• +95 (0)9 425 705 270
  • info@cdes.org.mm

မွန်ပြည်သစ်ပါတီနှင့် လားဟူအဖွဲ့တို့ ဖေဖော်ဝါရီ ၁၃ NCA လက်မှတ်ထိုးမည်။

အစိုးရနှင့် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမို ကရက်တစ်အစည်းအရုံး(LDU)စသည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့အကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ကို ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော်၌လက်မှတ် ရေးထိုးမည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်နေသည့်အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ပထမဆုံးကျင်းပမည့် NCA လက်မှတ်ထိုးခြင်းအခမ်းအနားဖြစ်ပြီး လက်မှတ်ထိုးအခမ်းအနား ကျင်းပမည့်နေ့သည် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့လည်း ဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်ပြီး အစိုးရ၊ တပ်မတော်နှင့် ဌာနဆိုင်ရာ အသီးသီးမှတာဝန်ရှိသူများပါဝင်သည့် NCA လက်မှတ်ရေးထိုးပွဲအခမ်း အနားကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၅ ရက် က နေပြည်တော်၌ကျင်းပသည်။

NCA လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက် တွင်ပြုလုပ်မည်ဟု ဦးကျော်တင့်ဆွေက ပြောကြားသည်။

‘‘NLD အစိုးရလက်ထက်မှာ NCA လမ်းကြောင်းနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ ပထမဆုံး လျှောက်လှမ်းလာတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။ NCA လက်မှတ် မရေးထိုးရသေးဘဲကျန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်းNCA လက်မှတ်ရေးထိုးနိုင်ဖို့၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လာဖို့ ဆက်လက်ပြီးကြိုးပမ်းနေတယ်ဆိုတာကိုလည်း ပြောကြားလိုပါတယ်’’ ဟု ဦးကျော်တင့်ဆွေက ပြောသည်။

နိုင်ငံတော်အစိုးရသည် မွန် ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက် တစ်အစည်းအရုံးတို့ကို နွေးနွေး ထွေးထွေး၊ ရင်းရင်းနှီးနှီးကြိုဆို ရန်တာဝန်ရှိကြောင်း ၎င်းကဆို သည်။

NCA လက်မှတ်ထိုးမည့်ရက် သတ်မှတ်ကြေညာခြင်းနှင့်ပတ် သက်၍ မေးမြန်းရန်NMSP တာ ၀န်ရှိသူများထံ ဆက်သွယ်သော် လည်း အဆက်အသွယ်မရပေ။ သို့ရာတွင် NMSP ဗဟိုကော်မတီ ၀င်နိုင်အောင်မငေးက NCA လက်မှတ်ရေးထိုးမှုကို ယခုလ ဒုတိယပတ်အတွင်းပြုလုပ်မည် ဟု ပြောကြားသည်။

NCA လက်မှတ်ထိုးမည့် ဖေ ဖော်ဝါရီ ၁၃ ရက်သည်အစိုးရနှင့် လက်မှတ်ထိုးမည့်တိုင်းရင်းသား အဖွဲ့များအကြား ညှိနှိုင်းပြီးသတ် မှတ်ခြင်းဖြစ်ကြောင်း အစိုးရ ကိုယ်စားလှယ်တစ်ဦးက ဆို သည်။ ခေါင်းဆောင်များခရီးသွား လာရေးရှိသည့်အပေါ် ညှိနှိုင်းခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။

NCA လက်မှတ်ထိုးခြင်းကို ဖေဖော်ဝါရီ ၇ ရက်(သို့မဟုတ်) ၁၃ ရက်(သို့မဟုတ်) ၁၇ ရက် နောက်ပိုင်းတစ်ရက်ရက်တွင် ပြု လုပ်ရန်ညှိနှိုင်းရာ လက်မှတ်ထိုး မည့်တိုင်းရင်းသားအဖွဲ့များ လာ မည့် ၂၁ ရာစုပင်လုံတတိယအ စည်းအဝေးမတိုင်မီ အမျိုးသားအ ဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်း ပနိုင်ရန် ၁၃ ရက်ကို ရွေးချယ် ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ ၂၁ ရာစုပင်လုံအစည်းအဝေးကို ဖေဖော်ဝါရီအတွင်း ကျင်းပနိုင်ရန် အစိုးရကကြိုးစားနေသည်။

NMSP နှင့် LDU အပါအ၀င် NCA မထိုးရသေးသည့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များဖြင့် စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ(UNFC)အနေဖြင့် ၎င်း၏ အဖွဲ့ဝင်အဖွဲ့အစည်းများ NCA လက်မှတ်ထိုးနိုင်ရေး လက် ရှိအစိုးရနှင့် ညှိနှိုင်းလာသည်မှာ တစ်နှစ်ခွဲကြာမြင့်ခဲ့သည်။ UNFC အဆိုပြုသည့်အချက်ကိုးချက်အ နက် အားလုံးနီးပါးကို ငြိမ်းချမ်း ရေးကော်မရှင်နှင့် UNFC ကိုယ် စားလှယ်အဖွဲ့တို့အကြား ညှိနှိုင်း ပြီးဖြစ်သော်လည်း အပြီးသတ် သဘောတူညီမှုမရရှိသေးပေ။

      ယင်းအခြေအနေတွင်NMSP နှင့် LDU တို့မှ ခေါင်းဆောင်များသည် ၂၀၁၈ ဇန်န၀ါရီ ၂၃ ရက်က ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးပြီးနောက် ထိုနေ့၌ပင်မကြာမီ NCA လက်မှတ်ထိုးမည်ဟု ကြေညာခဲ့သည်။

NCA လက်မှတ်ထိုးခြင်း အ ခမ်းအနား ကျင်းပသည့်နေ့တွင် ပထမဦးစွာငြိမ်းချမ်းရေးကော်မ ရှင်နှင့် NMSP၊ LDU တို့အကြား UNFC အဆိုပြုချက်ကိုးချက်ကို ဦးစွာလက်မှတ်ရေးထိုးမည်ဟုနိုင် ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန  ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးဦးစီးဌာနညွှန်ကြား ရေးမှူးချုပ်ဦးဇော်ဌေးက ပြော သည်။ ‘‘ပြီးရင် NCA ထိုးမယ်’’ ဟု ၎င်းကဆိုသည်။

၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့တို့အကြား NCA လက်မှတ်ထိုးစဉ်က အစိုးရ ဘက်က နိုင်ငံတော်သမ္မတ၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်တို့ အပါအ၀င် အစိုးရ၊ တပ်မတော်၊ လွှတ်တော် ခေါင်းဆောင်များ လက်မှတ်ထိုးခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်က ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်စသူတို့လက် မှတ်ထိုးခဲ့သည်။

‘‘အရင် NCA ထိုးတုန်းကလို ထိုးမယ်လို့မျှော်လင့်ပါတယ်’’ ဟု ယခင်အစိုးရလက်ထက်နှင့် လက် ရှိအစိုးရလက်ထက်တွင် အစိုးရ ကိုယ်စားလှယ်အဖြစ် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်၌ ပါဝင်ဆောင် ရွက်နေသူဦးလှမောင်ရွှေက ဆို သည်။

ယခု NCA လက်မှတ်ထိုးပွဲ တွင် အစိုးရ၊ တပ်မတော်၊ လွှတ် တော်အကြီးအကဲများအားလုံး လက်မှတ်ထိုးမည်ဆိုပါက နိုင်ငံ တော်သမ္မတဦးထင်ကျော်၊ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုး ၀င်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦး ၀င်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းတို့ လက် မှတ်ရေးထိုးမည်ဖြစ်သည်။

NCA လက်မှတ်ရေးထိုးပွဲသို့  NCA ထိုးထားသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှုပူးတွဲကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာပူးတွဲစောင့်ကြည့်ရေးကော်မ တီ(JMC)တို့မှ ကိုယ်စားလှယ်များ ကို ဖိတ်ကြားမည်ဟုဦးဇော်ဌေးက ပြောသည်။

ဆက်လက်၍ဦးဇော်ဌေးက ‘‘အရင်တုန်းကလုပ်ခဲ့တဲ့ MPC နဲ့ သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက်က UPWC (ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ)ရှိတယ်။ အဲဒီတုန်းက ပြည်တွင်းသက်သေ တွေရှိတယ်။ အဲဒီလူတွေဖိတ် မယ်။ သံတမန်တွေရှိတယ်။ ပြည် တွင်းပြည်ပသက်သေတွေ ရှိ တယ်။ အဲဒီလူတွေဖိတ်မယ်’’ ဟု ပြောသည်။

NCA ထိုးပြီးနောက်ပိုင်း နှစ် ပတ်လည် အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်ရောက် တိုင်း နိုင်ငံတော်အဆင့်ကျင်းပခဲ့ ရာ သမ္မတဟောင်းဦးသိန်းစိန်အား ဖိတ်ကြားသော်လည်း တက် ရောက်ခြင်းမရှိပေ။

သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင် အစိုးရနှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ညှိနှိုင်းသဘောတူညီမှုရရှိ ခဲ့သော NCA စာချုပ်ကို လက်ရှိ အစိုးရက ဆက်ခံပြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထပ်မံ ပါဝင်လက်မှတ်ထိုးနိုင်ရေးညှိနှိုင်းခဲ့ ရာ ၂ နှစ်ကျော်၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ NCA တွင် လက်မှတ်ထိုးရန်သဘောတူ ညီခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် NCA အရ ဆောင်ရွက်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် KNU၊ RCSS၊ PNLO၊ CNF၊ NMSP၊ ABSDF၊ ALP၊ DKBA၊ LDU နှင့် KNLA-PC တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အထိရှိလာမည် ဖြစ်သည်။

NCA ထိုးရန် ကျန်နေသေး သည့်အဖွဲ့များသည် ကချင်အဖွဲ့ (KIO)၊ ‘၀’အဖွဲ့ (UWSA)၊ ရှမ်း အဖွဲ့ (SSPP)၊ ကရင်နီ(ကယား) အဖွဲ့ (KNPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင် လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့ဖြစ် သည့် ANC နှင့် AA တို့ဖြစ်သည်။

source - http://www.7daydaily.com/story/119680

Share:

Tags: မွန်ပြည်သစ်ပါတီနှင့်,လားဟူအဖွဲ့တို့,ဖေဖော်ဝါရီ,၁၃,NCA,လက်မှတ်ထိုးမည်။

Author : Administrator
Comments
Leave a Comment