• +95 (0)9 425 705 270
  • info@cdes.org.mm

၂၁ ရာစု ပင်လုံတတိယအကြိမ်တွင် ရရှိလာသည့် အချက်အလက်များသည် ငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်ရန် မလုံလောက်ဟုဆို။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁-ရာစုပင်လုံတတိယအကြိမ်အစည်းအဝေးတွင်ရရှိလာသော အချက်အလက်များသည် ငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်ရန်လုံလောက်မှုမရှိကြောင်း NCA တွင် လက်မှတ်ရေးထိုးထားသည့် ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဌဒေါက်တာဆလိုင်းလျန်မှုန်းကပြောကြားသည်။

ယနေ့ (ဇူလိုင်လ ၁၅) ရက်နေ့ နေလယ်ပိုင်းတွင် စတင်ပြုလုပ်သော ၂၁-ရာစုပင်လုံ တတိယကြိမ်၏ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးသို့တက်ရောက်ရန်ရောက်ရှိလာစဉ် ၎င်း က သတင်းမီဒီများ၏ မေးမြန်းမှုကိုပြန်လည်ဖြေကြားတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတွင်လည်း လူအများစုကအားရကျေနပ်ခြင်းမရှိကြောင်း သို့သော် အချက်အလက်အားဖြင့်အချက်ပေါင်း ၃၇ချက်ကို ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်အဖြစ် ချုပ်ဆိုနိုင်ခဲ့သည်ဟု ဆိုသည်။

`ဒီပင်လုံနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့လည်း တစ်ကယ်ပဲဝန်ခံရရင် အားမလိုအားမရဖြစ်မိတာ အမှန်ပါပဲ။ဘာဖြစ်လို့လည်းဆိုတော့ကျွန်တ်ာတို့တစ်နှစ် လောက်ကြာမှကျင်းပတဲ့ ဒီညီလာခံကြီးမှာ ရလာမယ့် ရလဒ်က အားရကျေနပ်ဖွယ်မရှိဘူး။ ပြီးခဲ့တဲ့ညီလာခံမှာ လူတော်တော်များများက အားရကျေနပ်မှုမရှိဘူး။ ဒါပေမယ့်အချက်အလက်အားဖြင့် ၃၇ချက် ရနိုင်သေးတယ်` ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

ညီလာခံတွင် ဆွေးနွေးနေသော အချက်ပေါင်း ၁၄ချက်အခြေခံပြီး ပြုလုပ်မည်ဆိုပါက ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် အားကျေးနပ်ဖွယ်မကောင်းသေးကြောင်းရိုးသားစွာဝန်ခံလိုသည်ဟုလည်း ဆိုသည်။

`အခုရလာတဲ့ အချက်အလက်တွေဟာ ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံချက်ပေးနိင်တဲ့ အချက်အလက်တွေ အလုံအလောက်မရှိသေးဘူးဆိုတာ ကျွန်တော်ဝန်ခံချင်ပါတယ်။ ထိုနည်းလည်းကောင်း ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေက နှစ်ပေါင်း ၇၀ တော်လှန်ရေးလုပ်ပြီးတော့ တောင်းဆိုတဲ့တောင်းဆိုချက်တွေလည်း အလုံအလောက်မရှိသေးဘူးဆိုတာ ကျွန်တော်ဝန်ခံချင်ပါတယ်` ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။

သို့သော်လည်း ပြည်သူလူထုကို မေတ္တာရပ်ခံချင်သည်မှာ ငြိမ်ချမ်းရေးဖြစ်စဉ်သည် တစ်ပွဲစားမဟုတ်ကြောင်း 
ဖြစ်စဉ်အလိုက်သွားနေခြင်းဖြစ်ကြောင်း ယင်းအတွက် ကြောင့် ယခုညီလာခံတွင် အချက်အလက် အလုံအလောက်မရသော်လည်း ညီလာခံဖွင့်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၉ မတိုင်ခင်တွင် ညီလာခံသုံး
ကြိမ်ကျင်းပမည်ဟုပြောထားကြောင်း ထိုအတူပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ၂၀၂၀တွင်ငြိမ်းချမ်းရေးဖြစ်စဉ်အား အပြီးအစီးဆောင်ရွက်မည်ဟု ပြောဆိုထားသည့်အတွက်ကြောင့် အဆိုပါကာလအတွင်း၌ လိုချင်သည်များကို ရရှိအောင် ဆောင်ရွက်နိုင်မည်ဟု 
မျှော်လင့်ကြောင်း ၄င်းက ပြောကြားသည်။

`ဘာဖြစ်လို့မျှော်လင့်သလည်းဆိုတော့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း
ကနေပြီးတော့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက်အခြေခံ ရမယ့်မူအများစုကိုသော်လည်းကောင်းအဓိကအရေးကြီးတဲ့မူအားလုံးကိုအဲလိုပြောလို့ရတယ်။ ကျွန်တော်
တို့တင်ပြပြီးပြီ။ အနှစ် ၇၀ကြာပြီဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် လိုအပ်တဲ့အခြေခံမူအားလုံးကိုကျွန်တော်တို့တင်ပြပြီးပြီ။နှစ်ပေါင်း ၇၀ကြာပြီးဖြစ်တဲ့ ပြည်တွင်းစစ်ကာလမှာ ကျွန်တော်တို့တောင်းဆိုတဲ့တောင်းဆိုချက်က ဒီမိုကရေစီရေး၊အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အ၀အာမခံချက်ရှိသောပြည်ထောင်စုတည် ဆောက်ရေးဖြစ်ပါတယ်။ အဲဒါကို NCAမှာလည်းပါပြီးသားဖြစ်တယ်။ ဆိုတော့ ဒါတွေကို အားလုံးကနေ ကြိုးစားပမ်းစားနဲ့ဆောင်ရွက်ပေးမယ်ဆိုရင် အမှန်စင်စစ်က တစ်ပွဲနဲ့တောင်ပြီးနိုင်တဲ့ ကိစ္စဖြစ်ပါတယ်`ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး၌ နိုင်ငံရေးကဏ္ဍ၊လူမှုရေး ကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍတွင် ကဏ္ဍအလိုက် သဘောတူညီမှုရရှိထားသော အချက်ပေါင်း ၁၄ချက်အားပြည်ထောင်စုသဘာတူစာချုပ်ဒုတိယအစိတ်အပိုင်း အဖြစ် ဆက်လက်တင်သွင်းနိုင်ရန် ညှိနှိုင်းဆွေးနွေးနေ
ခြင်းဖြစ်သည်။


အောင်ရဲနောင်
The Ladies News

Share:

Tags: ၂၁,ရာစု,ပင်လုံတတိယအကြိမ်တွင်,ရရှိလာသည့်,အချက်အလက်များသည်,ငြိမ်းချမ်းရေးကို,အာမခံချက်ပေးနိုင်ရန်,မလုံလောက်ဟုဆို။

Author : Administrator
Comments
Leave a Comment