Documents

  • Home/
  • Documents

ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌန်းရေး ကြိုးပမ်းမှု မှတ်တမ်းများ

Author: EAOs
Publish Date: 26 Sep, 2017
Category: Documents

Book Review

CDES မှ အသစ်ထပ်မံထုတ်ဝေသော “ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌန်းရေး ကြိုးပမ်းမှု မှတ်တမ်းများ” စာအုပ်ဖြစ်ပါသည်။

စာအုပ်အမှာစာထဲတွင် ဒေါက်တာဆလိုင်းလျန်မှုန်းမှ သို့ရေးသားဖော်ပြထားပါသည် -

“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံချက်ပေးနိုင်သော စစ်မှန် သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တည်ဆောက်နိုင်ရေးအတွက် အသက်သွေးကြော ဖြစ်သော ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက မိမိတို့ လွမ်းမိုး ထိန်းချုပ် ထားသော နယ်မြေများတွင် ၂၀၀၁ သြဂုတ်လမှ စတင် ဆောင်ရွက် ခဲ့ပါသည။် ထိုဖြစ်စဉ်ကို ၂၀၀၆ ခုနှစ်ထိ အရှိန်အဟုတ်ဖြင့် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပါသည်။

 

မိမိသည် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲလေလ့ာရေး လုပ်ငန်းများကို စတင်သည့် ၂၀၀၁ မှ ၂၀၀၆ အထိ State Constitution Supporting Committee (SCSC) ၏ အတွင်းရေးမှူးနှင့် Coordinator အဖြစ် တာဝန် ထမ်းဆောင်ခွင့် ရရှိခဲ့သည်။ ထိုကာလတွင် တိုင်းရင်းသားပြည်နယ် (၇) ပြည်နယ်နှင့် ဗမာပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာရေးကော်မတီများကို ဖွဲ့စည်း၍ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ များကို လက်တွေ့လေ့လာညှိနှိုင်းရေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထိုလုပ်ငန်းစဉ်၏ရလဒ်အဖြစ် တိုင်းရင်းသားပြည်နယ် (၆) ခု၏ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို လေ့လာဖော်ထုတ်ကာ မူကြမ်းများ ရေးဆွဲနိုင်ခဲ့ပါသည်။ ထိုလေ့လာရေးလုပ်ငန်းစဉ်မှ ပေါ်ထွက်လာသောမူကြမ်းများကို ယခုအခါ အသစ်တဖန် လေ့လာဆန်းစစ်၍ လိုအပ်သောလေ့ကျင့်ခန်းများကို လုပ်ဆောင်နိုင်ရန်အတွက် ပြန်လည်စုစည်း၍ ပုံနှိပ် ထုတ်ဝေအပ်ပါသည်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးအတွက် ဤစာအုပ်က အထောက်အကူပြုနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။”

 

 

Download PDF

Related Books