• +95 (0)9 425 705 270
  • info@cdes.org.mm

အစိုးရနှင့် KNPP တို့ NCA လက်မှတ်ထိုးရေး သင်္ကြန်အပြီး တရားဝင်ဆွေးနွေးမည်။

အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေး တရားဝင် ဆွေးနွေးညှိနှိုင်းမှုကို သင်္ကြန်အပြီး ဧပြီ ၂၃ ရက်ဝန်း ကျင်တွင် ကယားပြည်နယ် လွိုင် ကော်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်းနှစ်ဖက် ကိုယ်စားလှယ်များက ပြောသည်။

အစိုးရနှင့် KNPP သည် မတ်လ ၇ ရက်တွင် ရန်ကုန်မြို့၌ အလွတ်သဘော တွေ့ဆုံခဲ့ပြီး တရားဝင်ဆွေးနွေးပွဲပြုလုပ်နိုင် ရေးနှစ်ဖက်ကိုယ်စားလှယ်များသည် ဧပြီ ၆ ရက်တွင် လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံညှိနှိုင်းပြီး တရားဝင်ဆွေးနွေးပွဲရက်သတ်မှတ်ခဲ့သည်။

‘‘သင်္ကြန်အပြီး ဧပြီ ၂၀ ကျော်ဝန်းကျင်မှာ တရားဝင်ဆွေးနွေးပွဲ လုပ်မယ်။ အဲဒါကို ဒီနေ့ညှိတယ်။ ဆွေးနွေးမယ့် ခေါင်းစဉ်တွေ ညှိ တာပေါ့’’ဟု နိုင်ငံတော်အတိုင်ပင် ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေးက ဧပြီ ၆ ရက်တွင် ပြောကြားသည်။

KNPP လွိုင်ကော်ဆက်ဆံ ရေးရုံးတာဝန်ခံ ခူညေးရယ်က အစိုးရနှင့် KNPP တရားဝင် ဆွေးနွေးပွဲကို ဧပြီ ၂၃ ရက်မှ ၂၅ ရက်အတွင်း ပြုလုပ်ရန် သဘော တူညီခဲ့သည်ဟု ဆိုသည်။ KNPP အဖွဲ့ NCA လက်မှတ်ထိုးနိုင်ရေး လာမည့်တရားဝင်ဆွေးနွေးပွဲတွင် အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းမည်ဟု ခူညေးရယ်က ဆိုသည်။ ‘‘ကျွန်တော်တို့ကလည်း ငြိမ်းချမ်းရေးလိုချင်လို့ အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းကြမယ်လေ’’ဟု ၎င်းက ပြောသည်။ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် KNPP အနေဖြင့်ယခင်က NCA လက်မှတ်ထိုးရေး ကိစ္စကို UNFC မှတစ်ဆင့် ညှိနှိုင်း  ခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ တွင် UNFC အဖွဲ့ဝင် မွန်ပြည်သစ် ပါတီ (NMSP) နှင့် လားဟူဒီမိုက ရက်တစ်အစည်းအရုံး (LDU) တို့ NCA လက်မှတ်ထိုးပြီးနောက် KNPP သည် အစိုးရနှင့် သီးသန့် ဆွေးနွေးမှုကို စတင်ခဲ့သည်။

မတ်လ ၇ ရက် အလွတ်သ ဘောတွေ့ဆုံမှုတွင် NCA ထိုးပြီး နောက် နိုင်ငံရေးတွေ့ဆုံဆွေးနွေး ရေး ဆက်လက်ဆောင်ရွက်မည့် ကိစ္စနှင့် တပ်ပိုင်းဆိုင်ရာများညှိ နှိုင်းမည့်ကိစ္စတို့ ဆွေးနွေးခဲ့သည်။ ထို့အပြင် ကယားပြည်နယ်ဖွံ့ဖြိုး ရေးပူးပေါင်းဆောင်ရွက်ရန်နှင့် အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေး ယန္တရားတွင် နိုင်ငံတကာ၏ ပါဝင်မှုကိစ္စစသည်တို့ ဆွေးနွေးခဲ့ ကြောင်း KNPP က ဆိုသည်။

အစိုးရနှင့် KNPP သည် ၂၀၁၂ တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အ ခတ်ရပ်စဲရေး ဆောင်ရွက်ခဲ့ သည်။

source - http://www.7daydaily.com/story/124299


Share:

Tags: အစိုးရနှင့်,KNPP,တို့,NCA,လက်မှတ်ထိုးရေး,သင်္ကြန်အပြီး,တရားဝင်ဆွေးနွေးမည်။

Author : Administrator
Comments
Leave a Comment