• +95 (0)9 425 705 270
  • info@cdes.org.mm

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌ ဆွေးနွေးပွဲ အချက်တစ်ချက် သဘောတူညီမှုရ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတို့၏ ယမန် နေ့ဆွေးနွေးပွဲတွင် တပ်မတော်ကဆောင်ရွက်နေသည့် ခေးပူ-လယ်မူပလော လမ်း ကြောင်း ပြုပြင်ဆောင်ရွက်နေမှုကို ယာယီရပ်ဆိုင်းရန် သဘောတူညီခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

‘‘အဓိကကတော့ အပစ်အ ခတ်ရပ်စဲရေးခိုင်မာမှုနဲ့ ယုံကြည် မှုတည်ဆောက်ရေးကို အခြေခံပြီး ကျွန်တော်တို့ ဆွေးနွေးကြတာ။ ဆွေးနွေးတော့ နောက်ဆုံးကျ တော့ တပ်ချုပ်ကြီးကလည်း ကျွန် တော်တို့ဘက်က စိုးရိမ်မှုတွေနဲ့ ပြည်သူလူထုတွေရဲ့ စိုးရိမ်မှုတွေ အခြေခံပြီး အိုးပစ်အိမ်ပစ်ဖြစ်ရတဲ့ အပေါ် မူတည်ပြီး လမ်းဖောက် လုပ်မှုကို ရပ်ဆိုင်းထားမယ်ပေါ့ နော်’’ ဟု ရန်ကုန်တိုင်းစစ်ဌာန ချုပ်တွင် မေလ ၁၇ ရက်က ပြု လုပ်သော တွေ့ဆုံမှု၌ ပါဝင်သည့် KNU အထွေထွေအတွင်းရေးမှူး ချုပ် ပဟိုစောတာဒိုမူးက ပြော သည်။

အဆိုပါတွေ့ဆုံမှုနှင့်ပတ် သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင် ရွက်ရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြပြီး KNU က စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ခေးပူ-လယ်မူပလောလမ်း ကြောင်း ပြုပြင်ဆောင်ရွက်နေမှု ကို တပ်မတော်ကနားလည်မှုရှိစွာ ဖြင့် ယာယီရပ်ဆိုင်းပေးထားမည် ဖြစ်ပြီး အဆိုပါဒေသတွင် နေထိုင် ကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် အေးချမ်းစွာနေထိုင်လုပ်ကိုင်နိုင်ပြီး လွတ်လပ် စွာ သွားလာလှုပ်ရှားနိုင်ကြောင်း ဆွေးနွေးသဘောတူညီမှုရရှိခဲ့ သည်ဟု သတင်းထုတ်ပြန်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်တွေ့ဆုံသည့် KNU ကိုယ်စားလှယ်အဖွဲ့တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစော ဂျော်နီအပါအဝင် KNU အဖွဲ့၏ နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင် များ အစုံအလင်ပါဝင်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ပါ အချက်များအရ နှစ်ဖက်တပ်ပိုင်း ဆိုင်ရာများ ပုံမှန်တွေ့ရမည့်ကိစ္စ များလည်း ဆက်လက်ပြုလုပ်ရန် ရှိသည်ဟု ပဒိုစောတာဒိုမူးက ပြောသည်။

တပ်မတော်နှင့် KNU လက် အောက်ခံ KNLA တပ်မဟာ(၅) တို့သည် ယခုနှစ်မတ်လ ပထမ ပတ်က စ၍ ကရင်ပြည်နယ် ဖာပွန် ခရိုင် လယ်မူပလောဒေသတွင် တပ်မတော်၏လမ်းဖောက်လုပ် လုပ်ငန်း ဆောင်ရွက်မှုနှင့်  ပတ်သက်၍ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ သည်။  တိုက်ပွဲကြောင့် နှစ်ဖက် တပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရ ရှိခဲ့သည့်အပြင် ယင်းဒေသတွင် နေထိုင်သည့် အရပ်သားနှစ် ထောင်ကျော် ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ခေါင်း ဆောင်များ တွေ့ဆုံရန် စီစဉ်ခဲ့ သော်လည်း တွေ့ဆုံနိုင်ခြင်းမရှိ ဘဲ ယင်းဒေသတွင် မေလဆန်းက စ၍ တိုက်ပွဲများ နေ့စဉ် ပြန်လည် ဖြစ်ပွားခဲ့သည်ဟု KNU က ဆို သည်။ ဖာပွန်ဒေသဖြစ်စဉ်နှင့်ပတ် သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က မေလ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထား ရာ ဖာပွန်မြို့နယ်အတွင်းရှိ ၁၅ မိုင်အရှည် ယခင်လမ်းကြောင်း ဟောင်းကို ပြန်လည်ပြုပြင်မွမ်းမံ ရန် ဆောင်ရွက်ရာ KNLA တပ်ဖွဲ့ များ၏နှောင့်ယှက်ပစ်ခတ်မှု ၅၃ ကြိမ်၊ မိုင်းဖော်ထုတ်ရရှိမှု ၂၀ ကြိမ်(မိုင်း ၄၂ လုံး)နှင့် မိုင်းနင်းမှု ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သည်လေး ဦးကျဆုံးကာ ၂၉ ဦးဒဏ်ရာရရှိ ကြောင်း ဖော်ပြခဲ့သည်။ ယင်းကဲ့ သို့ စစ်သည်များ ကျဆုံး၊ ဒဏ်ရာ  ရရှိခဲ့သော်လည်း ယနေ့အချိန်အ ထိ စစ်ဆင်ရေးတစ်ရပ်သဖွယ် တုံ့ ပြန်တိုက်ခိုက်ခဲ့ခြင်းမရှိဟု တပ်မ တော်က ထုတ်ပြန်သည်။

Soruce - 7 Day News

Share:

Tags: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်,KNU,ဥက္ကဋ္ဌ,ဆွေးနွေးပွဲ,အချက်တစ်ချက်,သဘောတူညီမှုရ။

Author : Administrator
Comments
Leave a Comment