• +95 (0)9 425 705 270
  • info@cdes.org.mm

NCA လက်မှတ်ထိုးရန် အစိုးရနှင့် KNPP ညှိနှိုင်းအစည်းအဝေး မတ်လ ၂၀ ရက် နောက်ပိုင်း သတ်မှတ်နိုင်မည်။

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးရေး ညှိနှိုင်းမည့် အစိုးရနှင့် ကရင်နီအ မျိုးသား တိုးတက်ရေးပါတီ (KNPP) တို့၏ တရားဝင်ဆွေးနွေး ပွဲရက်ကို မတ်လ ၂၀ ရက်နောက် ပိုင်းမှသာ သတ်မှတ်နိုင်မည်ဖြစ် ကြောင်း နှစ်ဖက်ကိုယ်စားလှယ် များက ပြောကြားသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် KNPP နှင့်အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ ပထမဆုံး သီးသန့်တွေ့ဆုံပြီး NCA လက်မှတ်ထိုးရေး အလွတ်သဘော ဆွေးနွေးပွဲကို မတ်လ ၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်စဉ် KNPP က တရားဝင်ဆွေးနွေးပွဲကို လွိုင် ကော်မြို့၌ ပြုလုပ်ရန် အဆိုပြုခဲ့ သည်။

မတ်လ ၇ ရက်က ပြုလုပ် သည့် အလွတ်သဘောဆွေးနွေးပွဲ တွင် အစိုးရက တရားဝင်ဆွေးနွေး ပွဲကို မတ်လ ၂၇ ရက် (တပ်မတော်နေ့)နှင့် သင်္ကြန်မတိုင်မီကြား ပြုလုပ်ရန် သဘောထားပေးခဲ့ ကြောင်း  KNPP လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ်က ဆိုသည်။

‘‘သူတို့ကတော့ NCA ထိုး လိုက်ပါ။ တချို့ကိစ္စတွေ တပ်ကိစ္စဆိုရင် JMC (ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ)မှာ ဆွေးနွေး လို့ရတယ်။ နိုင်ငံရေးကိစ္စဆိုရင် UPDJC (ပြည်ထောင်စုငြိမ်းချမ်း ရေး ဆွေးနွေးမှုပူးတွဲကော်မတီ) မှာ ဆွေးနွေးမယ်ပေါ့’’ ဟု ခူညေးရယ်က KNPP ကို အစိုးရဘက် က NCA လက်မှတ်ထိုးရန် တိုက်တွန်းမှုနှင့်ပတ်သက်၍ ပြောကြား သည်။

ပြီးခဲ့သည့် ရန်ကုန်မြို့တွင် ကျင်းပသည့် အလွတ်သဘော ဆွေးနွေးပွဲ၌ KNPP က အစိုးရ နှင့် ၎င်းတို့အဖွဲ့အကြားနှစ်ဦးနှစ် ဖက်ချုပ်ဆိုခဲ့သော ပြည်နယ်အ ဆင့်နှင့် ပြည်ထောင်စုအဆင့် သဘောတူညီချက်များကို ဆက် လက်အကောင်အထည်ဖော်ရန် UNFC နှင့် ငြိမ်းချမ်းရေးကော်မရှင် တို့အကြား ညှိနှိုင်းခဲ့သည့် နိုင်ငံ ရေးနှင့် စစ်ရေးဆိုင်ရာနှင့်ပတ် သက်သော UNFC အဆိုပြုချက် ရှစ်ချက်အနက် ပြေလည်မှုမရှိ သေးသည့် အချက်များစသည်တို့ အဆိုပြုထားသည်။

KNPP ဘက်က အဆိုပြု ထားသည့် အချက်များ တရားဝင် ဆွေးနွေးပွဲတွင် ပြေလည်မှုရပါ က NCA လက်မှတ်ထိုးမည်ဟု KNPP တာဝန်ရှိသူတို့က ဆိုသည်။
-
sourse - http://www.7daydaily.com/story/122885

Share:

Tags: NCA,လက်မှတ်ထိုးရန်,အစိုးရနှင့်,KNPP,ညှိနှိုင်းအစည်းအဝေး,မတ်လ,၂၀,ရက်,နောက်ပိုင်း,သတ်မှတ်နိုင်မည်။

Author : Administrator
Comments
Leave a Comment