတ်ရွေးကောက်ပွဲ၊ ရှမ်းပြည်နယ်အတွင်း ထာဝရငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲအလွန် ကရင်ပြည်နယ်အခြေအနေ၊ UNFC နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စီးပွားရေးအခွင့်အလမ်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားနိုင်ငံရေးမဟာမိတ် အဖွဲ့များ... စသည်ဖြင့် ဤစာအုပ်တွင် စာတမ်းနှင့်ဆောင်းပါး (၃၃) ပုဒ်ပါဝင်သည်။

         စာရေးသူ၏အမှာစာတွင် ''ပြည်ထောင်စုမြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိသည့်အချိန်မှ ဆက်တိုက်ဖြစ်ပေါ်နေသော ပြည်တွင်းစစ်ကြီးကို စတင်ဖန်တီး လိုက်သည့် နိုင်ငံရေးပြဿနာများနှင့် ယင်း၏နောက်ဆက်တွဲပြဿနာများကို ဤစာအုပ်တွင် တိုင်းရင်းသားလူမျိုးများရှုထောင့်မှ ချဉ်းကပ်သုံးသပ်ထားပါသည်။'' ဟုရေးထားသည်ကိုပါ ဖတ်ရှုရမည်ဖြစ်သည်။

(ဘုန်းသက်ပိုင် ဘာသာပြန်သည်)

 

 

Download PDF