• +95 (0)9 425 705 270
  • info@cdes.org.mm

၂၁-ပင်လုံအစည်းအဝေးကျင်းပနိုင်ခြင်းထက် အစည်းအဝေးမှ ရလဒ်ကောင်းများ ရရှိရန် လိုအပ်သည်ဟု KNU ဥက္ကဌ ပြောကြား။

တစ်နှစ်ကျော်ကြာသည့်အချိန်အထိ ပြုလုပ်နိုင်ခြင်းမရှိသေးသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို ကျင်းပနိုင်သည်ဆိုခြင်းထက် အဆိုပါအစည်းအဝေးမှ ရလဒ်ကောင်များရရှိရန် လိုအပ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) 
ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

ယနေ့  ( ဇွန်လ ၁၁ ) က ထိုင်းနိုင်ငံ၊ချင်းမိုင်းမြို့တွင် ပြုလုပ်နေသောNCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး၌ အဖွင့် အမှာစကားပြောကြားရာတွင် ၄င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

`NCA ကို အကောင်အထည်ဖေါ်တဲ့နေရာမှာ အထင်အရှားဆုံးက
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ အစည်းအဝေးဖြစ်တယ်ဆိုသော်ငြားလည်း ဒီအစည်းဝေးက ပွဲဖြစ်သွားရုံ ပြုလုပ်တယ်ဆိုတာ
ထက် အဲဒီပွဲကနေ ရလဒ်ကောင်းတွေ ရရှိရမယ်ဆိုတဲ့ မျှော်မှန်းချက်ထားရမှာဖြစ်ပါတယ်။ အဲဒီမျှော်မှန်းချက်အတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်မှုတွေလည်း ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ အနှစ်သာရရှိတဲ့ ရလဒ်
ရဖို့အတွက်ဆိုရင် Public Consultation အဆင့်ဆင့်တွေကနေ National Dialogue အထိရရှိလာတဲ့စုစည်းချက်တွေကို ယူဆောင်လာရမှာဖြစ်ပြီး UPDJC နဲ့ UPDJC ရဲ့လုပ်ငန်းကော်မတီ အစည်းအဝေးတွေမှာ အကြေအလည်ညှိနှိုင်းဆွေးနွးကျော်ဖြတ်ဖို့လိုပါတယ်` ဟုဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲမှရှမ်းပြည်ပြန်လည်ထူထောင်ရေးကာင်စီ (RCSS) နှင့်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ သည် အမျိုးသားအဆင့်နိုင်ငံရေးဆွေး
နွေးပွဲများကို ကျင်းပနိုင်ခြင်းမရှိသေးပေ။ ထို့သို့အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ခြင်းမရှိသေးသော အဖွဲ့များနှင့် ပတ်သက်၍လည်း " အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ဖို့ အခက်အခဲရှိတဲ့အဖွဲ့ အစည်းများအနေနဲ့လည်း အမှန်တကယ်ညီလာခံကျင်းပရေးဟာ ယုံကြည်မှုတည်ဆောက်ရေးအတွက် ဘယ်လောက်အထိအထောက်အကူဖြစ်တယ်ဆိုတာနဲ့ ချိန်ထိုးပြီး အကောင်းဆုံး ဘယ်လိုကျော်လွှားမလဲဆိုတာ
ဝိုင်းဝန်းအဖြေရှာဖို့လိုပါတယ် " ဟု KNU ဥက္ကဋ္ဌကပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံတတိယအကြိမ်အစည်းအဝေးကို ဇွန်လကုန်ပိုင်းတွင် ကျင်းပရန်လျာထားပြီး တပ်မတော်မှ တောင်းဆိုထားသည့်နိုင်ငံတော်၏ အစိတ်အပိုင်းဟူသမျှတို့သည် ပြည်ထောင်စုမှခွဲထွက်ခြင်းမရှိစေရဆိုသည့်အချက်ကို ဆွေးနွေးမည်မဟုတ်ဘဲ
ချန်လှပ်ထားကာ ကျန်အရေးကြီးသော အကြောင်းအရာများကိုသာ ဆွေးနွေးမည်ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး(CNF) ဒုဥက္ကဋ္ဌဒေါက်တာ ဆလိုင်းလျန်မှုန်းက သတင်းမီဒီယာများကိုပြောကြားထားသည်။

၂၀၁၇ မေလနောက်ဆုံးပတ်တွင်ပြုလုပ်ခဲ့သည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ ဒုတိယ အကြိမ်အစည်းအဝေးတွင် အချက်ပေါင်း ၃၇ချက်ကို ပြည်ထောင်စုစာချုပ်၏အစိတ်အပိုင်းတစ်ခုအဖြစ် စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

အောင်ရဲနောင်
The Ladies News

Share:

Tags: ၂၁-ပင်လုံအစည်းအဝေးကျင်းပနိုင်ခြင်းထက်,အစည်းအဝေးမှ,ရလဒ်ကောင်းများ,ရရှိရန်,လိုအပ်သည်ဟု,KNU,ဥက္ကဌ,ပြောကြား။

Author : Administrator
Comments
Leave a Comment