• +95 (0)9 425 705 270
  • info@cdes.org.mm

အစိုးရနှင့် KNPP ရန်ကုန်မြို့၌ မတ်လ ၇ ရက်တွင် တွေ့ဆုံဆွေးနွေးမည်။

အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် မတ်လ ၇ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေး မည်ဟု  တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မထိုးရသေးသည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)အထွေထွေအတွင်းရေး မှူးရွှေမျိုးသန့်က ပြောကြားသည်။
‘‘အဓိကတော့ လက်ရှိကျွန် တော်တို့က လောလောဆယ် NCA  မထိုးနိုင်သေးတော့bilateral သဘောတူညီချက်နဲ့ ဘယ်လို ဆက်သွားမလဲဆိုတာ ဆွေးနွေးဖို့ ရှိပါတယ်။ NCA ထိုးဖို့က ကျွန် တော်တို့စိတ်ကျေနပ်မှုရှိတဲ့အ တိုင်းအတာ တစ်စုံတစ်ရာရှိမှ ပေါ့’’ ဟု ရွှေမျိုးသန့်ကပြောသည်။ ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့တစ်ခုဖြစ်သော KNPP အနေ ဖြင့်ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တွင်ပါဝင်၍ NCA လက် မှတ်ထိုးနိုင်ရေးညှိနှိုင်းခဲ့သည်။

ထိုသို့ညှိနှိုင်းရာတွင် ညှိနှိုင်း မှုများ အပြီးသတ်ပြေလည်မှုမရ သေးမီ ၂၀၁၇ ဒီဇင်ဘာအတွင်း တပ်မတော်ယာဉ်တန်းကို တား ဆီးခြင်းနှင့် ပတ်သက်၍ လွိုင် ကော်မြို့နှင့် ခုနစ်မိုင်အကွာရှိ KNPP ကင်းစခန်းမှ တပ်ဖွဲ့ဝင် များသည် ဒေသကွပ်ကဲမှုစစ်ဌာန ချုပ်(လွိုင်ကော်)လက်အောက်ခံ တပ်မှ တပ်ဖွဲ့ဝင်များ၏ ဖမ်း ဆီးမှုခံရပြီး သေဆုံးခဲ့သည်။ အ ဆိုပါသေဆုံးမှုနှင့်ပတ်သက်ပြီး KNPP က ၎င်းတို့တပ်ဖွဲ့ဝင်များ ဖမ်းဆီးသတ်ဖြတ်ခံရသည်ဟု ထုတ်ပြန်ထားပြီး ဒကစ(လွိုင် ကော်)က အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား၍ KNPP တပ်ဖွဲ့ဝင်များ သေဆုံးသည်ဟု ရှင်းလင်းထား သည်။ ယင်းဖြစ်စဉ်ကို တပ်မ တော်က စုံစမ်းစစ်ဆေးရေးခုံအဖွဲ့ ဖွဲ့စည်းစစ်ဆေးနေသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ပြီး တပ်မတော်၏စုံစမ်းစစ်ဆေးမှု ရလဒ်အပေါ် စိတ်ကျေနပ်မှုရှိပါ က NCA လက်မှတ်ထိုးနိုင်ရေး နီး စပ်မည်ဟု KNPP တာဝန်ရှိသူ အချို့က ပြောကြားထားသည်။ KNPP အဖွဲ့ NCA တွင် လက်မှတ်ထိုးနိုင်ရေး သီးသန့် တွေ့ဆုံဆွေးနွေးမှုများ ဆောင် ရွက်မည်ဟု သမ္မတရုံးပြောရေးဆို ခွင့်ရှိသူဦးဇော်ဌေးကဆိုသည်။ ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP ကိုယ်စားလှယ်အဖွဲ့တို့၏ ဆွေးနွေးမှုရလဒ် တိုးတက် ကောင်းမွန်ပါက အစိုးရ၊ တပ်မ တော်ခေါင်းဆောင်များနှင့်KNPP ခေါင်းဆောင်များ တွေ့ဆုံနိုင်ရေး ဖြစ်ပေါ်လာနိုင်သည်ဟု ရွှေမျိုး သန့်ကဆိုသည်။ UNFC အဖွဲ့များအနက် KNPP နှင့် ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC)တို့သာ NCA ထိုးရန် ကျန်တော့သည်။ ANC အ ဖွဲ့နှင့် ဆွေးနွေးမှု ဆက်လက်ပြု လုပ်ရန်မရှိသေးဟု အစိုးရကိုယ် စားလှယ်များက ဆိုသည်။ UNFC အဖွဲ့ဝင် မွန်နှင့် လားဟူအဖွဲ့တို့ သည် ဖေဖော်ဝါရီ ၁၃ ရက်က NCA လက်မှတ်ထိုးခဲ့သည်။



Share:

Tags: အစိုးရနှင့်,KNPP,ရန်ကုန်မြို့၌,မတ်လ,၇,ရက်တွင်,တွေ့ဆုံဆွေးနွေးမည်။

Author : Administrator
Comments
Leave a Comment