• +95 (0)9 425 705 270
  • info@cdes.org.mm

UNFC နှင့် ENAC တို့ ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ ဌာနဆိုင်ရာတာဝန်ခံများနှင့် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ(ENAC) အကြား ဒုတိယအကြိမ် ပူးတွဲလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်း အဝေးတရပ်အား ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁၈-၁၉)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြီး (UNFC)၏ ဌာနဆိုင်ရာ (၆)ခုနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအတွင်း တင်ပြဆွေးနွေးသွားရ မည့် ကဏ္ဍ (၆)ရပ် တို့ အဓိကထားပြီး ပူးတွဲလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပကြကြောင်းသတင်းရရှိခဲ့ပါသည်။

တစ်နှစ်လုံးအတွက် ဌာနဆိုင်ရာတွေရဲ့  ရည်မှန်းချက်တွေကို တင်ပြကြတာပေါ့။ သူတို့ Plan, program တွေကို တင်ပြပြီး အဲဒါတွေ ကျနော်တို့ ENAC နဲ့ဘယ်လိုလုပ်မလဲ ဆိုတာကိုလဲ ဆွေးနွေးကြတယ်” ဟု UNFC ဒုဥက္ကဌ ဒေါက်တာခင်မောင်ကပြောသည်။

(UNFC)၏ ဌာနဆိုင်ရာ (၆) ခုဖြစ်သော သုတေသနနှင့် ဥပဒေရေးရာ၊ နိုင်ငံခြားရေး၊ စည်းရုံးရေး သတင်းနှင့်ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ ဘဏ္ဍာရေးနှင့် ကာကွယ်ရေး ဌာနလုပ်ငန်းများတို့ကို အကျယ်တ၀င့် ဆွေးနွေးခဲ့ကြကြောင်း။ ဌာနတာဝန်ခံတွေနဲ့ နှစ်ဖက်ပူးပေါင်းပြီး work program တွေကိုညှိနှိုင်းလုပ်ဆောင်သွားရင် UNFC လုပ်ငန်းအတွက် တစ်ဆင့်ပြီး တစ်ဆင့်ပိုမိုတိုးတက်လာနိုင်သည်။

ကျနော်တို့က ဒီလိုအစည်းအဝေးကို သုံးလမှာတစ်ကြိမ်အနည်းဆုံးလုပ်ဖို့ သဘောထားချကြတယ်၊ သုံးလမှာအတွေ့ အကြုံတွေဘယ်လို ရခဲ့သလဲ၊ အဲဒီအတွေ့အကြုံကို ကျနော်တို့အလုပ်မှာက ဘယ်လို apply လုပ်မလဲ ဆိုတာတွေကို အသစ်အသစ်အမြင်တွေနဲ့ ဆွေးနွေးနိုင်ရမယ်လို့ ကျနော် မျှော်လင့်တယ်၊ ဆိုလိုတာက ပိုပြီး develop ဖြစ်လာမဲ့ Agenda တွေကို ပိုမိုဆွေးနွေးနိုင်မယ်လို့ ကျနော်ယုံကြည်တယ် “ဟု UNFC ဒုဥက္ကဌ ဒေါက်တာခင်မောင်ကပြောသည်။”

ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအတွင်း တင်ပြဆွေးနွေးသွားရမည့် ကဏ္ဍ (၆)ရပ်ဖြစ်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒနှင့် အထွေထွေတို့ကို အထောက်အကူပြုစေရန်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်ဟု သတင်းရရှိခဲ့ပါသည်။

ဒီနိုင်ငံရေးဆွေနွေးဖို့ ကဏ္ဍအလိုက်(၆)ခုကို UNFC က ကျနော်တို့ဘာတွေပံ့ပိုးပေးရမလဲ၊ အဲဒီလုပ်ငန်းထဲမှာ ကဏ္ဍတွေကို policy ဖြစ်အောင်ကျနော်တို့စာတမ်းတွေကိုပြုစုပေးပြီး နိုင်ငံရေးသွားဆွေးနွေးတဲ့အခါ အသုံးပြုသွားလို့ရအောင် အပြန်အလှန်ဆွေးနွေးကြတယ်” ဟု ဒု-အမှုဆောင် ဒါရိုက်တာနိုင်ပညာမွန်ကပြောသည်။

“ အားလုံးခြုံ ပြီးပြောရရင် ဒီနေ့နှင့်မနေ့က အစည်းအဝေးဟာ policy workshop လည်းဖြစ်တယ်၊ ဒီ policy workshop မှာကျနော်တို့ UNFC ရဲ့ ရှေ့မှာ peace process လုပ်ငန်းတွေမှာ အများကြီးအထောက်အကူပြုမယ်လို့ ကျနော်တို့ယုံကြည် တယ်” ဟု UNFC ဒု-ဥက္ကဌ ဒေါက်ခင်မောင်ကပြောသည်။

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (Ethnic Nationalities Affairs Center – ENAC) သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် ဒီမိုကရေးကို အထောက်အကူပေးရန်အတွက် ၂၀၁၃ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းထားသည့် လွတ်လပ်သောအရင်းအမြစ်နှင့်ပ ညာပေးရေးစင်တာ ဖြစ်သည်။

အဆိုပါအစည်းအဝေးကို ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ဌာန တာဝန်ခံများနှင့် တိုင်းရင်းသားလူမျိုး များရေးရာစင်တာ (ENAC) တာဝန်ခံများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။ 

***********************************

UNFC စည်းရုံးရေးနှင့် သတင်းနှင့်ပြန်ကြားရေးဌာန

Share:

Tags: UNFC,နှင့်,ENAC,တို့,ဒုတိယအကြိမ်,ပူးတွဲလုပ်ငန်းညှိနှိုင်း,အစည်းအဝေးကျင်းပ

Author : Administrator
Comments
Leave a Comment