အောက်တိုဘာလအတွင်းက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ထိပ်သီးခေါင်းဆောင်များတွေ့ဆုံပွဲပြီးနောက် မြန်မာ့ငြိမ်းချမ်းရေးတွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် KNU နှင့် RCSS တို့ကလည်း ၎င်းတို့၏ သဘောထားတို့ကို ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်ကြောင့်ပင် အကဲခတ်သူများအကြား မြန်မာ့ငြိမ်းချမ်းရေးအတွက် ရတက်မအေးစရာများ ဖြစ်ပေါ်ခဲ့ကြသောကြောင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မျက်မှောက် အခြေအနေများအကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကို The Voice Journal က ဆက်သွယ်မေးမြန်းဖော်ပြလိုက်ရပါသည်။
The Voice Journal – လတ်တလော ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်ဆို့နေတဲ့အဓိကအချက်တွေက ဘာဖြစ်မလဲဗျ။
KO – လတ်တလော တစ်ဆို့နေတာကတော့ အကြောင်းပြတာက တစ်မျိုးပေါ့။ တကယ့် မြေပြင်ပေါ်မှာ တစ်ဆို့နေတာက NCA ကို သူ့အတိုင်း မလိုက်ဘဲနဲ့ ကိုယ့်သဘောနဲ့ ကိုယ် ကောက်ယူအဓိပ္ပာယ်ဖွင့်ဆိုပြီး အမြတ်ထုတ်ယူတယ်လို့ ပြောလို့ရတဲ့ အဖွဲ့တွေ ရှိနေတယ်။ NCA လက်မှတ်ထိုးတဲ့ တိုင်းရင်းသားဘက်မှာရော၊ တပ်မတော်ဘက်မှာရောဒီနှစ်ဖွဲ့စလုံးမှာ အဲဒီလိုစဉ်းစားချက်နဲ့ လုပ်နေတာတွေရှိနေတော့ ကျွန်တော်တို့ အခြေခံအားဖြင့်တော့ NCA အတိုင်း အတိအကျ မလိုက်ကြတဲ့အတွက် ဖြစ်တယ်လို့ခြုံပြီး ပြောလို့ရပါတယ်။
The Voice Journal – အခုလတ်တလောမှာပဲ KNUရော၊ RCSS ရော ကြေညာချက်တွေ ထုတ်ထားကြတာ ရှိတယ်။ KNU ကတော့ တရားဝင်ဆွေးနွေးပွဲတက်တာကို ရပ်ဆိုင်းပြီးတော့ အလွတ်သဘော ဆွေးနွေးမှုတွေကနေ သွားမယ်လို့ ပြောတယ်။ အဲဒီကြေညာချက်ကရော ငြိမ်းချမ်းရေးလမ်းကြောင်းကို တစ်စုံတစ်ရာ သက်ရောက်မှုရှိလား။
KO – ဒါကတော့ တစ်ဖွဲ့ချင်းရဲ့ အခြေအနေပေါ့ဗျာ။ တစ်ခုလုံးကြည့်ရင်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကသိကအောက်တော့ ဖြစ်တာပေါ့။ ရပ်တန့်သွားတယ်။ နှောင့်နှေးသွားတယ်အထိ မပြောချင်တောင် ကသိကအောက်တော့ ဖြစ်တာပေါ့။
The Voice Journal – ဒီအတိုင်းပဲ RCSS ရဲ့ ကြေညာချက်မှာလည်း တစ်ခုတည်းသော တပ်မတော်ထားရှိရေးနဲ့ ပြည်ထောင်စုမှ ခွဲမထွက်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီးပေါ့။ ပြည်ထောင်စုမှ ခွဲမထွက်ရဆိုတာ NCA မှာ မပါဘူး။ တစ်ခုတည်းသော တပ်မတော်ဖြစ်ရေးအချက်ကိုလည်း အလွတ်သဘောဆွေးနွေးမယ်လို့ ဆိုတယ်။ ဒီကြေညာချက်ကရော ငြိမ်းချမ်းရေးအပေါ် သက်ရောက်မှုရှိလား ခင်ဗျ။
KO – ရှိပါတယ်။ အဓိကအားဖြင့်တော့ ဒီနှစ်ဖွဲ့ကြေညာချက်ထုတ်တာက KNU က ထုတ်တာက တရားဝင်နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မပါဘူး။ အလွတ်သဘောမှာ ပါမယ်။ RCSS ကကျ တစ်မျိုးဗျ။ ဒီအနေ အထားနှစ်ခုက မတူဘူးဗျ။ ပူးတွဲစောင့်ကြည့်ရေးကော်မတီရဲ့ လုပ်ငန်းနဲ့ နိုင်ငံရေးဆွေးနွေးလုပ်ငန်း သဘာဝချင်းက မတူဘူးဗျ။ NCA ကို အကောင်အထည်ဖော်ဖို့ စုစည်းထားတဲ့နေရာမှာ ဒီအစုအဖွဲ့ နှစ်ဖွဲ့ပဲ ရှိတယ်။ တစ်ခုက ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးကော်မတီ၊ တစ်ဖွဲ့က နိုင်ငံရေးပူးတွဲဆွေးနွေးမှု ကော်မတီ။ ဒီနှစ်ခုမှာတစ်ဖွဲ့က နိုင်ငံရေးမှာ ယာယီ ရပ်တယ်။ တစ်ဖွဲ့က စစ်ရေးမှာ ယာယီရပ်တယ်ဆိုတော့ နှစ်ခုစလုံးက NCA က ပြဋ္ဌာန်းထားတဲ့ ဒီပူးပေါင်းဆောင်ရွက်ပြီး အောင်မြင်အောင်ဆောင်ရွက်မယ်ဆိုတဲ့ NCA ရဲ့နိဒါန်းပိုင်းနဲ့ ဆန့်ကျင်ကွဲလွဲနေသလားလို့ သွားပြီးစဉ်းစားစရာဖြစ်တယ်ဗျ။ တစ်ဖက်က ခွဲမထွက်ရပဲ ပြောပြော၊ တစ်ခုတည်းသော တပ်မတော်ပဲ ပြောပြော အဲဒါတွေပြောနေတာက ဆက်လက် ဆွေးနွေးဖို့ ဖွင့်ထားတဲ့ဟာတွေပဲ ဖြစ်တယ်။ ဆွေးနွေးပါ။ ဒီ Issue ကို ဆွေးနွေးပါ။ မဆွေးနွေးဘူး ဒီဆွေးနွေးပွဲက ထွက်ခွာတယ်လို့ ဘယ်သူမှ မကြေညာဘူး။ တပ်ကလည်း မကြေညာဘူး။ အစိုးရကလည်း မကြေညာဘူး။ အဲဒီအချိန်မှာ ခေါင်းစဉ်တွေအပေါ်မှာ မကျေလည်တာ ဆွေးနွေးညှိနှိုင်းဖို့ လမ်းက ပွင့်နေတယ်။ သို့သော်လည်း အဲဒီမှာ ပူးပေါင်း မဆောင်ရွက်ဘူး၊ မဆွေးနွေးဘူးလို့ ပြောရင် ပူးပေါင်းဆောင်ရွက်မှုကို သွားပြီးတော့ ထိခိုက်နိုင်တာပေါ့။ အဲဒါကိုတော့ စိုးရိမ်မှုရှိပါတယ်။
The Voice Journal – ဆိုတော့ ဒီကြေညာချက်နှစ်ခုစလုံးက နေပြည်တော်မှာ အောက်တိုဘာလ အတွင်းက လုပ်ခဲ့တဲ့ ထိပ်သီးတွေ့ဆုံပွဲနောက်ပိုင်း ပေါ်ထွက်လာတာတွေ့ရတယ်။ ထိပ်သီးဆွေးနွေးပွဲမှာ တစ်ခုခု မကျေလည်တာ ဖြစ်ခဲ့လား။ သို့မဟုတ် တစ်စုံတစ်ရာ နားလည်မှုလွဲသွားတာများ ရှိခဲ့လားဗျ။
KO – ထိပ်သီးဆွေးနွေးပွဲလို့ တည့်တည့်တော့ ပြောလို့မရဘူး။ ထိပ်သီးဆွေးနွေးပွဲက ယုံကြည်မှုတည်ဆောက်ဖို့၊ တစ်ဦးနဲ့ တစ်ဦး နားလည်မှုရအောင်လုပ်ဖို့လို့ စဉ်းစားပေမယ့် ထိပ်သီးဆွေးနွေးပွဲရဲ့အဖွင့်မိန့်ခွန်းမှာ ကာချုပ် (တပ်ချုပ်)ရဲ့ အဖွင့်မိန်းခွန်းက နည်းနည်းလေးပြင်းထန်သွားတဲ့ သဘောတော့ ရှိတယ်။ အဖွင့်မှာလေ။ ကာချုပ်ရဲ့ မိန့်ခွန်းက ပြင်းထန်သွားတဲ့ သဘောရှိတော့ ယုံကြည်မှုတည်ဆောက်ဖို့နဲ့ ဆွေးနွေးပွဲချောမွေ့ဖို့ စဉ်းစားရမယ့်နေရာမှာ သူ့ရဲ့ Policy မိန့်ခွန်းက ပြင်းထန်သွားတော့ စိတ်မကောင်းကြဘူးပေါ့။ ဘယ်လို ဆက်လုပ်မလဲဆိုတာ နည်းနာရှာပြီးတော့ မိန့်ခွန်းအပေါ်မှာပဲ မကျေလည်ဘူးဆိုလည်း ဆက်လက်ဆွေးနွေးလို့ ရတာပေါ့ဗျာ။ သို့သော် သူက ဒီလို မိန့်ခွန်းပြောတယ်။ တို့ကလည်း ဒီလိုပြန်လုပ်မယ်ဆိုရင် ကျွန်တော်တို့အခေါ် ပါးကိုက် နားကိုက်ပေါ်လစီမျိုးပေါ့။ ပါးကိုက် နားကိုက်ပေါ်လစီမျိုးကတော့ ကျွန်တော်တို့က လက်မခံဘူး။ အားမပေးချင်ဘူး။ ပါးကိုက် နားကိုက်လုပ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုလမ်းစဉ်ကို ကသိကအောက် ဖြစ်ပြီးတော့ ဒီလိုဖြစ်နေရင် အစိုးရနဲ့ တပ်မတော်ဘက်ကလည်း နောက်တစ်မျိုးပြန်လုပ်လိုက်၊ အပစ်ရပ်လက်မှတ်ထိုးတဲ့ အဖွဲ့တွေကလည်း နောက်တစ်မျိုး ပြန်လုပ်လိုက်။ အဲဒီလို သူတစ်ပြန် ကိုယ်တစ်ပြန်၊ မင်းလား ငါလားဆိုတဲ့ သဘောမျိုး လုပ်ကြရင် အလားအလာ မကောင်းဘူးပေါ့ဗျာ။ ပြည်သူတွေ မျှော်မှန်းနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က အလားအလာ မကောင်းဘူးပေါ့ဗျာ။ ဒါကို ကျွန်တော်တို့ စိုးရိမ်မှုရှိပါတယ်။ ဘယ်လိုလုပ် အဖြေရှာပြီး ထွက်ပေါက်ရှာမလဲဆိုတာ အခု အကျေအလည်ညှိနှိုင်းနေကြပါတယ်။
The Voice Journal – ခွဲမထွက်ရဆိုတဲ့အချက်က NCA မှာ မပါဘူးလို့ သိထားရတော့ ဒီအချက်က ငြိမ်ချမ်းရေးထဲ ဘယ်လိုရောက်လာတာလဲ။ ဘယ်သူက သယ်ဆောင်လာတာလဲခင်ဗျ။
KO – ခွဲမထွက်ရဆိုတဲ့ဟာတော့ ကျွန်တော်တို့ နံပါတ်တစ်က NCA မှာ မပါဘူး။ နံပါတ်နှစ်က ဖက်ဒရယ်အခြေခံမူ မဟုတ်ဘူး။ အဲဒါ ကျွန်တော်တို့ဘက်က အမြင်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အခြေခံမူ ဖြစ်နေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဓိက ပါနေတယ်။ ပါနေတဲ့အခါကျတော့ ပြည်ထောင်စုသဘောတူစာချုပ်မှာ ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ အခြေခံ အချက်တွေကို ရွှေ့ပြီးတော့ ပါဝင်ထည့်သွင်းချင်တဲ့ ဆန္ဒက တပ်မတော်မှာ ရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံမှာပါတဲ့ ပြဋ္ဌာန်းချက် တော်တော်များများကို ပြည်ထောင်စုသဘောတူစာချုပ်မှာ ပါစေချင်တယ်။ ပါစေချင်နေတော့ ဒါတွေကို ထည့်နိုင်ဖို့အတွက်က NCA မှာပါတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းဖို့ အခွင့်အရေးတွေရှိရမယ်ဆိုတဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ၂၀၀၈ မှာပါတဲ့ ပြဋ္ဌာန်းချက်နဲ့ တွဲပြီးတော့ ဖြည့်စွက်လိုက်တာ ဖြစ်တယ်။ ဒါ့ကြောင့် ပြည်ထောင်စုသဘောတူစာချုပ်မူကြမ်းထဲမှာ အားလုံးက လက်မခံသေးတော့ သဘောမတူသေးဘူးပေါ့။ သို့သော်လည်း မူကြမ်းထဲမှာ ဒီခွဲမထွက်ရဆိုတဲ့ ပြဋ္ဌာန်းချက်က ပါလာတာဖြစ်တယ်။
The Voice Journal – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြားမှာ တစ်ခုတည်းသော တပ်မတော်ဖြစ်ရေးဆိုတဲ့ အချက်အပေါ် ဘယ်လိုရှုမြင်ကြလဲဗျ။
KO – ဒီတစ်ခုတည်းသော တပ်မတော်ဆိုတာကတော့ မူအားဖြင့်တော့ အားလုံးလက်ခံကြပါတယ်။
နိုင်ငံတကာ စံချိန်စံညွှန်း ဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရင် ဖက်ဒရယ် ပြည်ထောင်စုကြီးမှာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဆိုတာ တစ်ခုတည်းပဲရှိကြတယ်။ ဒီမူကိုတော့ ဘယ်သူမှ မငြင်းကြဘူးဗျ။ ဒါပေမဲ့ တစ်ခုတည်းသော တပ်မတော်ရဲ့အယူအဆနဲ့ လက်ရှိမြန်မာ့ တပ်မတော်ကို ဆိုလိုသည်လို့ အဲဒီလို အဓိပ္ပာယ်မပြန်ဖို့ပဲ လိုတယ်။ အဲဒီလို အဓိပ္ပာယ်ရောမှာ ကြောက်လို့ ကျွန်တော်တို့ တစ်ခုတည်းသော တပ်မတော်ဖြစ်ရေး ဝန်လေးတဲ့ဟာတွေ ဖြစ်နေကြတာပေါ့။ တစ်ခုတည်းသော တပ်မတော်ဆိုတာ လက်ရှိကို ပြောလား။ အနာဂတ်ရည်မှန်ထားတဲ့ ပြည်ထောင်စုတပ်မတော်ကြီးကို ဆိုလိုသလားဆိုတာ မရှင်းမရှင်း ဖြစ်နေတော့ လက်ခံဖို့ နည်းနည်းဝန်လေးနေတယ်။ မူအရတော့ တိုင်းပြည်တစ်ပြည်မှာ One Country, One Military ဆိုတာ လက်ခံပြီးသားပဲ။ ဆိုလိုရင်းကို မရှင်းသေးတော့ အဓိပ္ပာယ်ကောက်ယူတာ လွဲမှားမှာ ကြောက်လို့ တိုင်းရင်းသားတွေကလည်း သတိနဲ့ပေါ့။ မူအားဖြင့် လက်ခံတယ်လို့ပဲ သူတို့ကလည်း ပြောထားကြသေးတယ်။
The Voice Journal – ဒီအစိုးရလက်ထက်မှာ တပ်နဲ့ အစိုးရက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် တစ်သဘောတည်း ဖြစ်ရဲ့လားခင်ဗျ။
KO – နည်းနည်းကွာတယ်ဗျ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေရဲ့ ရလဒ်ကို အစိုးရကတော့ ပြည်ထောင်စုစာချုပ်ချုပ်နိုင်ဖို့ ကြိုးစားနေတယ်။ နောက်ပြီး ပြည်ထောင်စုစာချုပ်မှာ အဓိကပါရမယ့် ဖက်ဒရယ်အခြေခံမူတွေရရှိဖို့ အဓိကကြိုးပမ်းနေတယ်။ ဒါ အစိုးရဘက်ကပေါ့လေ။ ဖက်ဒရယ်အခြေခံမူတွေပါတဲ့ ပြည်ထောင်စုစာချုပ်ရရင် ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်ပြင်ပလမ်းကြောင်းကနေ ပြင်နိုင်သလောက်၊ ပြင်သင့်သလောက် ပြင်ဖို့က အစိုးရရဲ့ ရည်မှန်းချက် ဖြစ်တယ်။ အဲဒါပြင်ပြီးမှ လိုအပ်ရင်လည်း ရွေးကောက်ပွဲအချိန်ကျရင် ဆက်လုပ်မှာပေါ့ဗျာ။ သို့သော် တပ်မတော်က ဒါနဲ့ထပ်တူတော့ မဟုတ်ဘူး။ တပ်မတော်က ရွေးကောက်ပွဲတစ်ပိုင်းထား။ ၂၀၂၀ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားလုံးပြီးမြောက်ရမယ်ဆိုတဲ့သဘောမျိုး ပြောတယ်။ ဆိုလိုတာက အားလုံး ပြီးမြောက်ချင်တယ်ဆိုတာက ဖက်ဒရယ်အခြေခံမူ ရချင်တာလည်း ဖြစ်နိုင်တယ်။ ပြည်ထောင်စုစာချုပ် ချုပ်တာလည်း ဖြစ်နိုင်တယ်။ ထို့အတူ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း၊ လုံခြုံရေးကဏ္ဍကိုလည်း အပြီးအပြတ် ဆွေးနွေးချင်တဲ့သဘော ရှိတယ်။ ဒီတော့ကဏ္ဍအားလုံး အပြီးအပြတ်ဆွေးနွေးချင်တဲ့ သဘော တပ်မတော်ကတော့ ၂၀၂၀ ကို Target ပေးတယ်။ NLD ကတော့ ၂၀၁၉ ကို Target ပေးတယ်။ လုပ်ငန်းအားလုံးကို မဟုတ်ဘူး။ ဖက်ဒရယ် အခြေခံမူရရှိရေးကို ဦးစားပေးတယ်။ အဲဒါတော့ နည်းနည်းကွာတယ်ပေါ့ဗျ။
The Voice Journal – အခု ၂၀၁၈ ခုနှစ် မကုန်ခင် ပင်လုံညီလာခံ ထပ်ကျင်းပနိုင်ပါ့မလားဗျ။
KO – ကျွန်တော် ထင်တယ်။ နည်းနည်းတော့ ကြပ်သွားတယ်။
The Voice Journal – ကြပ်သွားတယ်ဆိုတာက..။
KO – ကြပ်သွားတယ်ဆိုတာက အခုလိုပေါ့။ ကသိ ကအောက်လေးတွေ ဖြစ်သွားတော့ နည်းနည်းတော့ ကြပ်သွားတယ်။ အလွတ်သဘောတွေ၊ ညှိနှိုင်းပွဲတွေ ပြန်လုပ်ရတော့ မလိုအပ်ဘဲနဲ့ အချိန်ကုန်တဲ့အခါကျ ကျွန်တော် ထင်တယ်။ ဇန်နဝါရီလလယ်လောက်ကို ပြန်ရောက်သွားမယ်။ အားလုံးသုံးသပ်တာလည်း ဒီလိုပါပဲ။ ပထမဆုံးအကြိမ် သမ္မတဦးသိန်းစိန် လုပ်ခဲ့တဲ့ ရက်လောက်ကို ပြန်ရောက်သွားမယ်လို့ ခန့်မှန်းကြတယ်။
The Voice Journal – လတ်တလော NCA ထိုးတဲ့ အဖွဲ့တွေနဲ့ မထိုးတဲ့အဖွဲ့တွေ တွေ့ဆုံဖို့ ရှိနေတယ် ဆိုတာကရော ဘယ်တော့လောက်ဖြစ်မလဲ ခင်ဗျ။
KO – အဲဒါကလည်း ပြင်တော့ပြင်ဆင်နေတယ်။ သို့သော်လည်းပဲ ပုံစံကျကျ၊ တရားဝင်မတွေ့ခင်မှာ အလွတ်သဘောတွေ့နိုင်အောင် ဖန်တီးနေကြတယ်ဗျ။ အထူးသဖြင့် မြောက်ပိုင်းကအဖွဲ့တွေထဲမှာ တိုင်းရင်းသားအချင်းချင်းတွေ့ဖို့ စိတ်ဝင်စားကြတဲ့အဖွဲ့တွေ ရှိသလို စိတ်မဝင်စားကြတဲ့အဖွဲ့လည်း ရှိတယ်။ ထို့အတူပဲ မြောက်ပိုင်းအထိ မဟုတ်ဘဲ ချင်းမိုင် ပတ်ဝန်းကျင်မှာပဲ ကျန်ရှိနေသေးတဲ့အဖွဲ့တွေလည်း သူတို့စုဖွဲ့မှုနဲ့ သူတို့ပေါ့ဗျာ။ ထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့ အလွတ်သဘောတွေ့ဆုံဖို့ ပြင်ဆင်မှုတွေ ရှိနေတယ်။ ဒါတွေက အခုလက်တွေ့မှာပဲ ရှိနေတဲ့ဟာတွေဖြစ်တော့ ဒီအခင်းအကျင်းမှာပဲ ကျွန်တော်တို့ အားပေးပြီး ဆက်လက်စောင့်ကြည့်ရမှာပေါ့ဗျာ။
The Voice Journal – တရားဝင် တွေ့ဆုံမှုတွေကရော ဒီလအတွင်းမှာ ဖြစ်လာနိုင်လား။
KO – မဖြစ်နိုင်သေးဘူးဗျ။ တရားဝင်တွေ့ဆုံမှုတွေက ဒီနှစ်ပိုင်းထဲကို မရောက်နိုင်သေးဘူး။ အလွတ်သဘော တွေ့ဆုံရေးကိုပဲ ကြိုးပမ်းနေကြတယ်။ ကျွန်တော် သိရသလောက်ပေါ့။
The Voice Journal – တပ်နဲ့ NLDအစိုးရက ငြိမ်းချမ်းရေးအပေါ် ရည်ရွယ်ချက်တစ်မျိုးစီဖြစ်တယ်လို့ ဗိုလ်မှူးကြီး ပြောခဲ့တယ်နော်။ ဒီအစိုးရနဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ ငြိမ်းချမ်းရေးဖြစ်စဉ်လုပ်ဆောင်မှုနဲ့ ထိရောက်မှုအပိုင်းကရော ဘယ်လိုရှိပါလဲခင်ဗျ။
KO – ကျွန်တော်မြင်တာကတော့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးကို သူ့အစိုးရတရားဝင် (Legitimacy) မှုရရှိရေးနဲ့ ချိတ်ဆက်ပြီး စဉ်းစားတယ်ဗျ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်သလောက် ဦးသိန်းစိန်ရဲ့ စစ်သားတစ်ပိုင်း၊ အရပ်သားတစ်ပိုင်း အစိုးရဟာ တရားဝင်မှု ပိုရှိမယ်။ နိုင်ငံတကာထောက်ခံမှု ပိုရမယ်။ ဒါ့ကြောင့် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဟာ သူ့အစိုးရ သေရေး ရှင်ရေး ဖြစ်တာပေါ့ဗျာ။ လက်ရှိအစိုးရကျတော့ နိုင်ငံတကာထောက်ခံမှု ရှိတယ်။ ပြည်သူထောက်ခံမှု ရှိတယ်။ နိုဘယ်လ်ဆုရတဲ့ ခေါင်းဆောင်ကြီးခေါင်းဆောင်တယ်ဆိုတော့ သူ့ရဲ့ ရပ်တည်မှုက အပြည့်အဝရှိတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တကယ့်အဆုံးအဖြတ်ကြီး မဟုတ်သလိုတော့ ဖြစ်တာပေါ့။ လုပ်တော့ လုပ်မယ်။ ဦးစားပေးမယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို အားသွန် ခွန်စိုက် လူအင်အားအားလုံး ထုတ်သုံးပြီး လုပ်ဖို့ကို ရောက်ရှိချင်မှ ရောက်တာပေါ့။ အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အခုပါနေတဲ့ အစိုးရအဖွဲ့ထဲက လူတွေက အချိန်ပြည့်ပါတာ နည်းတယ်။ ကျွန်တော့်အမြင်ပေါ့လေ။ 24 hours လုပ်တဲ့လူ သိပ်မရှိဘူး။ ဦးအောင်မင်းတုန်းက ကျွန်တော်တို့ မြင်တာက 24 hours လုပ်တယ်ဗျ။ ဦးအောင်မင်းက အိပ်လည်း ဒီစိတ်၊ စားလည်း ဒီစိတ်နဲ့ လုပ်ခဲ့တယ်ဗျ။ အခုပုဂ္ဂိုလ်တွေကျ သူတို့ရဲ့ မူလတခြားလုပ်ငန်းတွေ ရှိကြတယ်လေ။ အဲဒီလုပ်ငန်းတွေက တစ်ဖက်၊ ငြိမ်းချမ်းရေးကိုလည်း လိုအပ်ရင် လိုအပ်သလို ဝင်ရောက်လုပ်ကိုင်တဲ့ အခါကျတော့ အချိန်ပြည့်လို့ မပြောနိုင်ဘူး။ အာရုံစူးစိုက်မှုရော ဘာရောပေါ့။ အဲဒီအခက်အခဲတွေ့ရတဲ့ အခါကျတော့ ကျွန်တော်တို့မှာလည်း ပူးပေါင်းဆောင်ရွက်ရတာ အားမလိုအားမရဖြစ်ရတာလည်း ရှိပါတယ်။
The Voice Journal – ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရနှစ်ရပ် လုပ်ပုံကိုင်ပုံမတူကြတဲ့အတွက် ရလဒ်ကရော ဘယ်လိုရှိပါလဲခင်ဗျ။ ထိရောက်မှုပေါ့။ ပြီးတော့ သူတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျွမ်းကျင်မှုအပိုင်းပေါ့။
KO – ကျွမ်းကျင်မှုရောထိရောက်မှုရောက စိတ်အား ထက်သန်မှုရဲ့ ရောင်ပြန်ဟပ်တာလေဗျာ။ ဒါကတော့ ကျွမ်းကျင်မှုကလည်း နည်းနည်းတော့ ကွာတာပေါ့။ ဦးသိန်းစိန်သက်တမ်းမှာ ဒီဆွေးနွေးပွဲစတာက ၂၀၁၂ ကနေ အဖွဲ့ပေါင်းများစွာနဲ့ Biliteral တွေလည်း ထိုးရတယ်။ နောက်ပြီးတော့ Multi-literal အတွက်ကို အချိန်ယူတာ သုံးနှစ်ပဲဗျ။ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ မှာ ပြီးစီးသွားတာပဲ။ သုံးနှစ်ခွဲ လေးနှစ်မှာ ပြီးစီးသွားတဲ့ အလုပ် တော်တော်များပါတယ်။ အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် Biliteral ထိုးတဲ့ စာချုပ်က ၁၄ ခုလောက် ရှိတယ်။ နောက်ပိုင်းမှာ Multi- literal ဖြစ်တဲ့ NCA ထိုးဖြစ်တာလည်း ရှစ်ဖွဲ့ရှိတယ်။ နောက်ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ။ အဲဒါတွေ အားလုံးလုပ်ဖြစ်တာက သက်တမ်းကြည့်ရင် သုံးနှစ်ခွဲလောက်ပဲ ရှိတယ်။ အခုအစိုးရသစ်မှာ သုံးနှစ်ရှိပြီ။ ၂ နှစ်ခွဲပေါ့ ဗျာ။ ဧပြီလက စတွက်ရင်။ အဲဒီ ၂ နှစ်ခွဲမှာ နည်းနည်း ရေရေရာရာကလေး သိပ်မတွေ့ရသလို ဖြစ်နေတယ်။ ကျွန်တော်တို့လည်း အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ကြပါတယ်။ ရေရေရာရာ ဟိုဟာပေါ့ဗျာ ရှေ့တိုး နောက်ဆုတ်ရတဲ့ဟာမျိုးပေါ့။ မွန်ပြည်သစ်ပါတီဝင်လာတဲ့ဟာမျိုးတော့ ရှိတယ်။ သို့သော်လည်း ပါပြီးတဲ့နောက် မွန်ပြည်သစ်ပါတီကလည်း တက်တက်ကြွကြွ မဟုတ်ဘဲ ညည်းညူပြီး အဆင်မပြေဘူး ညည်းနေတာ ကြားတော့ ကျွန်တော်တို့လည်း စိတ်မကောင်းဘူးပေါ့ဗျာ။ အဲဒါလေးပါပဲ။ နည်းနည်းလေးတော့ အားစိုက်ဖို့လိုတယ်လို့ ကျွန်တော်တို့ ထင်တယ်။ အစိုးရသက်တမ်းကလည်း ဘာမှ မကျန်တော့ဘူး။
The Voice Journal – ဒါဆို ၂၀၂၀ မှာ အစိုးရ အပြောင်းအလဲ ဖြစ်ခဲ့မယ်ဆိုရင်ရော ဒီ NCA ကရော အပြောင်းအလဲတွေ ဖြစ်လာနိုင်ခြေရှိလား။
KO – အကြီးအကျယ်တော့ မပြောင်းဘူး။ ရှေ့တိုးတဲ့ ကိစ္စမှာ နှေးတာနဲ့ မြန်တာပဲ ရှိနိုင်တယ်။ U Turn လှည့် သွားတာတို့၊ Break Down ဖြစ်သွားတာတို့ ဖြစ်ဖို့ မလွယ်ဘူး။ တိုင်းရေးပြည်ရေး၊ ပြည်သူလူထုရဲ့သဘောထား၊ နိုင်ငံတကာဖိအား နောက်ပြီး သက်သေတွေလည်း ရှိတယ်။ စာချုပ်မှာ သက်သေတွေ လက်မှတ်ထိုး ထားတာရှိတော့ ဒီ NCA လမ်းကြောင်းကတော့ ပစ်ပယ်လို့တော့ မရဘူးဗျ။ ဘယ်အစိုးရပဲ တက်တက်။ ဒီ NCA လမ်းကြောင်းပစ်ပယ်မယ်လို့ ပြောတဲ့ အစိုးရ၊ ပစ်ပယ်မယ်လို့ ပြောတဲ့ နိုင်ငံရေးပါတီဟာ ဘယ်လိုမှ လူထုထောက်ခံမှာတော့ မဟုတ်တော့ဘူး။ ဒါ့ကြောင့် ဒီ NCA ကတော့ ဆက်လက်ကိုင်စွဲပြီး ငြိမ်းချမ်းရေးလမ်းကို ဆက်လက်လျှောက်မယ်လိုပဲ ပြောရမှာပဲ။ ဒါ့ကြောင့် ၂၀၂၀ မှာလည်း ပြောင်းလဲမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ နှေးလား မြန်လားကတော့ ဖြစ်ပေါ်တိုးတက်မှုပေါ် မူတည်ပြီး သုံးသပ်ရမှာပေါ့ဗျာ။
The Voice Journal – တနင်္ဂနွေနေ့က ရန်ကုန်မှာ လုပ်တဲ့ပွဲမှာ မြန်မာ့ငြိမ်းချမ်းရေးဟာ အစကောက်မရအောင် ပြိုပျက်သွားတာမဟုတ်ဘူးဆိုပြီး ဗိုလ်မှူးကြီး ပြောသွားတယ်။ ဒီလိုအကောင်းမြင်ရှုမြင်ချက်က ဘယ်အပေါ်ကို အခြေခံပါသလဲ ခင်ဗျ။
KO – ကျွန်တော် ခုနပြောတဲ့အထဲ ပါသွားပါတယ်။ တစ်ကတော့ NCA လိုစာချုပ်မျိုးဟာ မြန်မာပြည် သမိုင်းမှာ မပေါ်ဖူးဘူး။ ဒီလိုနိုင်ငံရေးလမ်းပြမြေပုံတွေ ဘာတွေပါပြီးချုပ်တဲ့စာချုပ်မျိုးဟာ မြန်မာပြည်သမိုင်းမှာ မရှိဘူး။ နောက်ပြီးတော့ လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံတော်အကြီးအကဲတွေ၊ တပ်မတော်သုံးဖွဲ့ညီပေါ့ဗျာ ကတိကဝတ်ပြုထားတဲ့ စာချုပ်လည်း ဖြစ်တယ်။ နံပါတ်သုံးက ကျွန်တော်တို့ နိုင်ငံခြားက EU နဲ့ UN အပါအဝင် နိုင်ငံလေးနိုင်ငံနဲ့ အစုအဖွဲ့ကြီးနှစ်ခုက သက်သေအဖြစ် အသိအမှတ်ပြုလက်မှတ်ထိုးထားတယ်။ နံပါတ်လေးက အခုလက်ရှိ ကျွန်တော်တို့ နိုင်ငံသားတွေက အတွေ့အကြုံတွေ ရင့်ကျက်လာပြီ။
ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေတွေကို သူတို့လည်း လေ့လာအကဲခတ်တတ်ပြီဗျ။ ဒါကြောင့် NCA လမ်းကြောင်းပျက်မယ်၊ ငြိမ်းချမ်းရေးပျက်မယ်ဆိုရင ပြည်သူကတော့ သည်းခံမှာတော့ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ ပြည်သူက သည်းခံမှာ မဟုတ်ဘူး။ ပြည်သူက သည်းမခံဘူးဆိုရင်၊ ပြည်သူ ဒေါသ ပေါက်ကွဲလာမယ်ဆိုရင် အဲဒီပွဲ ဖျက်တဲ့သူက တရားခံ ဖြစ်တာပေါ့။ သမိုင်းတရားခံ၊ ပြည်သူတွေက စွပ်စွဲခြင်း၊ ဒဏ်ခတ်ခြင်းခံရမယ့် တရားခံ ဖြစ်သွားမယ်။ ဒါကြောင့်ပဲ ဘယ်အစုအဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖျက်ဆီးတဲ့အစုအဖွဲ့ ဖြစ်လိမ့်မယ် မထင်ဘူး။ လုပ်တာပြုတာ အောင်မြင်မှု နည်းချင်နည်းမယ်ဗျာ။ ဖျက်ဆီးတဲ့လူတော့ ဘယ်သူမှ ဖြစ်ချင်မယ် မထင်ဘူး။ ဒါ့ကြောင့် သူ့ အလားအလာ အများကြီး ကောင်းတယ်လို့ ကျွန်တော်က ပြောရတာ ဖြစ်ပါတယ်။
The Voice Journal – နောက်ဆုံးအနေနဲ့ ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးဘယ်လောက်များ ဝေးနေဦးမလဲဗျ။ ငြိမ်းချမ်းရေးရရေး ဘယ်သူ့အပေါ် အဓိက မူတည်နေသလဲဗျ။
KO – ကျွန်တော်ထင်တာတော့ ဘယ်သူ့အပေါ် မူတည်လဲဆိုတော့ ဘယ်သူ့အပေါ်မှာမှ အပြစ်တင်လို့ မရဘူးဗျ။ စုပေါင်းဆောင်ရွက်မှ ရမယ့် လုပ်ငန်း ဖြစ်နေတော့ Partner အားလုံးအပေါ်မူတည်နေတယ်။ ဥပမာ – NCA စာချုပ်မှာပါတဲ့ Partner က နှစ်ဖက်ဖြစ်တယ်။ တစ်ဖက်က ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၊ နောက်တစ်ဖက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ။ အဲဒီနှစ်ဖွဲ့လက်မှတ်ထိုးပြီး NCA ပေါ်လာတယ်။ ပေါ်လာပြီးနောက်မှာ နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့အခါကျ နိုင်ငံရေးပါတီများအစုအဖွဲ့က ပေါ်လာတယ်။ သုံးစုပေါ့။ ပြီးတော့ အားလုံးကို စောင့်ကြည့် အကဲခတ်ဖို့ ပြည်သူလူထုရှိတယ်။ နိုင်ငံတကာက သက်သေတွေ ရှိတယ်။ ဒါတွေအားလုံးက ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ပြီး အကောင်အထည်ဖော်မှ အောင်မြင်မယ့် လုပ်ငန်းစဉ် ဖြစ်တယ်။ ဒီလုပ်ငန်းစဉ်မှာ အစိုးရကချည်း တော်နေပြီး တပ်က မပါရင် မရဘူး။ တပ်ကချည်း ကြိုးပမ်းနေပြီး EAO တွေ မပါလည်း မရပြန်ဘူး။ EAO ချည်းပဲ ကြိုးပမ်းနေပြီး တပ်က မပါလည်း မရပြန်ဘူး။ တော်တော်လေးကို စုံစုံညီညီ၊ သိုက်သိုက်ဝန်းဝန်းပူးပေါင်းဆောင်ရွက်မှ ရမယ့်ကိစ္စ ဖြစ်နေတော့ ပူးပေါင်းဆောင်ရွက်တဲ့ စိတ်ဓာတ်၊ ငြိမ်းချမ်းရေးရရင် ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ဒေသ အကျိုးစီးပွား ပွန်းပဲ့သွားမယ်ဆိုလည်း ပွန်းပဲသွားပါစေ ဆိုတဲ့ အနစ်နာခံလိုတဲ့ စိတ်ဓာတ်မျိုးရှိမှသာလျှင် ကျွန်တော်တို့ အောင်မြင်မယ်။ တာဝန်ရှိသူ အားလုံး၊ အထူးသဖြင့် Conflict လက်နက်ကိုင်ပဋိပက္ခမှာ ပါခဲတဲ့ Partner အားလုံး စိတ်ရှည်သည်းခံပြီး အနစ်နာခံကြဖို့လိုတယ်။ ကျွန်တော် ပြောချင်တာ အဲဒါပါပဲ။ အနစ်နာခံကြမှ ရမယ်။
Kqvkwa says:
viagra order - cheap viagra tablets sildenafil over the counter
Avxvkh says:
prednisolone pills - order generic prednisolone 40mg order tadalafil 10mg without prescription
Phocis says:
order generic augmentin - purchase augmentin for sale tadalafil ca
Afhuts says:
sulfamethoxazole pills - cheap viagra sale order viagra 50mg pills
Cgbnqs says:
order cephalexin 250mg without prescription - order erythromycin 500mg without prescription erythromycin 250mg tablet
Buwuvk says:
buy rhinocort pill - rhinocort online buy purchase antabuse sale
Qfzdwv says:
buy cefuroxime sale - tadalafil over the counter order tadalafil 10mg online cheap
Jyugsb says:
cheap ampicillin 250mg - order cipro for sale cheap cialis online
Ojpyyb says:
purchase amoxicillin generic - levitra buy online vardenafil 20mg usa
Fnadoc says:
ivermectin cream 5% - ivermectin 3mg without a doctor prescription order generic vardenafil
Rxdedi says:
order doxycycline 100mg pill - cheap clomiphene 50mg tadalafil without a doctor's prescription
Rzzjzq says:
cialis 5mg brand - cialis pill provigil pills
Footzy says:
buy prednisone 10mg online - buy erectile dysfunction medicine order isotretinoin 10mg
Ahkubu says:
buy amoxil sale - buy azithromycin 250mg generic pfizer viagra 50mg
Yoquna says:
prednisolone 40mg sale - order gabapentin 600mg online cheap order sildenafil 100mg
Ctnwbc says:
order furosemide sale - ivermectin 12 mg without prescription price of stromectol
Inlxrc says:
order hydroxychloroquine 400mg without prescription - order hydroxychloroquine 200mg without prescription baricitinib 4mg pills
Plnhvj says:
metformin 500mg cost - glucophage over the counter order norvasc generic
Xzhofq says:
oral lisinopril 2.5mg - order generic lopressor 50mg order atenolol 100mg generic
Orhlnq says:
levitra sale - levitra cheap clomid tablet
Zofxvz says:
purchase albuterol - brand albuterol buy generic priligy 60mg
Dbihse says:
purchase synthroid without prescription - generic aristocort hydroxychloroquine 400mg sale
Tfewqn says:
cialis pills - viagra sildenafil 100mg viagra 50mg cost
Cafwnn says:
oral prednisone 40mg - amoxil tablet order amoxicillin 250mg for sale
Fbburt says:
cenforce 50mg pills - order cenforce pill motilium 10mg cost
Eovgkp says:
buy viagra 50mg - purchase cialis sale cialis us
Xykvxa says:
provigil 100mg oral - provigil for sale online budesonide ca
Zkgcmr says:
isotretinoin 20mg brand - tetracycline 500mg us buy tetracycline 250mg generic
Zqgkwl says:
cyclobenzaprine for sale online - inderal 10mg without prescription propranolol drug
Mbbjqs says:
order plavix 75mg generic - methotrexate 10mg usa buy reglan 20mg for sale
Tuspwe says:
buy losartan for sale - order cozaar 25mg generic phenergan buy online