ACTIVITY DETAIL

TOT on Dialogue and Facilitation Skills (II)

  • Topics:

    TOT on Dialogue and Facilitation Skills (II)

  • Location:

    Royal Reward Resort Hotel

  • Activity Start Date:

    24-01-2020 09:00 AM

  • Activity End Date:

    28-01-2020 05:00 PM

Description

ပဋိပက္ခများကို ဖြေရှင်းရာတွင် အကြမ်းမဖက်ဘဲ တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းများ အသုံးပြုပြီး မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ကာ ဆွေးနွေးမှုနှင့် စေ့စပ်ညှိနှိုင်းမှုဆိုင်ရာအရည်အသွေး မြင့်တင်ရေးသင်တန်းကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ဒုတိယအကြိမ်မြောက် ကျင်းပလျက်ရှိသည်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ နေပြည်တော် အစရှိသည့် ပြည်နယ်နှင့် တိုင်းအသီးသီးမှ သင်တန်းသူ၊ သင်တန်းသားပေါင်း (၃၁) ဦး တက်ရောက်လျက်ရှိပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ (ယနေ့)မှ စတင်ကာ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ ငါးရက်ကြာ ဆွေးနွေးပို့ချမည်ဖြစ်သည်။

Joint Peace Fund (JPF)၏ ရံပုံငွေ ပံ့ပိုးကူညီမှုဖြင့် တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (CDES) မှ ဦးဆောင် ကျင်းပခြင်းဖြစ်သည်။

ပထမအကြိမ်မြောက် သင်တန်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

__________________________

Aiming that conflicts in the societies are effectively managed by means of nonviolence, and in order to enrich understanding on peace process, the 2nd TOT on Dialogue and Facilitation Skills is being conducted by the CDES, during 24 – 28 January, at Pyin Oo Lwin, Mandalay Region of Myanmar. A total of 31 passionate civil society representatives from Kachin State, Sagaing Region, Chin State, Magway Region, Shan State, Nay Pyi Taw Council, and from Thaninthari Region are participating. The training is generously supported by the Joint Peace Fund. The first TOT on Dialogue and Facilitation Skills was conducted in September 2019, in Yangon.