ACTIVITY DETAIL

Federalism Workshop with Youths

  • Topics:

    ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ရန် CDES နှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ တွေ့ဆုံဆွေးနွေး

  • Location:

    Mandalay

  • Activity Start Date:

    11-01-2020 10:00 AM

  • Activity End Date:

    11-01-2020 05:00 PM

Description

ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (Centre for Development and Ethnic Studies - CDES)နှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီတို့ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတခုကို ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Summit Parkview Hotel တွင် ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးကို တရက်တာ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (ဒုတိယဥက္ကဋ္ဌ၊ UPDJC, CNF)မှ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး မျှဝေတင်ပြခဲ့ကာ တက်ရောက်လာသူများမှ သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။ ထို့နောက် နှစ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက အဖွဲ့အစည်းအကြောင်းအရာများကို အပြန်အလှန်ဝေမျှခဲ့ကြပြီး သိလိုသည်များကို မေးမြန်းကာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် CDES နှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် မြန်မာ့လူငယ်ရေးရာမူဝါဒပါ ကဏ္ဍ ၁၆ ချက်အနက် ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေး ကဏ္ဍနှင့် ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ်များအပေါ် နှစ်ဖက်ဆွေးနွေးခဲ့ကြသည့်အပြင် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပမည့် ငြိမ်းချမ်းရေးဖိုရမ်နှင့် ပတ်သက်ပြီး အခမ်းအနားအစီအစဉ်များကို နှစ်ဖက်ဆွေးနွေးခဲ့ကြသည်။

×××-×××
(zawgyi)

ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ရန် CDES နှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ တွေ့ဆုံဆွေးနွေး
-----------------
ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (Centre for Development and Ethnic Studies - CDES)နှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီတို့ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတခုကို ဒဂုံမြို့နယ်၊ အလုံလမ်းရှိ Summit Parkview Hotel တွင် ကျင်းပခဲ့သည်။
ယင်းအစည်းအဝေးကို တရက်တာ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာေခါင်း (ဒုတိယဥက္ကဋ္ဌ၊ UPDJC, CNF)မှ လက်ရှိငြိမ်းချမ်းရေးဖြစ်စဥ်နှင့် ပတ်သက်ပြီး မျှဝေတင်ပြခဲ့ကာ တက်ရောက်လာသူများမှ သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။ ထို့နောက် နှစ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက အဖွဲ့အစည်းအကြောင်းအရာများကို အပြန်အလှန်ဝေမျှခဲ့ကြပြီး သိလိုသည်များကို မေးမြန်းကာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ယင်းအစည်းအဝေးတွင် CDESနှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်ေရးရာကော်မတီတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် မြန်မာ့လူငယ်ရေးရာမူဝါဒပါ ကဏ္ဍ ၁၆ ချက်အနက် ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေး ကဏ္ဍနှင့် ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ်များအပေါ် နှစ်ဖက်ဆွေးနွေးခဲ့ကြသည့်အြပင် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပမည့် ငြိမ်းချမ်းရေးဖိုရမ်နှင့် ပတ်သက်ပြီး အခမ်းအနားအစီအစဉ်များကို နှစ်ဖက်ဆွေးနွေးခဲ့ကြသည်။