• +95 (0)9 425 705 270
  • info@cdes.org.mm

(၁၆) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေး ကျင်းပပြုလုပ်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ ၊နိုင်ငံရေးပါတီအစုအဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ခေါင်းဆောင်များ တက်ရောက်ဆွေနွေးကြသည့် (၁၆) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ယနေ့ ၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန နေပြည်တော်၌ ကျင်းပပါသည်။
မကြာခင်ကျင်းပပြုလုပ်တော့မည့် တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ပင်လုံ တွင် ဆွေးနွေးမည့် အကြောင်းအရာများ နှင့်ပတ်သတ်ပြီး ယနေ့ပြုလုပ်သည့် (၁၆)ကြိမ်မြောက် UPDJC အစည်းအဝေးတွင် အစုအဖွဲ့အသီးသီးတို့မှ သဘောထားစုစည်းချက်များ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် စာတမ်းများ တင်ပြဆွေးနွေးကြပါသည်။ UPDJC သို့တင်သွင်းနိုင်ရင် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့၏ သဘောထားစုစည်းချက်များ နှင့် ဆွေးနွေးချက်များကို ပြုလုပ်ပြီးစီးခဲ့သည့် UPDJC လုပ်ငန်းကော်မတီ အစည်းအဝေးများနှင့် EAO UPDJC အစည်းဝေးမှ စုစည်းရရှိလာခြင်းဖြစ်သည်။

Share:

Tags: (၁၆),ကြိမ်မြောက်,ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ,UPDJC,အစည်းအဝေး,ကျင်းပပြုလုပ်။

Author : Administrator
Comments
Leave a Comment